မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 april 2010

ကလေးမြို့မီး အိမ် ၂၃ လုံး လောင်၊ ၁၂ဝ ကျော် အိုးအိမ်မဲ့

မဇ္ဈိမသတင်းဌာန

တနင်္လာနေ့၊ဧပြီလ၁၂ရက်၂၀၁၀ခုနှစ်၁၅နာရီ၂၃မိနစ် .
နယူးဒေလီ ။ ။ စစ်ကိုင်းတိုင်းကလေးမြို့နယ်စော်ဘွားရေရှင်ကျေးရွာတွင်ယခုလ၉ရက်နေ့ကနေအိမ်၂၃လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားကာ၊လူဦးရေ၁၂ဝကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြောင်းသိရသည်။
တောမီးမှတဆင့်ဝါးကပ်ကာသက်ကယ်မိုးနှင့်ပျဉ်ထောင်ကာသွပ်မိုးနေအိမ်၂၃လုံး ကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးဘေးဒုက္ခသည်၁၂၆ဦင်္းရှိကြောင်းကလေးမြို့မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများအဆိုအရသိရခြင်းဖြစ်သည်။
“၉ ရက်နေ့ ညနေပိုင်း၂နာရီခွဲလောက်ကလောင်တာပါ။တောမီးကနေလူနေအိမ်တွေကိုကူးလောင်တာပါ။ မီးသတ်ကား၇စီးသွားတယ်။ညနေ၅နာရီလောက်မှာမီးပြန်ငြှိမ်းနိုင်တယ်”ဟုကလေးမြို့မီးသတ်ဌာနမှ တပ်ကြပ်ကြီးဦးဖိုးနီကမဇ္ဈိမကိုပြောသည်။
              
စော်ဘွားရေရှင်သည်ကလေးမြို့မြောက်ဘက်၃၅မိုင်အကွာတွင်ရှိကာ၊ကလေး-တမူးကားလမ်းဘေးတွင် တည်ရှိပြီးအိမ်ခြေပေါင်း၅ဝဝခန့်ရှိသည်။
“C Group ကလောင်တာပါ။ကလေးမြို့ကနေတမူးမြို့သွားတဲ့လမ်းပေါ်မှာလောင်တာဖြစ်တယ်။ လမ်းအနောက်ဘက်က၅လုံးလောင်တယ်။လမ်းအရှေ့ဘက်က၁၈အိမ်လောင်တယ်။ညနေပိုင်း ၃ နာရီလောက်မှာကျနော်တို့ ရုံးကိုအကြောင်းကြားတယ်။ရုံးကား၇စီးချက်ချင်းသွားတယ်”ဟုသူက ဆက်ပြောသည်။
စော်ဘွားရေရှင်ကျေးရွာလူငယ်အဖွဲ့ဝင်ဦးရိုဆန်းက “လူအသေအပျောက်တော့မရှိဘူး။ဒဏ်ရာရတာလည်း မရှိကြဘူး။ဦးခုမ်းလျံနေအိမ်ကိုမီးစကျလို့ရွာထဲကိုကူးတာ။လေကတိုက်တော့မီးတအားမြန်တယ်။လူအားနဲ့ လုံးဝမနိုင်ဘူး။မီးသတ်ကားသာအချိန်မီမရောက်ရင်တရွာလုံးပြာကျမှာ”ဟုပြောသည်။
မီးလောင်နေစဉ်ကလေးမြို့မြို့နယ်နှင့်ခရိုင်အဖွဲ့ဝင်လူကြီးများရောက်ရှိလာကြောင်းနှင့်မည်သူ့ကိုမျှ အရေးယူခြင်းမရှိဘဲနေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန်အစိုးရထံတောင်းဆိုပေးမည်ဟု ပြောဆိုခဲ့ကြောင်းသူကဆက်ပြောသည်။
ယခုအခါမီးဘေးဒုက္ခသည်များသည်တွဲဖက်အလယ်တန်းကျောင်းတွင်ခေတ္တနေထိုင်လျက်ရှိပြီးလိုအပ်သည့် အစားအသောက်နှင့်အဝတ်အထည်များကိုဆွေမျိုးသားချင်းများကပေးဝေနေကြောင်းနှင့်ရပ်မိရပ်ဖများနှင့် လူငယ်အဖွဲ့ဝင်များကဒုက္ခသည်များအတွက်တမိသားစုစီနေထိုင်နိုင်ရန်ယာယီတဲအိမ်များ ဆောက်လုပ်ပေးနေကြောင်းသိရသည်။
မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာစုစုပေါင်းကျပ်သိန်း၂ဝခန့်ရှိကြောင်းတပ်ကြပ်ကြီးဦးဖိုးနီက ခန့်မှန်းသည်။
ယခုမီးလောင်မှုကြောင့်ပြီးခဲ့သည့်၁၉၉၆ခုနှစ်တွင်ရပ်မိရပ်ဖများကကိုယ်ထူကိုယ်ထ ဆောက်လုပ်ပေးခဲ့သောတွဲဖက်မူလတန်းကျောင်းတကျောင်းလည်းလောင်ကျွမ်းပျက်စီးသွားသည်။


(ဆလိုင်းထွန်း သတင်းပေးပို့သည်။)






Geen opmerkingen: