မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 22 april 2010

ကချင်ဒေသပေါက်ကွဲမှုအပြီးအဖမ်းအဆီးရှိ

ကိုထွေး Thursday, April 22, 2010
.မြစ်ကြီးနားမြို့ရှိ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဒေသ၌ပြီးခဲ့သည့်အပတ်ကဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲ မှုများနှင့်ပတ်သက်၍တနင်္ဂနွေနေ့တွင်အာဏာပိုင်တို့ကဒေသခံ၅ဦးကိုဖမ်းဆီးကာလုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

       ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတခု (ဓာတ်ပုံ - ကချင် သတင်းစဉ်)
ဖမ်းဆီးခံရသူများထဲတွင်ရာဘာခြံပိုင်ရှင်နှင့်အလုပ်သမားများပါဝင်ပြီးနောက်ပိုင်းတွင်၂ဦးကိုပြန်လွှတ် ပေးခဲ့သည်ဟု ထိုဒေသ အကြောင်း အထူးပြု လေ့လာနေသည့် စာနယ်ဇင်း သမားတဦးက ပြောသည်။
“ မြစ်ဆုံစီမံကိန်းအတွက်စီမံကိန်းကလူတွေကမီးရှို့တုန်းရာဘာခြံတွေလောင်သွားတော့ အခု အဖမ်းခံထားရတဲ့ သူတွေက ကုမ္ပဏီကို လျော်ကြေး နည်းနည်း တောင်းထားတာရှိတယ်လေ”ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။
ဗုံးပေါက်ကွဲသည့် နေရာသည် ယခင်ကပင် လုံခြုံရေး ထူထပ်သဖြင့် အရပ်သားများ ၀င်ရောက်ရန် မလွယ်ကူကြောင်း၊ ယခုအခါ အစစ်အဆေးများ ပိုမို များပြားသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
ပေါက်ကွဲမှုနောက်ပိုင်းဖမ်းဆီးမှုများနှင့်ပတ်သက်၍ မြစ်ကြီးနားအမှတ်၁ရဲစခန်းသို့ဧရာဝတီကဆက်သွယ် မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိက ပြောသည်။
ဧရာဝတီမြစ် အစပိုင်းရှိ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းဒေသ ပေါက်ကွဲမှုနောက်ပိုင်း ဖမ်းဆီးမှုများ ရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ရက် အမည်ရှိ အဖွဲ့မှ တာဝန်ခံတဦးဖြစ်သူ ကိုအောင်ဝါက ပြောသည်။
“မသင်္ကာတဲ့နေရာတွေအိမ်တွေဆိုအရမ်းစစ်ဆေးနေတယ်၊တချို့ဟာတွေဆိုရင်လူတွေကို စစ်ဆေးနေတဲ့ဟာမျိုးဖြစ်တယ်”ဟုကချင်ဒေသအရေးဆောင်ရွက်နေသူကိုအောင်ဝါကဧရာဝတီကို ရှင်းပြသည်။
“ဧရာဝတီမြစ်ပေါ်မှာဆောက်ထားတဲ့ဗလမင်းထင်တံတားမှာလည်း လူတွေ အကုန်လုံးကို စစ်ဆေးနေတယ်၊ ပိုက်ဆံအိတ်ကအစအကုန်စစ်နေတယ်၊အရင်ကတံတားကို၂၄ နာရီ ဖြတ်သွားလို့ရတယ် အခု ည ၇ နာရီဆိုဖြတ်လို့မရတော့ဘူး၊အေးရှားဝေါလ်ရုံးစိုက်တဲ့နေရာမှာလည်း အခု စစ်ဆေးရေး ဂိတ်က အစစ်အဆေး အရမ်း များပြီးတော့ ၆ နာရီ နောက်ပိုင်းဆို သွားလာဖို့ ခက်သွားပြီ”ဟုကိုအောင်ဝါက ပြောသည်။
ဒေသခံများ၏အဆိုအရ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဒေသတွင် အစိုးရ စစ်သားများကိုလည်း ယခင်ကထက် ပိုမိုများပြားစွာ တွေ့မြင်နေရသည်ဟု သိရသည်။ စစ်အစိုးရနှင့် ကချင်သူပုန်တို့ အပစ်အခတ် ရပ်စဲခြင်း မပြုရသေးသည့် ၁၉၉၄ ခုနှစ်မတိုင်မီ အခြေအနေနှင့် တူနေသဖြင့် စိုးရိမ်မိသည်ဟု ဒေသခံများက ဆိုသည်။
သင်္ကြန်အတွင်း ရန်ကုန်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ နှင့် မြစ်ဆုံဒေသ ပေါက်ကွဲမှုများသည် မည်သူ၏ လက်ချက် ဖြစ်ကြောင်းကို မသိရသေးပေ။
မေခ နှင့် မေလိခ မြစ်ဝှမ်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဒေသ နေရာ ၄ ခုတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း အစိုးရအာဘော် ကြေးမုံ သတင်းစာတွင် အင်္ဂါနေ့က ရေးထားသည်။ မိုင်း ၁၀ လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းအချို့ကို ဖော်ထုတ် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။ ပေါက်ကွဲမှုကြောင့် အဆောက်အအုံ ၂ လုံး၊ ယာဉ် ၆ စီး တို့၏ အစိတ်အပိုင်း တချို့ ပျက်စီးခဲ့ပြီး လူ ၁ ဦး အနည်းငယ် ဒဏ်ရာရသွားသည်ဟု ရေးထားသည်။
စီမံကိန်းဒေသ ပေါက်ကွဲမှု အရေအတွက်မှာ အစိုးရ ကြေညာထားသည်ထက် များပြားသည်ဟု ထိုဒေသမှ လာသော သတင်းများက ဆိုသည်။
ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(CPI)အဖွဲ့ နှင့် စစ်အစိုးရနှင့် နီးစပ်သည့် AsiaWorld ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်နေခြင်း ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ပေါ်လာသော လျှပ်စစ် ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းသည် ဒေသခံတို့ အတွက် ကောင်းကျိုး မရှိဘဲ ဆိုးကျိုးများသာ ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များနှင့် သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူများက ဝေဖန်နေကြသည်။ စီမံကိန်းကြောင့် ဒေသခံ ၁၅၀၀၀ ခန့်မှာ နေရာ ပြောင်းရွှေခဲ့ရသည်ဟု ဆိုသည်။

Geen opmerkingen: