မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

ဗုံးခွဲတရားခံများအား သတင်းပေးနိုင်က ဆုငွေချီးမြှင့်မည်ဟု တယက ကြေညာ

အောင်ထက်/ ၁၉ ဧပြီ ၂ဝ၁ဝ
ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်ကြီးကန်ပတ်လမ်းရှိX2Oရေကစားမဏ္ဍပ်တွင်ဗုံးခွဲသည့် လက်သည်တရားခံများအားထိရောက်စွာသတင်းပေးနိုင်ပါကဆုငွေကျပ်(၁၀)သိန်းချီးမြှင့်မည်ဟု ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(တယက) မှ သိရသည်။
ယင်းညွှန်ကြားချက်ကိုဧပြီ(၁၈)ရက်တွင်ထုတ်ပြန်လိုက်ပြီးသက်ဆိုင်ရာခယက၊မယက၊ရယကရုံးများတွင် ထင်သာမြင်သာကပ်ထားမည်ဖြစ်ကြောင်းသိရသည်။
ဧပြီ (၁၅)ရက်သင်္ကြန်အကြတ်နေ့ မွန်းလွဲ(၃)နာရီခန့်တွင်ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2Oရေကစားမဏ္ဍပ်ရှေ့၌ဗုံး(၃)လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ (၈) ဦးသေဆုံးကာ(၁၇၀)ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထိုဗုံးပေါက်ကွဲမှုနောက်ပိုင်းထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်အပြည့်အစုံမှာ“မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၅.၄.၂၀၁၀ရက်နေ့တွင်ဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲမှုတွင်မသင်္ကာဖွယ်ရာအဖျက်သမား(၂)ဦးမှ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ထွက်ပြေးသွား၍အပြစ်မဲ့ ပြည်သူများသေဆုံး ဒဏ်ရာရရှိခဲ့ပါသည်။လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူများအားတွေ့ရှိသူများကသတင်းပေးနိုင်ရေးကူညီဆောင်ရွက်ပေးကြရန်နှင့်ထိရောက်သော သတင်းဖြစ်ပါကဆုငွေကျပ်(၁၀)သိန်းအားရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ချီးမြှင့်မည်”ဟုဖော်ပြပါရှိသည်။
ယင်းညွှန်ကြားချက်ပါမသင်္ကာဖွယ်အဖျက်သမား(၂)ဦးဟုတိကျစွာဖော်ပြထားခြင်းအပေါ်ပြည်သူများက သို့လောသို့လောအငြင်းပွားစရာဖြစ်နေကြသည်။
“အဖျက်သမား(၂)ဦးဆိုတာသူတို့အချင်းချင်းပဲသိနိုင်မယ်။အဲဒီနေ့ကကျနော်တို့ညီအစ်ကိုကX2Oပိုင် လိုက်အေ့စ်ဇုန်ကားရှေ့မှာရှိနေတယ်။အဲဒီမှာX2Oမဏ္ဍပ်ပေါ်က စူပါဝမ်းလင်ကွန်း စီးကရက်အမည်းဘူးလေးတွေကြွပ်ကြွပ်အိတ်နဲ့ ထုတ်ပြီးစင်အောက်ကြဲတယ်။ဒါလည်းသူတို့နေ့စဉ်ဝေနေကျ။အဲလိုဝေအပြီးမိနစ်ပိုင်းအကြာမှာဝုန်းဆိုထကွဲတာ။ကျနော့်အစ်ကိုခါးကိုတောင်ဗုံးစ စင်သွားသေးတယ်” ဟု မျက်မြင်လူငယ်တဦးက ဆိုသည်။
အခြား မျက်မြင်တဦးကလည်း “ပထမအလုံးနဲ့ မိနစ်ဝက်လောက်အကြာမှာနောက်ထပ်ဗုံး(၂)လုံး ဆက်ပေါက်တယ်။ လူတွေဆိုတာ ဖွေးခနဲပဲ။ သွေးတွေနဲ့ ကောင်မလေးတယောက်ဆို လက်ကလေးထောင်ပြီးလှုပ်ပြနေတာတွေ့ရတယ်။ကုလားကြီးတယောက်က ကျနော့်လက်ထဲမှာ သေသွားတယ်။ ရဲအုပ်တယောက်ဆို သွေးအိုင်ထဲကနေ အဘကို ခေါ်ပေးပါနဲ့ ကယောင်ကတမ်း အော်နေတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။
အဆိုပါ X2Oမဏ္ဍပ်သည်နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေးဖိုးလပြည့်၏သူငယ်ချင်းဖိုးအေးဆိုသူ၏ မဏ္ဍပ်ဖြစ်ကြောင်း၊သင်္ကြန်အကျနေ့နေ့လယ်မတိုင်မီတွင်ဖိုးလပြည့်က(၁၅)မိနစ်ခန့် ရေပက်ကစားခဲ့ကြောင်း၊ဗုံးပေါက်ကွဲသည့်သင်္ကြန်အကြတ်နေ့တွင်X2Oမဏ္ဍပ်သို့ဖိုးလပြည့် ရောက်ရှိမလာကြောင်း မဏ္ဍပ်တွင် ရေကစားသူတဦးက ပြောသည်။
မျက်မြင်အချို့ကမူ“ဗုံးမပေါက်မီနာရီဝက်လောက်အလိုမှာစစ်ဒေသမှူးအပါအ၀င်ဒေသအာဏာပိုင်တွေ X2O မဏ္ဍပ်ရှေ့ရောက်လာတယ်။သတင်းရလို့လား၊ပုံမှန်စစ်ရိုးစစ်စဉ်လားမသိဘူး။မဏ္ဍပ်ဝန်းကျင်ကို လာစစ်တယ်။ဗုံးရှိနေတယ်လို့လည်းပြောနေကြတယ်။အဲဒီစစ်ဒေသမှူးသားနဲ့ဖိုးလပြည့်တို့က အရင်ကတည်းက အငြိအစွန်းတွေ ရှိတယ်လည်း ကြားတယ်” ဟု ပြောကြသည်။
လုံခြုံရေးယာဉ်များနှင့်ဆေးရုံလူနာတင်ကားများသင်္ကြန်အကျနေ့ကတည်းကကန်တော်ကြီးပန်းခြံအတွင်း အသင့်ရှိနေခြင်းကလည်းထူးခြားချက်တရပ်ဟုအချို့ကယူဆနေကြသည်။
“လုံခြုံရေးယာဉ်တွေ ရှိနေတာ ထားတော့။ လူနာတင်ကားက ဘာလို့ ကြိုစောင့်နေရတာလဲ။ ဗုံးကွဲပြီးပြီးချင်း လူနာတင်ကား ချက်ချင်း ရောက်လာတယ်။ ဗုံးပေါက်တော့မယ်ဆိုတာ ကြိုသိနေလို့လား။ ဒါကြောင့် ကြိုတင်အကွက်ချ စီမံထားတာလား သံသယဖြစ်စရာပဲ” ဟု အချို့က မေးခွန်းထုတ်နေကြသည်။
X2Oမဏ္ဍပ်ပေါ်ရှိရေကစားသူများတဦးတယောက်မှထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ခြင်းအပေါ်အဆိုပါဗုံးသည် စီးကရက်ကြဲဖြန့်ချိန်သို့မဟုတ်အင်အားပြင်းလှသောရေလုံးအားနှင့်အတူပါလာခြင်းဖြစ်နိုင်သည်ဟုအချို့က သုံးသပ်ကြသည်။
“ဗုံးအမျိုးအစားခွဲခြားတာ၊ဗုံးအစအနရှာဖွေတာတွေကိုစစ်မြေပြင်အင်ဂျင်နီယာတပ်တွေသာ လုပ်ကြပါတယ်။သူတို့တွေတယောက်မှရောက်မလာဘဲယာဉ်ထိန်းရဲတွေကပေကြိုးဆွဲ၊ မြေပြင်ရှင်းလင်းရေးတွေလုပ်နေတာသဘာဝမကျဘူး။ ကိုယ့်လူနဲ့ကိုယ်အဖွင့်အပိတ် စည်းဝါးရိုက်ထားလည်း ဖြစ်နိုင်တယ်” ဟု အများက သံသယ၀င်နေကြသည်။
နအဖလက်ထက်အရုပ်ဆိုးအကျည်းတန်စေခဲ့သော(S2)ဗိုလ်ချုပ်ကြီးတင်ဦး၏သမီးသေဆုံးသွားသည့် စာအိတ်ဗုံးကိစ္စ၊ကမ္ဘာအေးဘုရားပန်းအိုးအတွင်းမှပေါက်ကွဲခဲ့သောဗုံးကိစ္စ၊၀င်ဒါမီယာ(၅)လောင်းပြိုင် လူသတ်မှု၊မြေနီကုန်းJunction8Centerဗုံးပေါက်ကွဲမှုဖြစ်စဉ်များသည်ယနေ့အထိလက်သည်တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။





Geen opmerkingen: