မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 27 april 2010

အခမဲ့မျက်စိကုရင်းကြံ့ဖွံ့အသင်းဝင်စုဆောင်း

စိုးမိုး/ ၂၇ ဧပြီ ၂ဝ၁ဝ
စစ်ကိုင်းတိုင်းအတွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်ဒေသခံကြံ့ဖွံ့များပူပေါင်းပြီးအခမဲ့မျက်စိကုသပေးရေး အကူအညီများပေးပြီးကြံ့ဖွံ့အသင်းဝင်အဖြစ်စုဆောင်းနေကြောင်းသိရသည်။
အခမဲ့မျက်စိစမ်းသပ်ကုသပေးမည်ဟုဆိုကာလာရောက်စမ်းသပ်သူများ၏ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်နံပါတ်များဖြင့်မှတ်တမ်းတင် ယူဆောင်နေကြောင်းသိရသည်။
“အခမဲ့မျက်စိစမ်းသပ်ပေးမယ်လို့လိုက်ကြေညာတယ်လေ။အဲဒါသွားတာမြို့နယ်ဆေးရုံမှာပဲ။ဟိုရောက်တော့ ဆေးကုလက်မှတ်လုပ်ရတယ်။အဲဒီစာအုပ်ပေါ်မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင် နံပါတ်ဆိုတာပါလာတာ”ဟုစစ်ကိုင်းတိုင်းပုလဲမြို့နယ်ကျေးရွာဒေသခံတဦးကပြောသည်။
စစ်ကိုင်းတိုင်းပုလဲမြို့နယ်ကျေးရွာများသို့ပြန်ကြားရေးဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းကိုယ်တိုင်လာရောက်ပြီး အခမဲ့မျက်စိကုသမှုများအကြိမ်ကြိမ်ပြုလုပ်ပေးနေပြီးကြံ့ဖွံ့အသင်းဝင်များစုဆောင်းနေခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်ကျော်ဆန်းသာမကဘဲနအဖစစ်အစိုးရ၀န်ကြီးများအပါအ၀င်စစ်အစိုးရနှင့်နီးစပ်သူစီးပွားရေး လုပ်ငန်းရှင်များလည်းယခုကဲ့သို့လုပ်ဆောင်နေကြောင်းသိရသည်။
မန္တလေးတိုင်းတောင်သာ၊စစ်ကိုင်းတိုင်းပုလဲ၊ရခိုင်ပြည်နယ်တို့တွင်မျက်စိအခမဲ့ကုသပေးမှုများခပ်စိပ်စိပ် ပြုလုပ်လာပြီးရန်ကုန်မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းကမူရန်ကုန်မြို့တော်စည်ပင်မှလုပ်ကိုင်သမျှ လမ်းတံတား၊ရေပိုက်လိုင်းဖွင့်ပွဲများတွင်ကြံ့ဖွံ့အသင်းဝင်အရေအတွက်မည်မျှပေးရမည်ဟု သတ်မှတ်တောင်းခံနေသည်။
နအဖစစ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်စီးပွားရေးလုပ်ငန်းရှင်များသည်မွေးရပ်ဇာတိများတွင်ယခုကဲ့သို့ အခမဲ့မျက်စိကုသမှုများ၊ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲများပြုလုပ်ကာလူထုကိုကြံ့ဖွံ့အဖွဲ့ဝင်များအဖြစ် ပြည်သူလူထုသဘောဆန္ဒမပါဘဲဝင်ခိုင်းနေခြင်းဖြစ်သည်။
“ပထမမသိဘူး။မျက်စိအလကားစမ်းပေးမယ်ဆိုသွားတာပေါ့။ဟိုရောက်တော့မှသူတို့ရေးမှတ်ပြီးပြန်ပေးတဲ့ စာအုပ်ကလေးကပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်အမှတ်ဆိုမှတ်ထားတာ”ဟုစစ်ကိုင်းမြို့ခံက ဆိုသည်။
ယခုဖြစ်ရပ်များနိုင်ငံအ၀ှမ်းတွင်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊အများစုမှာမဲဆန္ဒရှင် စာရင်းကောက်ယူသည်ဆိုကာအသက်(၁၈)နှစ်ပြည့်သူစာရင်းများကောက်ယူနေကြောင်းသိရသည်။
ရွေးကောက်ပွဲနည်းဥပဒေအရမြို့နယ်၊ကျေးရွာများတွင်ရွေးကောက်ပွဲကော်မရှင်ကအသက်(၁၈)ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူစာရင်းထုတ်ပြန်ပေးရမည်ဟုပါရှိသော်လည်းယင်းနည်းဥပဒေမထွက်မီကတည်းက လိုက်လံကောက်ယူနေခြင်းဖြစ်သည်ဟုရန်ကုန်မြို့ခံတို့ကပြောသည်။





Geen opmerkingen: