မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

လောင်းကစားလုပ်ငန်းကိုပြန်လုပ်ရန် ရဲအာဏာပိုင်များ တိုက်တွန်း

Monday, 19 April 2010 16:31 ဖြိုးကြီး
.ဘိုကလေးမြို့ပေါ်တွင်လောင်းကစားဒိုင်များကိုဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ပြီးဆက်လက်လုပ်ကိုင်ရန် ရဲတပ်ဖွဲ့အာဏာပိုင်များကတိုက်တွန်းမှုများပြုလုပ်နေကြောင်းမြို့ခံတဦးကပြောသည်။
ပြီးခဲ့သည့်လ၂၂ရက်နေ့တွင်လောင်းကစားဒိုင်အချို့ကိုဖမ်းဆီးပြီး၃ရက်အကြာတွင်ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါနှစ်လုံးသုံးလုံးထီများကိုလွတ်လပ်စွာရောင်းချရန်ဘိုကလေးမြို့အမှတ်(၃)ရပ်ကွက် နယ်ထိန်းအောင်ဇော်မင်း၏သတင်းပေးတဦးကလိုက်လံပြောဆိုနေကြောင်းမြို့ခံကပြောသည်။
“အရင်ကဒိုင်ကိုင်တဲ့သူတွေကဒီအလုပ်ကိုစွန့်လွှတ်ဖို့ကြိုးစားနေတာကိုနယ်ထိန်းရဲ့သတင်းပေး သံချောင်းဆိုသူကလိုက်ပြီးအရင်လိုဒိုင်ပြန်လုပ်ဖို့တိုက်တွန်းပြောနေတာ၊အခုတချို့က ဒိုင်ပြန်ကိုင်နေကြတယ်”ဟုပြောသည်။
ဘိုကလေးမြို့ပေါ်လောင်းကစားကိစ္စများကိုစုံစမ်းစစ်ဆေးမည့်ဒေးဒရဲမြို့နယ်မှူးနှင့်ဘိုကလေးရဲတပ်ဖွဲ့ အာဏာပိုင်များက၁လပိုင်း၁၄ရက်နေ့တွင်တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ကာစစ်ဆေးမှုများကိုပေါ့လျော့စွာ စစ်ဆေးခဲ့ကြောင်း၎င်းကဆက်ပြောသည်။
“သူတို့တွေကဘိုကလေးမြို့ပေါ်ကဒဂုံစားသောက်ဆိုင်အခန်း(၂)မှာတွေ့ပြီးဘာတွေမေးမယ် ဘယ်လိုဖြေရမယ်ဆိုတာကိုကြိုတင်ပြောဆိုပြီးပိုက်ဆံ(၁၅)သိန်းကိုပေးလိုက်တာ၊နောက်နေ့ကျတော့ တိုင်ပင်ထားတဲ့အတိုင်းထွက်ဆိုလိုက်ကြတာ၊အဲဒီလိုညှိနှိုင်းမှုတွေလုပ်ဖို့စီစဉ်ပေးတာက အရင်ကဘိုကလေးကနယ်ထိန်းခေါင်းဆောင်အခုမိချောင်းအိုင်ရဲကင်းမှူးဖြစ်နေတဲ့ဒုရဲအုပ်အေးထွန်းက လုပ်ပေးတာ”ဟုမြို့ခံကဆက်ပြောသည်။
ယခုအခါဘိုကလေးရဲတပ်ဖွဲ့ဝင်များ၏တိုက်တွန်းချက်မှုကြောင့်လောင်းကစားလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေသည့်ဒိုင်(၂၀)ဦးရှိပြီးသက်ဆိုင်ရာအထက်အာဏာပိုင်များက လာရောက်စစ်ဆေးသော်လည်း ငွေကြေးလာဘ်ထိုးပြီး အရေးယူခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

Geen opmerkingen: