မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

ကရင်အမျိုးသားအလံ အသုံးပြု ရွေးကောက်ပွဲဝင်မှု ကေအန်ယူ ကန့်ကွက်

ရဲရင့်/ ၁၉ ဧပြီ ၂ဝ၁ဝ
ကရင်အမျိုးသားအလံတော်ကိုပါတီအလံအဖြစ်အသုံးပြု၍နအဖကျင်းပမည့်၂၀၁၀ရွေးကောက်ပွဲဝင်ရောက်မည့်မည်သည့်ကရင်ပါတီကိုမဆိုကန့်ကွက်သည်ဟုကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)နှင့် နိုင်ငံတကာသို့ရောက်ရှိနေကြသည့်ကရင်အမျိုးသားများကပြောသည်။
ကေအန်ယူအဖွဲ့၏အထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်က“ကရင်အမျိုးသားအလံတော်ဟာ ကရင်အမျိုးသားထုတရပ်လုံးရဲ့အလံဖြစ်တယ်။အမျိုးသားအလံတော်ကိုပါတီအလံအဖြစ်အသုံးပြုပြီး နအဖလုပ်မယ့်ရွေးကောက်ပွဲကိုဝင်မယ်ဆိုတာကတကယ်မလုပ်သင့်တဲ့ကိစ္စပါ။အဲဒါကြောင့် ကန့်ကွက်ရတာပါ။ဒီလိုလုပ်တာဟာနအဖနဲ့ပေါင်းပြီးကရင်တမျိုးသားလုံးကိုစော်ကားလိုက်တာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ကရင်ပြည်သူ့ပါတီ(ကေပီပီ)သည်နအဖပြုလုပ်မည့်၂၀၁၀ရွေးကောက်ပွဲဝင်ရောက်ရန် ကရင်အမျိုးသားအလံကိုပါတီအလံအဖြစ်အသုံးပြုပြီးဝင်ရောက်ယှဉ်ပြိုင်မည်ဟုပါတီ၏ဒု-ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုင်မွန်သာကပြည်တွင်းအပတ်စဉ်ထုတ်ဂျာနယ်များတွင်မကြာသေးမီရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ကရင်အမျိုးသားအစည်းအရုံးကသောကြာနေ့တွင်ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားသည်။
ကရင်အမျိုးသားအလံတော်ကိုအသုံးပြု၍ရွေးကောက်ပွဲမှတ်ပုံတင်ရန်လျှောက်ထားသည့် ကရင်ပါတီနှစ်ခုမှာ ကရင်ပြည်သူ့ပါတီ(ကေပီပီ)နှင့် ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်ပါတီ (ယူကေအယ်လ်) တို့ဖြစ်သည်။
တပ်မတော်ရေမှအရာရှိဟောင်းစောထွန်းအောင်မြင့်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်ကရင်ပြည်သူ့ပါတီသည် ပါတီအသစ်ဖြစ်ပြီးပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်ပါတီမှာပြီးခဲ့သည့်၁၉၉၀ခုနှစ် ပါတီစုံရွေးကောက်ပွဲ၌မဲဆန္ဒနယ်အသီးသီးတွင်ရှုံးနိမ့်ခဲ့သည်ဟုယင်းပါတီမှ အဖွဲ့ဝင်တဦးကပြောသည်။
အမေရိကန်၊ကနေဒါ၊ဂျပန်၊သြစတြေးလျ၊အင်္ဂလန်၊နယူးဇီလန်၊ထိုင်း၊ဆွီဒင်အပါအ၀င်နိုင်ငံတကာရှိ ကရင်အမျိုးသားအဖွဲ့အစည်းများကလည်းကရင်အလံကိုအသုံးပြု၍ရွေးကောက်ပွဲဝင်မည်ကို ကန့်ကွက်ရှုတ်ချကြသည်။
အမေရိကန် မန်ဏီဆိုးလားကရင်ကွန်မြူနီတီ(ကေစီအန်)အဖွဲ့၏နာယကမန်းရောဘတ်ဇန်က“ဒီကိစ္စကိုလုံးဝလက်မခံနိုင်ဘူး။နအဖရဲ့ချည်ပြီးတုပ်ပြီးလုပ်တဲ့ရွေးကောက်ပွဲကိုဝင်လို့ဘာအကျိုးမှမရှိဘူး၊ နိုင်မှာလည်းမဟုတ်ဘူး။နအဖအလိုကျပဲဖြစ်မယ်။ဒီလူတွေဟာကရင်အမျိုးသားတွေကိုလည်းလုံးဝကိုယ်စားမပြုဘူး၊ကရင်အလံသုံးတာကိုလည်းလုံးဝလက်မခံနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ကရင်အမျိုးသားအလံတော်ကို၁၉၃၆ခုနှစ်ဒေါက်တာဘမော်၏ညွန့်ပေါင်းအစိုးရလက်ထက်တွင်(ဒေါကလူ) ခေါ်ကရင်အမျိုးသားအဖွဲ့ချုပ်၏ဆုံးဖြတ်ချက်အရလွှတ်တော်အတွင်းရှိကရင်အမတ်များအရေးဆိုရာမှတရားဝင်အသိအမှတ်ပြုရရှိခဲ့ခြင်းဖြစ်သည်။





Geen opmerkingen: