မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

ဦးစံသာအောင်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဧပြီလ၁၉ရက်၂၀၁၀ခုနှစ်၁၈နာရီ ၅၆ မိနစ် .

ဦးစံသာအောင်
(ဥက္ကဋ္ဌ၊မြိုခေါ်ခမီအမျိုးသားညီညွတ်ရေးအဖွဲ့)

အမည် ဦးစံသာအောင်
မိဘ ဦးစံပြိန်း၊ ဒေါ်ခင်ပန်း
မွေးသက္ကရာဇ် ၂၈၊ ဝ၁၊ ၁၉၄၂
မွေးရပ် မာလာကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်
မွေးချင်း ၇ ဦးအနက် ၄ ဦးမြောက်
အိမ်ထောင်ရေး ဇနီးနှင့် သားသမီး ၄ ဦး ရှိ
ပညာရေး၁၉၆၃ခုနှစ်တွင်ကျောက်တော်မြို့နယ်ရှိအထက်တန်းကျောင်းအောင်မြင်ခဲ့
အလုပ်အကိုင်၁၉၆၆ခုနှစ်မှ၁၉၈၈ခုနှစ်အထိကျောင်းဆရာလုပ်ခဲ့သည်။လယ်ယာလုပ်ငန်းလုပ်ကိုင်သည်။
တာဝန်၊ပါတီဥက္ကဋ္ဌ၊မြိုခေါ်ခမီအမျိုးသားညီညွတ်ရေးအဖွဲ့

၂ဝ၁ဝရွေးကောက်ပွဲဝင်ရောက်လိုသည့်ရည်ရွယ်ချက်

“ကျနော်တို့လူမျိုးစုတွေကဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသေးတယ်။ကိုယ်လူမျိုးတွေအကျိုးအတွက် ဖွံ့ဖြိုးတိုးတက်မှုတခုခုဖြစ်အောင်ပါတီတခုသို့မဟုတ်အဖွဲ့တခုအနေနဲ့အခွင့်အရေးရှိရင်ရှိသလိုဆောင်ရွက်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တာပါ”

နိုင်ငံရေး နောက်ခံ

“၁၉၇၃ခုနှစ်ကနေ၁၉၈၈ခုနှစ်အထိပါတီကလပ်စည်းခေါင်းဆောင်၊ပါတီစိတ်ကော်မတီ၊ပါတီအတွင်းရေးမှူး၊ မြို့နယ်ပြည်သူ့ကောင်စီအဖွဲ့ဝင်၊အလုပ်အမှုဆောင်ကော်မတီဝင်နဲ့အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တယ်။ ၁၉၈၈ခုနှစ်ဒီဇင်ဘာလမှာမြိုခေါ်ခမီအမျိုးသားညီညွတ်ရေးပါတီကိုဖွဲ့စည်းပြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။၂ဝဝ၅ခုနှစ်မှော်ဘီမြို့နယ်ညောင်နှစ်ပင်စခန်းမှာလုပ်တဲ့အမျိုးသားညီလာခံကို တက်ရောက်ခဲ့တယ်”

နိုင်ငံရေး ခံယူချက်

“ကိုယ့်အမျိုးသားတွေရဲ့စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးကိုဘယ်လိုဆွဲတင်နိုင်မလဲ၊ဆောင်ရွက်နိုင်မလဲဆိုတဲ့ အနေအထားအရလုပ်တာပါ”

၉ဝ ခုနှစ် ရွေးကောက်ပွဲအပေါ် သဘောထား

“သဘောထားမရှိပါဘူး။ဝင်ပြိုင်လို့ရရင်လည်းအမြတ်၊မရရင်လည်းဒီအတိုင်းပဲ။နိုင်ရမယ်ဆိုတဲ့ သဘောမျိုးလည်းမရှိပါဘူး၊ကံကျလုပ်တဲ့သဘောပါ။နိုင်ငံတော်မှာတဒေါင့်တနေရာကလိုက်လုပ်တဲ့ သဘောပါ”

အာဏာရခဲ့လျှင်

“ရွေးချယ်ခံရရင်လည်းအစိုးရကသတ်မှတ်တဲ့မူဝါဒအပေါ်မှာကိုယ့်လူမျိုးအတွက်တတ်နိုင်သလောက် ဆောင်ရွက်သွားမှာပါ”

လက်ရှိအစိုးရအပေါ်သဘောထား

“အစိုးရကိုတော့မဝေဖန်လိုပါဘူး။ကျနော်တို့ကအားနည်းနေတဲ့လူမျိုးတမျိုးဆိုတော့ကိုယ့်လူမျိုးတွေ အခွင့်အရေးအတွက်ဆောင်ရွက်သွားဖို့ပဲရှိပါတယ်”

လက်ရှိစီးပွားရေးအပေါ်သဘောထား

“တိုးတက်လာတယ်လို့တော့မြင်ပါတယ်။ပါတီကောင်စီခေတ်ထက်စာရင်လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်မြင့်မားလာတယ်လို့ယူဆပါတယ်”

၂ဝဝ၈ခုနှစ်အခြေခံဥပဒေ

“၂ဝဝ၈ခုနှစ်အခြေခံဥပဒေကတော့ကျနော်ကိုယ်တိုင်သဘာပတိအဖြစ်ဆောင်ရွက်ပြီးအကောင်အထည် ဖော်လာခဲ့တာဖြစ်တယ်။လုပ်ငန်းတခုကိုအကောင်အထည်ဖော်တဲ့အခါနောက်မှာလုပ်ငန်း လိုအပ်ချက်အလိုက်ဖြည့်စွက်လို့ရတဲ့အပိုင်းတွေလည်းတွေ့မြင်တယ်။အဲဒါကြောင့်ကျနော်တို့ရထားတာ တခုကိုအကောင်အထည်ဖော်ချင်တယ်”

ပါတီစည်းရုံးရေးအခြေအနေ

“ကျနော်တို့ရဲ့အမျိုးသားရွာတွေမှာစည်းရုံးရေးလုပ်ငန်းများကိုလုပ်ဆောင်သွားဖို့ရှိပါတယ်”

Geen opmerkingen: