မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 april 2010

ဦးနေမျိုးဝေ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဧပြီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၅ မိနစ် .

ဦးနေမျိုးဝေ
(အထွေထွေအတွင်းရေးမှူး၊မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-မင်္ဂလာဒုံ)

အမည် ဦးနေမျိုးဝေ
မိဘ ဦးလှမြင့်၊ဒေါ်ယဉ်စိန်
မွေးသက္ကရာဇ်၂၂၊ ၇၊၁၉၇၂
ဇနီးသည်အမည်ဒေါ်သူဇာအောင်
သားသမီး၂ဦး၊၇နှစ်သားနဲ့ ၅နှစ်သမီး
မွေးရပ်၎ရပ်ကွက်၊ဗိုလ်ကလေးမြို့၊ဧရာဝတီတိုင်း
မွေးချင်းမောင်နှမ၅ဦးအနက်တတိယမြောက်
လက်ရှိ နေရပ်လိပ်စာ ၂/၂၃၂ မဟော်ဂနီလမ်း၊ထောက်ကြံ့၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်း
အဖွဲ့အမည် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
ရာထူး အထွေထွေ အတွင်းရေးမှူး
ပညာအရည်အချင်း၁၉၉၁ခုနှစ်တွင်မြန်မာစာဂုဏ်ထူးနဲ့အထက(၁)ဗိုလ်ကလေးတွင်၁၀တန်း အောင်မြင်ခဲ့သည်။၁၉၉၈ခုနှစ်ရန်ကုန်စက်မှုတက္ကသိုလ်တွင်လေကြောင်းပညာဘာသာရပ်ဘွဲ့ရခဲ့သည်။
ပါဝင်ခဲ့သည့်အဖွဲ့များနိုဝင်ဘာလ၊၁၉၉၈ခုနှစ်မှမေလ၊၂၀၀၉ခုနှစ်ထိ မြန်မာ့လေကြောင်းအင်ဂျင်နီယာဌာန မင်္ဂလာဒုံလေဆိပ်တွင်လုပ်ကိုင်သည်။တနှစ်ခန့်သင်တန်းတက်ရသည်။ထို့နောက်စက်ပြင်ကျွမ်းကျင်သစ်နဲ့ လုပ်ကိုင်သည်။၂၀၀၉ခုနှစ်နှစ်လည်ပိုင်းမှ၂၀၁၀ခုနှစ်နှစ်ဆန်းပိုင်းတွင်ပြည်ထောင်စုဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖြစ်မြောက်ရေးကော်မတီဝင်။
ဝင်ရောက်အရွေးခံမည့် နယ်မြေ မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်း။

ရွေးကောက်ပွဲ ၀င်ရောက်မည့် ကြွေးကြော်သံ

‘‘အဓိကတော့ဘယ်သူကိုမဆိုလေ့လာပြီးမှသေချာမှထောက်ခံခြင်း၊ကန့်ကွက်ခြင်းလုပ်စေချင်ပါတယ်။ နေမျိုးဝေကိုစူးဆန်းလေ့လာပြီးကန့်ကွက်မဲတမဲကိုမစူးစမ်း၊မဆင်ခြင်သောထောက်ခံမဲ၁၀၀နဲ့မလဲနိုင်လို့ ကျနော်ရဲ့ရွေးကောက်ပွဲကြွေးကြော်သံပဲ”

စစ်အစိုးအပေါ်အမြင်သဘောထား

“အခုရွေးကောက်ပွဲမှာအနိုင်ရသူကိုစစ်အစိုးရကအာဏာတကယ်လွှဲပေးမယ်လို့ယုံကြည်ပါတယ်။ အားလုံးကိုတပြေးညီသဘောထားပါတယ်။နအဖသူလုပ်ချင်တာလုပ်နေတယ်လို့မြင်ပါတယ်။ဒါပဲသူ့မှာ လုပ်စရာရှိတာပါ၊ကျန်တာသူလုပ်စရာမရှိပါဘူး”

အမတ်အဖြစ်အရွေးခံခဲ့ရလျှင်ပြည်သူအတွက်လုပ်ဆောင်ပေးမည့်ရည်ရွယ်ချက်

“ပညာရေး၊ကျမ်းမာရေးဖွံ့ဖြိုးစေချင်တယ်။ဗိုလ်ကလေးတမြို့နယ်တင်ကျေးရွာပေါင်း၅၆၂လောက်ရှိတယ်။ ဆေးရုံ၅၆၂ရုံလောက်နဲ့ကျောင်း၅၆၂ကျောင်းလောက်ကိုဆောက်ရမယ်။ကျန်တဲ့မြို့တွေအများကြီး ရှိသေးတယ်။ဒါကိုဘယ်အစိုးရကမှမဆောက်နိုင်ဘူး။ဒါကြောင့်မြို့ရွာတွေပြန့်ကျဲနေတဲ့ကိစ္စတွေကို ပြန်စုစည်းလာအောင်လုပ်ချင်တယ်။ကျန်တာအများကြီးရှိပါသေးတယ်။ဒါတွေပြောနေရင်မဲဆွယ်ရာကျမယ်၊ အဲလိုမျိုး မပြောချင်ပါဘူး”

လက်ရှိစီးပွားရေးမူဝါဒအပေါ်အမြင်သဘောထား

“ဈေးကွက်စီးပွားရေးမူဝါဒဖြစ်တဲ့အတွက်သဘောတူပါတယ်။ဒါပေမဲ့သူသွားနေတဲ့စီးပွားရေးသည်ဈေးကွက် စီးပွားရေးနဲ့ဆိုင်၏မဆိုင်၏ကိုတော့အများမြင်တဲ့အတိုင်းကျနော်လည်းမြင်ပါတယ်။ဒါပေမဲ့ ဈေးကွက်စီးပွားရေးအစစ်ကိုတော့ကျနော်တို့ ကြိုဆိုရပါလိမ့်မယ်”

နှစ်သက်သည့်စီးပွားရေးမူဝါဒ

“ဈေးကွက်စီးပွားရေးကိုပဲသဘောကျတယ်။ဈေးကွက်စီးပွားရေးဆိုတဲ့နေရာမှာကမ္ဘာမှာအကြွင်းမဲ့ ဈေးကွက်စီးပွားရေးကိုမရှိခဲ့သေးပါဘူး။အမျိုးသားအကျိုးစီးပွားကိုအခြေခံသောဈေးကွက်စီးပွားရေးစနစ် အဆင့်လောက်သာအခြေခံပြီးလုပ်နိုင်ပါသေးတယ်”

ဒီမိုကရေစီနိုင်ငံတည်ဆောက်နေဆဲကာလတွင်လတ်တလောဖြေရှင်းသင့်သည့်အရာများ

“ဥပဒေအဟောင်းတွေပြန်ပြင်ခြင်း၊ဥပဒေအသစ်တွေပြခြင်း၊လုပ်ထုံးလုပ်နည်းဥပဒေတွေ၊စီးပွားရေး ဥပဒေတွေကိုပြင်လို့ရပါတယ်။ဆွေမျိုးစုလက်အောက်မှာရှိတဲ့ဈေးကွက်စီးပွားရေးကိုပြုပြင်လို့ရပါတယ်”

လက်ရှိစာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်အမြင်သဘောထား

“စာနယ်ဇင်းလွတ်လပ်ခွင့်ကပါးနပ်တဲ့အဆင့်လောက်ပဲရှိပါတယ်။တကယ့်စာနယ်ဇင်းလွတ်လပ်ခွင့် မရသေးပါဘူး။နိုင်ငံရေးသတင်းတွေကိုမဖော်ပြပေးသေးပါဘူး။နိုင်ငံရေးသမားတွေရဲ့အသံတွေကို ဖော်ပြခွင့်မပေးပါဘူး။နိုင်ငံရေးသမားကိုစာမျက်နှာပေးမတင်သေးပါဘူး”

၁၉၉၀ရွေးကောက်ပွဲရလဒ်အပေါ်အမြင်သဘောထား

“သိပ်ကြာသွားပါပြီ။ကျနော်သဘောကျပါတယ်”

၂၀၀၈အခြေခံဥပဒေအပေါ်အမြင်သဘောထား

“၂၀၀၈အခြေခံဥပဒေကိုကျနော်ကြိုက်ပါတယ်။အခု၂၀၁၀ရွေးကေက်ပွဲကိုအကောင်အထည် ဖော်ပေးပါလိမ့်မယ်လို့မျှော်လင့်တယ်”



ယခု ရွေးကောက်ပွဲအတွက် ဥပဒေ အပေါ် သဘောထား



“နိုင်ငံရေး အကျဉ်းသားတွေ နိုင်ငံရေးပါတီမှာ မပါရဘူးဆိုတဲ့ တချက်က ပြဿနာရှာပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ပါတီဖျက်မယ်ဆိုတာတွေ၊ ရက်ပေါင်း ၉၀ အတွင်းမှာ အဖွဲ့ဝင် ၁၀၀၀ နဲ့ ၅၀၀ ရှာရမယ်ဆိုတာတွေကို အာလုံးက ပြောကြတယ်။ ကျနော်တို့ နိုင်ငံမှာ လူဦးရေ သန်း ၅၀ လောက် ရှိပါတယ်။ လူဦးရေ သန်း ၅၀ လောက်မှာ နိုင်ငံရေးလုပ်နိုင်သူ ၁၀ သန်းတော့ ကျော်မှာပဲ။ ရက်ပေါင်း ၉၀ မှာ အဖွဲ့ဝင် ၁၀၀၀ နဲ့ ၅၀၀ မရနိုင်ရင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်တော့တာ သေချာပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံတင်ရမယ်ဆိုတာ အကြိုက်ဆုံးပါ။ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) က ပြည်သူကိုေ၀၀ါးတဲ့ ခေါင်းဆောင်မှုတွေ ပေးနေတယ်လို့ ကျနော် မြင်တယ်။ ဘယ်မြို့ ဘယ်ဒေသမှာ လူဦးရေဘယ်လောက်လို့ မသတ်မှတ်ထားဘူး။ ကျနော်ဆိုရင် ဘိုကလေး တမြို့နယ်တင် လူပေါင်း ၁၀၀၀ စုမယ်လို့ ဆန္ဒရှိတယ်”

Geen opmerkingen: