မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 april 2010

မွန်ပြည်သစ်ပါတီ ဧပြီ လကုန်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရမည်

သန်းထိုက်ဦး Friday, April 09, 2010
.မွန်ပြည်သစ်ပါတီ(NMSP)ကိုယခုလ၂၈ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် စစ်အစိုးရ အာဏာပိုင်များက ညွန်ကြား ထားကြောင်း ၎င်းပါတီနှင့် နီးစပ်သူများက ပြောသည်။
ယခုလ၇ရက်နေ့တွင်မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေဆုံစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ဗိုလ်ချုပ်ရဲမြင့်ကမွန်ပြည်သစ်ပါတီအနေနှင့်ယခုလ၂၈ ရက်နေ့မတိုင်ခင်နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း မပြုပါက ပြည် သူ့စစ် တပ်ဖွဲ့အဖြစ် ပြောင်းဖွဲ့ရန် ပြောကြားခဲ့ကြောင်း မွန်ပြည်သူပါတီနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
ယခုလ ၇ရက်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၏ အခြေအနေများကို ဧရာဝတီ သတင်းဌာနက မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံ ရေးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ယင်းဆွေးနွေးပွဲတွင် မွန်ပြည်သူသစ်ပါတီမှ ဥက္ကဌ နိုင်ရဿ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့ နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်များ ပါဝင်ကြောင်း သိရသည်။
မွန်ပြည်သစ် ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို သဘောတူခြင်း မရှိခဲ့ပေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာထားသည်။
ထို့အပြင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း နယ်ခြားစောင့် တပ် အဖြစ် အသွင်ပြောင်းခြင်း မပြုပါက မတရား အသင်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း အစိုးရက ခြိမ်းခြောက်ထားသည်။
စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင် ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေခြင်း ဖြစ်သည်။
စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ ကချင်ပြည် ဒီမိုကစီသစ် တပ်မတော် NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁နှင့် ကချင် ကာကွယ်ရေး တပ်မတော် (KAD) တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။
၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Geen opmerkingen: