မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 26 april 2010

နယ်ခြားစောင့်တပ်လက်မခံသည့်ကရင်အဖွဲ့၏စီးပွားရေးလုပ်ငန်းများစတင်ကန့်သတ်ပိတ်ပင်ခံရ

ရဲရင့် /၂၆ဧပြီ၂ဝ၁ဝ
နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းမည့်ကိစ္စကိုလက်မခံသည့်စောဌေးမောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏စီးပွားရေးလုပ်ငန်းများကိုနအဖကစတင်ကန့်သတ်ပိတ်ပင်လိုက်သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါအဖွဲ့မှစီးပွားရေးလုပ်ငန်းဆိုင်ရာတာဝန်ရှိသူတဦးက“မနေ့တနေ့ကစပြီးမြ၀တီကနေအောက်ကို ကုန်ပစ္စည်းပို့တဲ့ကားကြီးတွေကိုခွင့်မပြုတော့ဘူး။နောက်ပြီးမကြာခင်မှာကျနော်တို့ရဲ့ခရီးသည်တင်ကား ပြေးဆွဲမှုတွေလည်းရပ်ထားရတော့မယ်လို့သတင်းရထားတယ်။အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ အဖိုးစောဌေးမောင်ကတော့နယ်ခြားစောင့်တပ်အသွင်ပြောင်းရမယ့်ကိစ္စကိုလုံးဝလက်မခံဘူး။ဒါကြောင့် ကျနော်တို့အဖွဲ့ကိုအခုလိုမျိုးပြဿနာစလုပ်တာဖြစ်တယ်”ဟုပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကနအဖ၏အမိန့်ကိုလက်မခံရခြင်းမှာနယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပါကလက်ရှိမိမိတို့အဖွဲ့အစည်း၏အမည်၊အဖွဲ့၏အလံအပါအ၀င်တပ်ဖွဲ့အမှတ်အသားများနှင့် တပ်ဖွဲ့ဝင်များ၏စစ်ယူနီဖောင်းမှအစပြောင်းလဲဝတ်ဆင်ရမည်ဖြစ်ပြီးနအဖအပေါ်သစ္စာရှိပါမည်ဟု ကတိပြုကြရမည်ဖြစ်သည့်အတွက်မိမိတို့ရည်ရွယ်ချက်များနှင့်လုံးဝသွေဖည်သဖြင့် လက်မခံခြင်းဖြစ်သည်ဟု၎င်းကပြောဆိုသည်။
ကေအန်ယူ-ကေအန်အယ်လ်အေငြိမ်းချမ်းရေးကောင်စီအပါအ၀င်နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကျန်ရှိနေသည့်တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကိုယခုလ(၂၈)ရက်တွင်နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟုအမိန့်ထုတ်ထားပြီးလက်မခံသည့်အဖွဲ့အစည်းများကိုမတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်းနအဖစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ခြိမ်းခြောက်ပြောဆိုထားသည်ဟုအပစ်ရပ်အဖွဲ့များကပြောသည်။
စောဌေးမောင်အဖွဲ့အနေဖြင့်နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကိုလက်မခံပါကဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟုနအဖကပြောဆိုလာသော်လည်းမည်သည့်ပြောင်းလဲဖွဲ့စည်းမှုကိုမှလက်မခံဟု ကရင်ငြိမ်းချမ်းရေးကောင်စီကပြောကြားလိုက်သည်။
နယ်ခြားစောင့်တပ်အဖြစ်လက်မခံသည့်ကိစ္စကိုကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ၎င်းတို့ဌာနချုပ်တည်ရှိရာကော့ကရိတ်မြို့နယ်ထော့ကိုကိုးကျေးရွာတွင်ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့်ဒေသခံအချို့တို့အားအသိပေးသည့်ရှင်းလင်းပွဲတရပ်ကို ယနေ့ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင်ကရင်ငြိမ်းချမ်းရေးကောင်စီကနယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကိုလက်မခံဘဲ ကရင်အာဇာနည်ဖြစ်သည့်စောဘဦးကြီးချမှတ်သွားသည့်လက်နက်ချစကားအလျဉ်းမပြောရ၊ ကရင့်လက်နက်ကရင့်လက်ထဲရှိရမည်၊ကရင့်ကံကြမ္မာကရင်ဖန်တီးမည်၊ကရင်ပြည်ကိုအသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုသည့်မူ(၄)ချက်ကိုဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။
နအဖ၏နယ်ခြားစောင့်တပ်တွင်အပစ်ရပ်အဖွဲ့များမှအသက်(၄၀)အောက်များကိုသာလက်ခံပြီး ကန့်သတ်အသက်ကျော်လွန်သည့်ကျန်တပ်ဖွဲ့ဝင်များမှာအဖွဲ့မှထွက်ပေးရမည်ဖြစ်ကာ ၎င်းတို့ဖွဲ့စည်းပေးသည့်တပ်ဖွဲ့ဝင်အရေအတွက်အတိုင်းထုတ်ပေးသည့်လက်နက်များကိုသာ ကိုင်ဆောင်ရမည်ဖြစ်ပြီးအပစ်ရပ်အဖွဲ့များရှိလက်နက်အားလုံးကိုနအဖထံပေးအပ်ရမည်ဟု မွန်အပစ်ရပ်အဖွဲ့မှတာဝန်ရှိသူတဦးကပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည်နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်ကိစ္စကိုလက်မခံနိုင်ကြောင်း ယမန်နှစ်နှစ်ကုန်ပိုင်းဘားအံမြို့၌နအဖအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့်ဆွေးနွေးခဲ့ရာတွင်စောဌေးမောင်က ပြောကြားထားပြီးဖြစ်သည်။
စောဌေးမောင်နှင့်အဖွဲ့သည်၂၀၀၇ခုနှစ်ကကေအန်ယူမှခွဲထွက်ပြီးနအဖနှင့်ပူးပေါင်းကာကေအန်ယူ-ကေအန်အယ်လ်အေငြိမ်းချမ်းရေးကောင်စီအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးကော့ကရိတ်မြို့နယ်ထော့ကိုကိုးရွာတွင် အခြေစိုက်သည်။





Geen opmerkingen: