မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 22 april 2010

ဒေသခံအာဏာပိုင်များကငွေယူပြီးရွှေရှာခွင့်ပေး

ခိုင်လင်း/၂၂ ဧပြီ ၂ဝ၁ဝ
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တာမခံ၊ဟောင်ပါးဒေသအတွင်းနယ်မြေခံအာဏာပိုင်များထံ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးပြီးရွှေတူးဖော်သည့်လုပ်ကွက်အများအပြားရိလာနေကာ အာဏာပိုင်များကလည်းငွေအလွှဲသုံးစားလုပ်နေသည်။
တာမခံ၊ဟောင်ပါးဒေသဥယုချောင်းဝဲယာတလျှောက်ရှိတောတောင်များအတွင်းရွှေလုပ်ကွက်များရာနှင့်ချီ ရှိနေပြီးရွှေတူးသူများကဘက်ဖိုး(မြေတူးစက်)၊ထရပ်ကားစသည့်စက်ယန္တရားများကို အသုံးပြုလုပ်ကိုင်လျက်ရှိသည်။
နယ်မြေခံကျေးရွာအာဏာပိုင်များကရွှေလုပ်ငန်းရှင်များထံမှတလလျှင်ဘက်ဖိုးတစီးကျပ်(၁ဝ)သိန်း၊ ထရပ်ကားတစီးကျပ်(၁)သိန်းနှုန်းဖြင့်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဟုဆိုကာကောက်ခံနေကြောင်း ရွှေလုပ်ငန်းရှင်တဦးကပြောသည်။
၎င်းက“အဲဒါတွေကနိုင်ငံတော်ကိုအခွန်မဆောင်ဘဲကျေးရွာအာဏာပိုင်တွေနဲ့ပေါင်းပြီးလုပ်စားနေတာ။ ဘက်ဖိုးချည်းအစီး(၃ဝဝ)ကနေ(၅ဝဝ)လောက်အထိရှိနိုင်တယ်။မြေစာတင်ထရပ်ကားကထောင်ပိုင်းအထိ ရှိတယ်။ပြီးခဲ့တဲ့အပတ်ကဟောင်ပါးရွာအောက်ဘက်မှာရှိတဲ့ကွန်းဟဲရွာမှာလုပ်တဲ့အစည်းဝေးမှာဥက္ကဋ္ဌ ဦးကျော်စိုးကဖားကန့်မယကကိုတင်ပြတာကဘက်ဖိုး(၁၅)စီးရှိပါတယ်။ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအတွက် တစီး (၁)သိန်းကောက်ပါတယ်ဆိုပြီးတင်ပြတာ။ရွာကလူကြီးတွေလုပ်စားနေတာ။ကျန်တဲ့ရွာတွေလည်းအဲလိုပဲ”ဟု ပြောသည်။
အခွန်မဆောင်ဘဲနယ်မြေခံအာဏာပိုင်များထံငွေပေးပြီးလုပ်နေကြသည့်တရားမဝင်ရွှေတွင်းများ ရှိနေသည့်အတွက်နေပြည်တော်အထိသွားရောက်အခွန်ဆောင်ကာလုပ်နေရသည့်ရွှေလုပ်ငန်းရှင်များမှာ နေရာမရဖြစ်နေကြောင်းမြစ်ကြီးနားဒေသခံရွှေလုပ်ငန်းရှင်တဦးကပြောသည်။
၎င်းက“နေပြည်တော်မှာလုပ်ကွက်တကွက်ကိုသိန်း(၄ဝ)ထည့်ရတယ်။အခွန်ရောဆို(၆၁)သိန်းပေးရတယ်။ အခုမြစ်ဆုံဘက်မှာလည်းရွှေလုပ်ငန်းကလုပ်မရတော့၊အဲဒီတာမခံ၊ဟောင်ပါးမှာကျတော့လည်း နှိပ်ကွပ်ခံနေရတယ်။နေရာမရဘူး။ဟိုကောင်တွေကဘာအခွန်မှမဆောင်ဘဲတွင်ကျယ်နေတာ။ကိုယ်တို့က အခွန်လည်းဆောင်ထားရသေးတယ်”ဟုပြောသည်။
ကချင်ပြည်နယ်အတွင်းနေရာဒေသအများအပြားဖြစ်သည့်ကျောက်စိမ်းတွင်းဒေသ၊အင်းတော်ကြီးဒေသ၊ တနိုင်းဒေသ၊ဝိုင်းမော်အရှေ့ဘက်ရှိနန်ဆန်ယန်ဒေသ၊မေခ-မလိခမြစ်ကြောင်းတလျှောက်နှင့် မြစ်ဆုံဒေသတို့တွင်ရွှေတူးဖော်သူများပြားပြီးရွှေတွင်းများကြောင့်သဘာဝပတ်ဝန်းကျင်ကိုဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးနေသည်ဟုကချင်အန်ဂျီအိုအဖွဲ့များကအစီရင်ခံစာထုတ်ပြန်ထားသည်။
ရွှေရှာဖွေရာတွင်အသုံးပြုသည့်ပြဒါးနှင့်ဓာတုပစ္စည်းများကြောင့်ယင်းဒေသများရှိမြစ်၊ချောင်းရေများ ညစ်ညမ်းလာခြင်း၊သစ်တောများခုတ်ထွင်ရှင်းလင်းမှုကြောင့်တောပြုန်းခြင်း၊ရေကြောင်းများပြောင်းလဲခြင်း၊ ချောင်းရေများတိမ်ကောလာခြင်းစသည့်သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း အန်ဂျီအိုများကဖော်ပြထားသည်။





Geen opmerkingen: