မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

သွေးလှူရှင်များကို ဝါဒဖြန့်ရန် ဖိအားပေး

မျိုးဝင်းဇော်/ ၁၉ ဧပြီ ၂ဝ၁ဝ
ပြီးခဲ့သည့်ဧပြီ(၁၅)ရက်တွင်ဖြစ်ပွားသည့်ဗုံးပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေသူများအတွက်သွေးလှူလိုသည့်အလှူရှင်များကိုMRTV-4ချယ်နယ်မှရိုက်ကူးနေသည့် ဝါဒဖြန့်အစီအစဉ်တွင် ပါဝင်ရန်စစ်အစိုးရကဖိအားပေးနေကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက“ဗုံးပေါက်ကွဲပြီးနောက်တနေ့မှာဒဏ်ရာရတဲ့သူတွေအတွက်သွေးလှူဖို့ လိုအပ်နေတယ်ဆိုပြီးကျနော်တို့ကဂျီအက်စ်အမ်မိုဘိုင်းဖုန်းတွေကနေမက်ဆေ့ခ်ျရတယ်။အဲဒါနဲ့ ကျနော်တို့ သူငယ်ချင်းတစုသွေးလှူဖို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုသွားကြတယ်။ဆေးရုံရောက်တော့သွေးစစ်ဖို့ စောင့်နေတုန်းတာဝန်ရှိသူတယောက်ရောက်လာတယ်။သူကအခုသွေးလာလှူသူတွေကိုMRTV-4ကနေ ဗွီဒီယိုရိုက်မယ်၊အကြမ်းဖက်သမားတွေကိုရှုတ်ချတယ်၊မုန်းတီးတယ်၊မထောက်ခံဘူးစသဖြင့်အစိုးရ ဝါဒဖြန့်ချင်တာတွေကိုပြောပေးရမယ်ဆိုပြီးလာပြောတယ်။ကျနော်တို့ကရိုးရိုးသားသားသွေးလှူချင်တယ်။ ဒါပေမယ့်ခုလိုအစိုးရဝါဒဖြန့်ဖို့ပြောပေးရမယ်ဆိုတော့မပြောချင်ဘူး။ဒါနဲ့ပဲသူငယ်ချင်းအတော်များများ သွေးမလှူဖြစ်တော့ဘဲ ပြန်လာခဲ့တယ်” ဟု ပြောသည်။
စစ်အစိုးရသည်ယခုဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီးဝါဒဖြန့်ချင်စိတ်လွန်ကဲနေကြောင်းရန်ကုန်မြို့ခံများက ပြောကြသည်။
ရန်ကုန်မြို့ခံတဦးကယခုဗုံးကွဲမှုဖြစ်ပွားပြီးနာရီအနည်းငယ်ကြာသည်နှင့်မြန်မာ့ရုပ်သံမှသတင်းကို ဆက်တိုက်အကြိမ်ကြိမ်ထုတ်လွှင့်ခဲ့သည့်အတွက်ထူးခြားကြောင်း၊(၁၆-၁၇)ရက်နေ့ထုတ် သတင်းစာတို့တွင်လည်းသတင်းကိုနှစ်ကြိမ်ဖော်ပြခဲ့ကြောင်း၊ဗုံးကွဲပြီးနောက်တနေ့၌လည်းသတင်းစာတွင် ဝါဒဖြန့်ဆောင်းပါးများပါခဲ့ကြောင်း၊လျှပ်တပြက်၊မြန်မာတိုင်းမ်၊ဝီးကလီးအလဲဗင်း စသည့်ဂျာနယ်တို့တွင်လည်းသေဆုံးဒဏ်ရာရသူစာရင်းအတိအကျဖော်ပြခွင့်ပေးခဲ့ကြောင်း၊ရယက၊ မယက၊စစ်ဒေသမှူးများသေဆုံးဒဏ်ရာရသည်ကိုနာမည်နှင့်တကွဖော်ပြခွင့်ပေးခဲ့ခြင်းမှာ အလွန်ထူးခြားကြောင်း၊ထို့ကြောင့်စစ်အစိုးရသည်ယခုဗုံးကွဲမှုကိုအရင်းတည်ပြီးဝါဒဖြန့်မှုကိုအလွန်အမင်း လုပ်ချင်နေသည်မှာ ထင်ရှားကြောင်း ပြောကြားသည်။
စစ်အစိုးရသည်ယခုဗုံးကွဲမှုနှင့်ပတ်သက်ပြီးတရားခံဖော်ထုတ်ရမည့်အစားအတိုက်အခံများကို နာမည်ပျက်အောင်ဝါဒဖြန့်နေသည်မှာထင်ရှားကြောင်းရန်ကုန်မြို့ခံများကစွပ်စွဲပြောဆိုနေကြသည်။
ဧပြီ(၁၅)ရက်သင်္ကြန်အကြတ်နေ့မွန်းလွဲ(၃)နာရီခန့်တွင်ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံး(၃)လုံးဆက်တိုက်ပေါက်ကွဲမှု ဖြစ်ခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့်အမျိုးသား(၅)ဦး၊အမျိုးသမီး(၃)ဦး စုစုပေါင်း (၈)ဦး သေဆုံးပြီးအမျိုးသား(၁၂၅)ဦး၊ အမျိုးသမီး(၄၅)ဦးစုစုပေါင်း(၁၇၀)ဒဏ်ရာရရှိကြောင်း၊ဧပြီ(၁၆)ရက်တွင်(၅၅)ဦးဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း အစိုးရက ကြေညာသည်။





Geen opmerkingen: