မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 26 april 2010

တရားမ၀င်မြန်မာ(၃၆)ဦး၊ထိုင်းရေပိုင်နက်တွင်ဖမ်းမိ

စိုးမိုး/ ၂၆ ဧပြီ ၂ဝ၁ဝ
ထိုင်းနိုင်ငံရနောင်းမြို့ထိုင်းပင်လယ်ပြင်ရေပိုင်နက်အတွင်းတရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်မြန်မာ(၃၆)ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးနေရပ်ပြန်ပို့ရန်ပြင်ဆင်နေကြောင်း သိရသည်။
ယခုလ(၂၄)ရက်နေ့ညကထိုင်း-မြန်မာနယ်စပ်ရနောင်းမြို့ပါနမ့်ကျေးရွာအုပ်စုအနီးပင်လယ်ပြင်တွင် မောင်းနှင်လာသည့်မြန်မာစက်လှေတစီးကိုသတင်းအရတားဆီးစစ်ဆေးရာမှတရားမ၀င် ဖြတ်ကျော်လာသည့် မြန်မာ(၃၆)ဦးကိုထိုင်းရဲအဖွဲ့ကဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“ကလေး(၁)ယောက်၊ယောက်ျား(၂၈)ယောက်၊မိန်းမ(၇)ယောက်စုစုပေါင်း(၃၆)ယောက်ဖမ်းမိတယ်”ဟု ရနောင်းရဲစခန်းကဖြေကြားသည်။
ဖမ်းဆီးရမိသူများမှာမော်လမြိုင်၊ကော့သောင်း၊ထားဝယ်တို့မှထိုင်းနိုင်ငံတောင်ပိုင်းနှင့်ဘန်ကောက်တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန်တရားမ၀င်နိုင်ငံကူးလာသူများဖြစ်သည်။
ယခုခိုးဝင်လာသူမြန်မာ(၃၆)ဦးမှာစက်လှေခတဦးလျှင်ဘတ်ငွေ(၂,၀၀၀)မှ(၅,၀၀၀)အထိ ပေးဆောင်ခဲ့ပြီးဖြစ်ပြီးရနောင်းမှတဆင့်ထိုင်းတောင်ပိုင်းနှင့်ဘန်ကောက်မြို့သို့ဆက်လက် သွားရောက်ရန်အတွက်ခရီးစရိတ်အဖြစ်တဦးလျှင်ဘတ်(၈,၀၀၀)ပေးဆောင်ရမည်ဖြစ်ကြောင်း၎င်းတို့က အစစ်ခံသည်ဟုရနောင်းရဲစခန်းတွင်ဘာသာပြန်သူကပြောကြားသည်။
ယခုဖမ်းဆီးရမိသူမြန်မာ(၃၆)ဦးကိုရနောင်းမြို့တရားရုံးတွင်တရားမ၀င်ခိုးဝင်မှုအတွက် ဒဏ်ငွေတရပ်ချမှတ်ပြီး မြန်မာဘက်ခြမ်းသို့ ပြန်ပို့မည်ဟုလည်း ၎င်းထံမှသိရသည်။
စက်လှေမောင်းနှင်သူအသက်(၁၅)နှစ်အရွယ်မောင်မြင့်ဦးကိုလည်းတပါတည်းရနောင်းရဲစခန်းတွင် ဖမ်းဆီးထားပြီး ရနောင်းတရားရုံးတွင်တရားမ၀င်ဖြတ်ကျော်မှုဖြင့်အမှုရင်ဆိုင်ရမည်ဖြစ်သည်။





Geen opmerkingen: