မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

ပြည်ပအဖွဲ့များ ဗုံးဖောက်ခွဲဟု ကြေးမုံ စွပ်စွဲ

ဧရာဝတီ Monday, April 19, 2010
.သင်္ကြန်တွင်းရန်ကုန်မြို့ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ပြည်ပအခြေစိုက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)(NLD-LA)နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ကိုစစ်အစိုးရကစွပ်စွဲထားသည်။
ကြာသပတေးနေ့ကပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးတွေ့နေရသောကြက်ခြေနီများ၊လုံခြုံရေး ဝန်ထမ်းများ (ဓာတ်ပုံ-ရိုက်တာ)
ယမန်နေ့ကထုတ်ဝေသည့်အစိုးရပိုင်ကြေးမုံသတင်းစာတွင်ဗုံးဖောက်ခွဲသူများကိုကြိုးကိုင်ထောက်ပံ့ စေခိုင်းနေသူပြည်သစ်ညွန့်ဝေခေါ်မောင်မောင်(NLD–ဗဟို အလုပ်အမှုဆောင်ဦးညွန့် ဝေ၏သား)၊ ၀ါရှင်တန်မှ ဒေါ်လာ ပေးပို့၊ ဗုံးပေးပို့ စီစဉ်သူ ဒါရိုက်တာမှာ NCGUB ခေါ် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်ဆိုသူ ပြည်ပြေး စိန်ဝင်း (ပြည်တွင်း၌ ရှိစဉ်က အမျိုးသား ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်၏ မောင်တ၀မ်းကွဲ) ဟု ဖော်ပြထားသည်။
နယ်စပ်ဒေသရှိသောင်းကျန်းသူများ၊ပြည်ပြေး(ဒုက္ခသည်အမည်ခံ)စခန်းများတွင်အနောက်နိုင်ငံသားများ လာရောက်ပြီး ဗုံးခွဲ၊မိုင်းထောင်နည်းသင်ပေးကြောင်း၊ဂျင်းရှပ်ဆိုသူအမေရိကန်အဖျက်သမား၏ ထိပ်တိုက် ရင်ဆိုင်ဆန့်ကျင်ရေးသင်တန်းသို့ NLD-LA)၊ ABSDFဘုရားသခင်၏ စစ်သည်တော်အဖွဲ့ စသည့် ပြည်ပြေး သောင်းကျန်းသူများ တက်ရောက်ခဲ့သည်ဟုလည်း သတင်းစာတွင် ရေးသားထားသည်။
NLD(LA)နိုင်ငံခြားရေးရာတာဝန်ခံကိုမိုးဇော်ဦးက“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတစုံတရာပြဿနာ ရှာချင်တာ၊တခုခုစွပ်စွဲချင်တာရှိတဲ့အတွက်ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေရဲ့ နာမည်ကိုပါဆွဲထည့်တယ်လို့ ကျနော်ထင်တယ်”ဟုဧရာဝတီသို့ ပြောသည်။
ပြည်သူလူထုကိုထိခိုက်နစ်နာမည့်အကြမ်းဖက်မှုများကိုလုံးဝအားမပေးကြောင်းနှင့်ထိုသို့ ပြုလုပ်သူများကိုလည်းအမြဲတမ်းရှုတ်ချကြောင်း၎င်းကဆိုသည်။
ABSDFတွဲဖက်အထွေထွေအတွင်းရေးမှူးကိုဆလိုင်းယောအောင်ကယင်းပေါက်ကွဲမှုနှင့် ပတ်သက်မှုမရှိကြောင်းနှင့် ပြည်သူကို ထိခိုက် နစ်နာအောင် မပြုလုပ်ကြောင်း ငြင်းဆိုလိုက်သည်။
ကိုဆလိုင်းယောအောင်က“နအဖ ဗိုလ်ချုပ်ကြီးတွေကြားထဲမှာ အချင်းချင်း ပြဿနာတွေရှိတယ်။အဲဒီ အပေါ်မှာအဓိကကတော့ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလုပ်ကြံချင်တာလည်းဖြစ်နိုင်တယ်။နောက် တခုကတော့ဖိုးလပြည့်ပေါ့။ဖိုးလပြည့်ဆိုတာကလည်းဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုတိုက်ရိုက်နည်းနဲ့ သော်လည်းကောင်း၊သွယ်ဝိုက်နည်းနဲ့သော်လည်းကောင်းသက်ဆိုင်နေတော့အဲဒါကိုခုတုံးလုပ်ပြီး သူတို့အချင်းချင်း ဖြစ်တဲ့ ပြဿနာလို့ ကျနော်တို့မြင်တယ်” ဟု ဆက်ပြောသည်။
သင်္ကြန်အကြတ်နေ့၊ကြာသပတေးနေ့ကမင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်ကြီးအနီးရှိX2O ရေကစားမဏ္ဍပ် အနီး၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ ပြည်ပအခြေစိုက် အဖွဲ့ဝင်များကို စစ်အစိုးရက ယခုကဲ့သို့ စွပ်စွဲခြင်းဖြစ်သည်။
ပေါက်ကွဲမှုနှင့်ပတ်သက်ပြီးရန်ကုန်တိုင်းမှုခင်းဌာနသို့ဧရာဝတီကစုံစမ်းမေးမြန်းခဲ့ရာတာဝန်ကျရဲတဦးက မသိရှိရကြောင်းသာဖြေကြားခဲ့သည်။
ရန်ကုန်မြို့ရှိသတင်းသမားများအဆိုအရဗုံးပေါက်ကွဲခဲ့သည့်နေ့မှစ၍ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ပြည်တွင်းမီဒီယာများကဆက်သွယ်မေးမြန်းခဲ့ကြသော်လည်း၎င်းတို့က ဖြေပိုင်ခွင့်မရှိကြောင်းသာပြန်လည်ပြောဆိုခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပေါက်ကွဲမှုတွင် စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ အမျိုးသားနှင့် အမျိုးသမီး ၈ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ စုစု ပေါင်း လူဦးရေ ၁၇၀ ရှိကြောင်း သိရသည်။
ရန်ကုန်တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်စနေနေ့တွင်ကချင်ပြည်နယ်ရှိမြစ်ဆုံရေကာတာစီမံကိန်း ဆောင်ရွက်နေသည့်အနီးဝန်းကျင်၌ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
မြစ်ဆုံရေကာတာစီမံကိန်းကိုတည်ဆောက်နေသည့်အေရှားဝေါလ်ကုမ္ပဏီဆက်သွယ်ရေးရုံး အဆောက်အဦးနှင့်တရုတ်ပညာရှင်များနေထိုင်သည့်နေရာများတွင်ဗုံးများပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဌာနနှင့်တရုတ်အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့ကပူးပေါင်းဆောင်ရွက်၍ စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ခေါ်စတီဗင်လောပိုင်ဆိုင်သည့်အေရှားဝေါလ်ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

Geen opmerkingen: