မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 22 april 2010

တွံတေးတွင်အပူချိန်လွန်အဖျားရောဂါဖြစ်

စိုးမိုး/၂၂ ဧပြီ ၂ဝ၁ဝ
ရန်ကုန်တိုင်းတွံတေးမြို့နယ်တွင်ကလေးငယ်အများစုသည်အပူချိန်လွန်အဖျားရောဂါဖြစ်ပွားနေကြောင်း သိရသည်။
သင်္ကြန်မတိုင်မီကတည်းကတွံတေးမြို့နယ်တွင်းရှိကလေးငယ်အချို့တွင်အဖျားရောဂါစတင်ဖြစ်ပွားခဲ့ပြီး ယခုအခါကလေးတိုင်းနီးပါး ဖြစ်ပွားလာနေကာရုတ်တရက်ကိုယ်ပူချိန်(၁၁၀)ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာခြင်း၊ကိုယ်ခန္ဓာတွင်အနီကွက်များဖြစ်ပေါ်လာခြင်းစသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေကြသည်။
“ရွာထဲမှာတော်တော်ဖြစ်နေတယ်။အပူချိန်ကနေ့ခင်းပိုင်းဆိုကျဲကျဲတောက်ပူနေတယ်။လူကြီးတွေကတော့ ပူတာခံနိုင်ပေမယ့်ကလေးတွေကမခံနိုင်ဘူး။ပူတဲ့အပြင်ကိုသင်္ကြန်တွင်းရေဆော့ပြီးတော့အခု စုပြုံဖြစ်တာလို့ ပြောနေကြတာပဲ။ကလေးတိုင်းလိုလိုဖြစ်နေတယ်”ဟုတွံတေးမြို့မိဘမဲ့ပရဟိတကျောင်းမှ ကျောင်းဆရာတဦးကပြောသည်။
တွံတေးမြို့နယ်ဆေးရုံတွင်ကလေးလူနာများဖြင့်ပြည့်နေပြီးအချို့ကိုရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ထားရကြောင်းသိရသည်။
“ကျနော်သိသလောက်တချို့ကလေးတွေရေခဲနဲ့တောင်ရေချိုးပေးရတယ်ပြောတယ်”ဟု အဆိုပါကျောင်းဆရာကပြောကြားသည်။
ယင်းအဖျားရောဂါကိုတွံတေးဒေသခံများကဂျပန်တုပ်ကွေးဟုပြောဆိုနေကြပြီးတွံတေးမြို့နယ် ကျန်းမာရေးဌာနကတွံတေးမြို့နယ်အတွင်းစစ်ဆေးမှုများလုပ်ဆောင်နေသည်ဟုသိရသည်။
စံချိန်တင်အပူချိန်မြင့်တက်လာသည့်မြန်မာနိုင်ငံတွင်ယမန်နှစ်ကရန်ကုန်တိုင်းသာကေတမှစတင်ကာ လူထုအကြားဝမ်းရောဂါများဖြစ်ပွားခဲ့ပြီးယခုနှစ်တွင်တွံတေးမြို့နယ်အတွင်းအပူချိန်လွန်အဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်။
တွံတေးမြို့နယ်သည်နာဂစ်ဒဏ်သင့်ဒေသတခုဖြစ်ပြီးအခြားနာဂစ်သင့်လပွတ္တာမြို့နယ် ပင်လယ်ပိုင်းဒေသများတွင်လည်းရေချိုရှားပါးမှုကြောင့်ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်းသိရသည်။





Geen opmerkingen: