မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 september 2011

ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူးပါသည့်ဂျာနယ်အရေးယူခံရ

ဧရာဝတီ Wednesday, 07 September 2011 16:44
.စာပေစိစစ်ရေးကဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် အင်တာဗျူးကို အချပ်ပို မျက်နှာဖုံးတွင် ဖော်ပြခဲ့သော Messengerသတင်းဂျာနယ်အားနောက်ဆက်တွဲအပိုစာမျက်နှာတင်ပြခွင့်ပိတ်ပင်လိုက်ပြီး ပြည်တွင်းသတင်း ဂျာနယ်များအားလုံးတွင်ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူးဖော်ပြခွင့်ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
                                                                             ပြည်သူ့ခေတ်ဂျာနယ်
Messengerသတင်းဂျာနယ်သည်စက်တင်ဘာလ ၄ရက်နေ့က ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကိုစိစစ်ဖြတ်တောက်ခံရပြီးဖော်ပြခွင့်ရရှိခဲ့သော်လည်းဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို စာပေစိစစ်ရေးကခွင့်ပြုသည်ထက်ပိုမိုပုံကြီးချဲ့ဖော်ပြခဲ့သောကြောင့်စာပေစိစစ်ရေးက၎င်းဂျာနယ်ကို အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကိုပုံကြီးချဲ့တာရယ်၊အချပ်ပိုမျက်နှာဖုံးအဖြစ်လုပ်တယ်ဆိုတဲ့ပြစ်ချက်ရယ်၊ အရင်ကမလိုက်နာခဲ့တဲ့ပြစ်ချက်ဟောင်းတွေရယ်ကိုပြန်ဖော်ပြီးဂျာနယ်နောက်ဆက်တွဲ တင်ပြခွင့်ပိတ်လိုက်တာ။နောက်ဆက်တွဲတင်ခွင့်မရတဲ့အတွက်နောက်ဆုံးသတင်းတွေ မတင်နိုင်တော့ဘူး” ဟု Messenger ဂျာနယ်မှ သတင်းထောက်တဦးက ပြောသည်။
Messengerဂျာနယ်သည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဟောင်းဦးတင်အေး ၏သား ဦးဇော်မင်းအေး ထုတ်ဝေနေသော အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သည်။
သြဂုတ်လအတွင်းကလည်းဒေါ်အောင်ဆန်းစုကြည်၏ပဲခူးခရီးစဉ်နှင့်ဓာတ်ပုံသတင်းများကို စာပေစိစစ်ရေး၏ခွင့်ပြုချက်မရှိဘဲဖော်ပြခဲ့သည့်HotNewsဂျာနယ်နှင့်Envoyဂျာနယ်တို့ကို စာပေစိစစ်ရေးက နောက်ဆက်တွဲတင်ပြခွင့် ပိတ်ပင် အရေးယူခဲ့သည်။
Messenger ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါရှိပြီးနောက် ရက်ပိုင်းအတွင်း ပြည်သူ့ခေတ် ဂျာနယ်တွင်ဒေါ်အောင်ဆန်းစုကြည်ရေးသားသည့်ခရီးသွားဆောင်းပါးဖော်ပြခဲ့သည်။သို့ရာတွင် ပြည်သူ့ခေတ်ဂျာနယ်ကကြိုတင်ကြော်ငြာထားသည့်အတိုင်းဒေါ်အောင်ဆန်းစုကြည်နှင့်သားဖြစ်သူ ကိုထိန်လင်းအနားယူနေပုံကိုမျက်နှာပြည့်မဖော်ပြတော့ဘဲစာပေစိစစ်ရေးကသတ်မှတ်သည့် ပုံသေးဖြင့်သာ ဖော်ပြခဲ့သည်။
ယခုအခါတွင် စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို ဖော်ပြရန် ကြိုးစားသည့် သတင်းဂျာနယ် အားလုံးကို ခွင့်မပြုတော့ကြောင်း ကြားသိရသည်။
“ဒေါ်အောင်ဆန်းစုကြည်လွတ်တဲ့အချိန်မှာဂျာနယ်တွေအားလုံးကအင်တာဗျူးရတယ်။Messenger ဂျာနယ်မှာအင်တာဗျူးပါတော့ကျန်တဲ့ဂျာနယ်တွေလည်းရမယ်ထင်ပြီးစိစစ်ရေးတင်ကြတယ်။ဒါပေမယ့် ဂျာနယ်တွေအားလုံးဖော်ပြခွင့်မရတော့ဘူး”ဟုစာပေစိစစ်ရေးထံဂျာနယ်မူကြမ်းတင်ပြရန် သွားရောက်ရသည့် ထုတ်လုပ်ရေး တာဝန်ခံတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အင်တာဗျူးပါရှိသည့်Messengerဂျာနယ်မှာ ရောင်းအား ထိုးတက်ခဲ့ပြီး ၎င်းကိုယ်တိုင် ရေးသားသည့်ဆောင်းပါးပါရှိသောပြည်သူ့ခေတ် ဂျာနယ်သည်လည်း ကြိုတင်မှာယူမှု များစွာ ရရှိခဲ့သည်။
ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါး ပြည်တွင်း သတင်းဂျာနယ် ၂ စောင်တွင် ရှေ့ဆင့်နောက်ဆင့် ဖော်ပြခွင့် ရခဲ့သည့်အတွက် မြန်မာစာပေလောကသား အများစုက စာပေစိစစ်ရေးနှင့် လက်ရှိအစိုးရအပေါ် အကောင်းမြင် ခဲ့ကြသည်။
သို့ရာတွင်ဒေါ်အောင်ဆန်းစုကြည်ကိုထာဝရငြိမ်းချမ်းရေးအမြဲတမ်းကော်မတီတွင်ထည့်သွင်းရန် အရေးကိစ္စ အပါအ၀င် နိုင်ငံရေး နှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏သတင်းများကို ဂျာနယ်များ အားလုံးတွင် စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

Geen opmerkingen: