မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 april 2010

ဦးအောင်သန်းတင့်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဧပြီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၈ မိနစ် .

ဦးအောင်သန်းတင့်
(ဥက္ကဋ္ဌ၊ မျိုးချစ်အမျိုးသား နိုင်ငံရေး အစည်းအရုံး)

အမည် ဦးအောင်သန်းတင့်
မိဘ ဦးကျော်ရှိန်၊ ဒေါ်စိန်ရင်
မွေးသက္ကရာဇ်၎.၇.၁၉၅၈
မွေးချင်း၈ဦး၊အကြီးဆုံး
မွေးရပ်ထန်းပင်ကုန်းကျေးရွာ၊တောင်တွင်းကြီးမြို့နယ်၊မကွေးတိုင်း
နေရပ်လိပ်စာအမှတ်၃၈၅၊ရွှေဘုံသာလမ်း၊တောင်ပြင်(၂)ရပ်တွက်၊တောင်တွင်းကြီးမြို့
အဖွဲ့အမည် မျိုးချစ်အမျိုးသား နိုင်ငံရေးအစည်းအရုံး
တာဝန် ဥက္ကဋ္ဌ
ပညာအရည်အချင်း၁၉၇၃ခုနှစ်တောင်တွင်းကြီးမြို့တွင်၁၀တန်းအောင်မြင်ခဲ့သည်။၁၉၇၇ခုနှစ်ရန်ကုန် စီးပွားရေးတက္ကသိုလ်မှဘွဲ့ရခဲ့သည်။
ပါဝင်ခဲ့သည့်အဖွဲ့များ၁၉၉၀ခုနှစ်မှ၁၉၉၇ခုနှစ်အထိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDတွင် မြို့နယ်စည်းရုံးရေးတာဝန်ခံ
ဝင်ရောက်အရွေးခံမည့်နယ်မြေတောင်တွင်းကြီးမြို့၊မကွေးတိုင်း။

အမည် ဦးအောင်သန်းတင့်
မိဘ ဦးကျော်ရှိန်၊ ဒေါ်စိန်ရင်
မွေးသက္ကရာဇ် ၄. ၇. ၁၉၅၈
မွေးချင်း၈ဦး၊အကြီးဆုံး
မွေးရပ်ထန်းပင်ကုန်းကျေးရွာ၊တောင်တွင်းကြီးမြို့နယ်၊မကွေးတိုင်း
နေရပ်လိပ်စာအမှတ်၃၈၅၊ရွှေဘုံသာလမ်း၊တောင်ပြင်(၂)ရပ်တွက်၊တောင်တွင်းကြီးမြို့
အဖွဲ့အမည်မျိုးချစ်အမျိုးသားနိုင်ငံရေးအစည်းအရုံး
တာဝန် ဥက္ကဋ္ဌ
ပညာအရည်အချင်း၁၉၇၃ခုနှစ်တောင်တွင်းကြီးမြို့တွင်၁၀တန်းအောင်မြင်ခဲ့သည်။၁၉၇၇ခုနှစ်ရန်ကုန် စီးပွားရေးတက္ကသိုလ်မှဘွဲ့ရခဲ့သည်။
ပါဝင်ခဲ့သည့်အဖွဲ့များ၁၉၉၀ခုနှစ်မှ၁၉၉၇ခုနှစ်အထိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDတွင် မြို့နယ်စည်းရုံးရေးတာဝန်ခံ
ဝင်ရောက်အရွေးခံမည့်
နယ်မြေတောင်တွင်းကြီးမြို့၊မကွေးတိုင်း

ရွေကောက်ပွဲ ၀င်ရောက်မည့် ကြွေးကြော်သံ

‘‘စစ်အုပ်ချုပ်ရေးကနေအရပ်သားအုပ်ချုပ်ရေးစနစ်ပြောင်းတော့မယ်”

စစ်အစိုးအပေါ် အမြင်သဘောထား

“သူတို့တွေလည်းနိုင်ငံရေးတာဝန်ထမ်းဆောင်နေတာပဲ။သူတို့လည်းဒီမိုကရေစီနိုင်ငံဖြစ်ချင်တာပဲ။ ကျနော်တို့လည်းဒီမိုကရေစီနိုင်ငံဖြစ်ချင်တာပဲ။အတူတူပါပဲလို့ယူဆပါတယ်”

အမတ်အဖြစ်အရွေးခံခဲ့ရလျှင်ပြည်သူအတွက်လုပ်ဆောင်ပေးမည့်ရည်ရွယ်ချက်

“ပြည်သူ့အကျိုးစီးပွာကိုတော့ဆောင်ရွက်ရမှာပေါ့၊ပြည်သူလူထုကအစစအရာရာကျနော်တို့လို နိုင်ငံရေးသမားတွေကိုအားပေးပြီးဒီမိုကရေစီနိုင်ငံဖြစ်လာအောင်ဆောင်ရွက်ရမယ်။အခြေခံ လူ့အခွင့်အရေးတွေရရှိအောင်ဒီမိုကရေစီစနစ်ကိုလည်းပဲအချိန်တန်ဖွံ့ဖြိုးလာအောင်ကျနော်တို့ ဆောင်ရွက်ရမယ်”

လက်ရှိစီးပွားရေးမူဝါဒအပေါ်အမြင်သဘောထား

“ဈေးကွက်စီးပွားရေးကိုအကောင်အထည်ဖော်မပေးနိုင်ဘူးလို့ မြင်ပါတယ်”

ဒီမိုကရေစီနိုင်ငံတည်ဆောက်နေဆဲကာလတွင်လတ်တလောဖြေရှင်းသင့်သည့်အရာများ

“နအဖကဒီမိုကရေစီအခြေခံလောက်သာလုပ်ပေးနိုင်ခဲ့တာပါ”

လက်ရှိစာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်အမြင်သဘောထား

“အခုလက်ရှိအနေအထားနဲ့ဆိုရင်စာနယ်ဇင်းလွက်လပ်ခွင့်မရသေးတာတော့သေချာတယ်။နောက် ဘာဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့”

၁၉၉၀ရွေးကောက်ပွဲရလဒ်အပေါ်အမြင်သဘောထား

“၁၉၉၀ရွေးကောက်ပွဲရလဒ်ကတော့ပြည်သူလူထုသဘောမကျတာတော့သေချာပါတယ်။နောက် ဘာဖြစ်မလဲဆိုတာကိုသာစဉ်းစားရမှာပါ။စစ်အုပ်ချုပ်ရေးမှအရပ်သားအုပ်ချုပ်ရေးပြောင်းလာနိုင်ဖို့ကအခု ရွေးကောက်ပွဲသာရှိတာပါ”

၂၀၀၈အခြေခံဥပဒေအပေါ်အမြင်သဘောထား

“၂၀၀၈အခြေခံဥပဒေဟာဘာပဲပြောပြောလောလောဆယ်ဆက်ရှောက်ရမှာပဲ။အရပ်သားအုပ်ချုပ်ရေးစနစ် ပြောင်းလာမှသာပြန်လည်ပြုပြင်ရမယ်လို့ယူဆထားပါတယ်”



Geen opmerkingen: