မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 april 2010

ဦးကျော်မြင့်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဧပြီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၇ မိနစ် .

ဦးကျော်မြင့်
(အထွေထွေ အတွင်းရေးမှူး၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး)

အမည် ဦးကျော်မြင့်
အဘ ဦးဟုတ်စိန်
အမ ဒေါ်သန်းရင်
မွေးရပ် ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း။
မွေးသက္ကရာဇ် ၂၉ ၊ ၈ ၊ ၁၉၆ဝ
မွေးချင်း မောင်နှမ ၇ ဦးအနက် အကြီးဆုံး၊ မခင်ဌေးဝင်း၊ ကိုစန်းလွင်၊ ဒေါ်စန်းစန်ဝင်း၊ ဒေါ်အေးအေးဝင်း၊ ကိုအောင်လှိုင်မြင့်
နေရပ်လိပ်စာ မြို့ဦးရပ်ကွက်၊ တောင်တွင်းကြီးမြို့။
အမျိုးသမီး အမည် ဒေါ်မြင့်မြင့်မိုရ်
သားသမီး သမီး ၃ ဦး
လက်ရှိအဖွဲ့ အမည် မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး
ရာထူး အထွေထွေ အတွင်းရေးမှူး
ပညာအရည်အချင်း ၁၉၈၁ ခုနှစ်တွင် ရန်ကုန်မြို့တွင် ၁ဝ တန်းအောင်မြင်ခဲ့၊ BA (Economics) ဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် ရရှိခဲ့။
ပါဝင်ခဲ့သည့် အဖွဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအဖွဲ့ - အတွင်းရေးမှူး (၁၉၈၈)
ရွေးကောက်ခံမည့် ဒေသ ၊ အရွေးခံမည့်နယ်မြေ တောင်တွင်းကြီးမြို့၊ မကွေးတိုင်း။

ရွေကောက်ပွဲ ဝင်ရောက်မည့် ကြွေးကြော်သံ

‘‘အခြေခံလူ့အခွင့်အရေးရဖို့ကိစ္စရယ်၊အမျိုးသားညီညွတ်ရေးရဖို့ကိစ္စရယ်၊ကျနော်တို့ကလွှတ်တော်ထဲမှာပဲ စကားပြောကြမယ်လို့ရည်ရွယ်တယ်။ကျနော်တို့ကရွေးကောက်ပွဲတော့ဝင်မှာပဲ၊ဒီအတိုင်းတော့ လက်လွှတ်မခံနိုင်ဘူး၊လက်လွှက်လိုက်ရင်ဒီအခွင့်အရေးကဘယ်အချိန်ပြန်ပေါ်လာမယ်ဆိုတာစဉ်းစားလို့ မရတော့ဘူး”

စစ်အစိုးအပေါ် အမြင်သဘောထား

“နအဖအပေါ်တော့သိပ်ပြောစရာမရှိဘူး။အခုမှပြောခါစဆိုတော့အတိအကျမသိရသေးဘူး။အခုက မွေးခါစကလေးလိုခေါင်းပဲထွက်သေးတယ်။ အကုန်ထွက်လာမှအထီးလား၊အမလားသိရမယ်။တချိန်ကျရင် နအဖကရှိတော့မှာမဟုတ်ဘူးလေ။ရေရှည်ရှိတော့မှာမဟုတ်ပါဘူး။သူ့ကိုပဲနိုင်ငံရေးသမားတွေချိန်ပြီး နိုင်ငံရေးသမားတွေပျောက်ပျောက်နေတော့ကြောက်စရာကြီးပါ၊နိုင်ငံရေးသမားတွေအမြဲရှိနေရမယ်။ တကယ်အာဏာလွှဲမလားဆိုတာသူ့ကိုစောင့်နေရမှာပဲ။ချပေးမယ့်ဟာကိုစောင့်ကြည့်မယ်၊မြည်းကြည့်မယ်။ ချိုလား၊ခါးလားပေါ့။အဲဒီကျမှကျနော်တို့ပြောလို့ရမယ်။အဲဒီကျမှပြောတဲ့အတိုင်းမဟုတ်လာဘူးဆိုရင် ကျနော်တို့ကပြတ်ပြတ်သားသားပြောရမှာလေ။ကျနော်တို့အခုအဆုံးစွန်ဆုံးနားလည်မှုပေးထားတယ်။ ဒါဟာ နောက်ဆုံးပဲ”

အမတ်အဖြစ် အရွေးခံခဲ့ရလျှင် ပြည်သူ့အတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

“ပြည်သူတို့တောင်ဆိုနေတဲ့အခွင့်အရေးကိုအခြေခံအဖွဲ့အစည်းတွေဖွဲ့ပေးမယ်။တောင်သူလယ်သမား အဖွဲ့အစည်းတို့၊အလုပ်သမားအဖွဲ့အစည်းတို့ဖွဲ့ပေးမယ်၊ခေါင်းဆောင်တွေထားပေးမယ်။အခြေခံ ညီညွတ်အောင်သူတို့လိုအပ်ချက်တွေတောင်းဆိုတာကိုလုပ်နိုင်မယ်။ကျနော်တို့နိုင်ငံရေးပါတီအနေနဲ့ လမ်းကြောင်းပေးမယ်၊ကျနော်တို့ကူညီပေးမယ်။ဒါပဲ။စိုက်ပျိုးရေးတို့ကုန်သွယ်ရေးတို့ ဒါတွေက ထုတ်လုပ်ရေးထဲမှာအသေးစိတ်ရေးမယ်၊အကုန်လုံးအစီအစဉ်ရှိပါတယ်၊ဒီမိုကရေစီကျကျပါပဲ။ လူထုမကြိုက်ရင်ဘာမှလုပ်မရတဲ့အခြေအနေရောက်အောင်လုပ်မယ်၊လူထုကကျနော်တို့ကိုရွေးချယ်ရင် ဆောင်ရွက်ခွင့်ရအောင်လုပ်မယ်၊မရွေးချယ်ရင်လူထုရွေးချယ်တာကိုဘေးကနေကျနော်တို့ အားပေးမယ်”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား

“၁၉၈၈စီးပွားရေးဥပဒေထွက်လာကတည်းကတွက်ထားပြီးသားပါ။အကုန်လုံးကိုလက်ဝါးကြီးအုပ်မယ်ဆိုတာ မြင်ထားပြီးသားပါ၊။အခုမှလုပ်တာကိုပြောတာမဟုတ်ဘူး၊ဟိုအရင်ကတည်းကကြိုမြင်ပြီးသားပါ၊ နဂိုကတည်းကသူတို့အစီအစဉ် ရှိတယ်။ အလုပ်သမားတွေအပေါ်နဲ့ ပြည်သူတွေအပေါ် ထိန်းချုပ်မယ်၊ ဒါကို ကျနော်တို့က လက်လွှတ်ပေးလိုက်လို့ မဖြစ်ဘူး”

နှစ်သက်သည့် စီးပွားရေးမူဝါဒ

“စီးပွားရေးကတော့ဈေးကွက်စနစ်ပေါ့။ပြည်သူပိုင်လည်းရှိရမယ်။အစိုးရပိုင်လည်းရှိရမယ်။ နိုင်ငံခြားသားပိုင်လည်းရှိရမယ်။နိုင်ငံခြားသားနဲ့ပုဂ္ဂလိကပိုင်လည်းရှိရမယ်။mix economic ပေါ့”

ဒီမိုကရေစီနိုင်ငံ တည်ဆောက်သည့် ကာလတွင် ဖြေရှင်းသင့်သည့် အရာများ

“ကျနော်တို့နိုင်ငံဟာလူမျိုးပေါင်းမြောက်မြားစွာနဲ့တည်ဆောက်ထားတာဆိုတော့တိုင်းရင်းသား ဒေသတွေရယ်၊ငြိမ်ဝပ်ပိပြားရေးတို့၊အမျိုးသားညီညွတ်ရေးတို့၊အဲဒါတွေကအခြေခံပဲ။အရေးကြီးတယ်။ ဒါတွေပြီးမှ စီးပွားရေး တည်လို့ရမယ်”

လက်ရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်သဘောထား

“စာနယ်ဇင်းလွတ်လပ်ခွင့်တွေကအပြည့်အဝရမယ်မထင်ဘူး။အထိန်းရှိရမယ်၊အထိန်းအချုပ်မရှိရင် လျှောက်လုပ်မှာပေါ့၊အများပြည်သူအနေနဲ့၊ဘုတ်အဖွဲ့အနေနဲ့လုပ်မှာပေါ့။ကျနော်တို့ကmediaဘက်ကို အားနည်းတယ်၊ Media အရေးပါတဲ့အပိုင်း အများကြီး ရှိပါတယ်”

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

“ကျနော်တို့နိုင်ငံတော်မှာလိုအပ်နေတဲ့ဖွဲ့စည်းပုံကိုဖြစ်အောင်ရေးဆွဲတဲ့ပုံစံပဲ။ဒီပုံစံနဲ့သွားနေရမှာပဲ။ ကျနော်တို့ဆီမှာအရင်တုန်းကဒီအတိုင်းဖြစ်လာခဲ့တာပဲ။၂ဝဝ၈အခြေခံဥပဒေကစာရွက်ပေါ်မှာ ရေးထာတာပါ၊ဘာမှလုပ်မရပါဘူး”

Geen opmerkingen: