မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 april 2010

ဘိုကလေး NLD ခေါင်းဆောင်နှစ်ဦး ပြန်လွတ်လာ

မြင့်မောင်
သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၁ မိနစ်
.နယူးဒေလီ(မဇ္ဈိမ)။ ။ဧရာဝတီတိုင်းဘိုကလေးမြို့နယ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှစည်းရုံးရေး ကော်မတီဥက္ကဋ္ဌဦးအောင်ခင်ဗိုလ်နှင့်တွဲဘက်အတွင်းရေးမှူးဒေါ်မိမိစိန်အားအကျဉ်းထောင်များမှ နေ့နံနက်တွင်ပြန်လွှတ်ပေးလိုက်သည်။ ဥက္ကဋ္ဌဦးအောင်ခင်ဗိုလ်အားသရက်ထောင်မှလွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ဒေါ်မိမိစိန်အားအင်းစိန်ထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“စည်းရုံးရေးကော်မတီဥက္ကဋ္ဌဦးအောင်ခင်ဗိုလ်ဒီနေ့နံနက်ပိုင်းကပြန်လွတ်လာတယ်။အခုသူရန်ကုန်ကို လာတဲ့လမ်းပေါ်မှာရောက်နေပါပြီ။မနက်ဖြန်ဆိုရင်ရန်ကုန်ရုံးချုပ်ကိုရောက်လာပါလိမ့်မယ်”ဟု ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ယနေ့တွင်အင်းစိန်အကျဉ်းထောင်မှအကျဉ်းသား၃ဝဝကျော်လွှတ်ပေးရာနိုင်ငံရေးအကျဉ်းသားဟူ၍ ဒေါ်မိမိစိန်သာပါဝင်သည်။
“၁၁နာရီကလွှတ်ပေးလိုက်တယ်။လွတ်ရက်စေ့ပြီဆိုတော့ပြန်လွှတ်ပေးလိုက်တာပါ”ဟုဒေါ်မိမိစိန်က မဇ္ဈိမကိုပြောသည်။
ဦးအောင်ခင်ဗိုလ်နှင့်ဒေါ်မိမိစိန်တို့က၂ဝဝ၇ခုနှစ်စက်တင်ဘာလအတွင်းကဘိုကလေးမြို့နယ် ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြရာတွင်ပါဝင်သဖြင့်ဖမ်းဆီးခံခဲ့ရသည်။သူတို့အားနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေမှု-ပုဒ်မ၅ဝ၅(ခ)၊တရားမဝင်လူစုလူဝေးမှု-ပုဒ်မ၁၄၃တို့ဖြင့်၂ဝဝ၈ခုနှစ် သြဂုတ်လ၂၈ရက်နေ့တွင်အလုပ်ကြမ်းနှင့်ထောင်ဒဏ်၂နှစ်နှင့်၆လချမှတ်ခဲ့သည်။
“ကျမထောင်ထဲမှာရောဂါတခုဖြစ်လို့ဆေးပြဖို့အခြေအနေဖြစ်လာတယ်။အင်းစိန်ထောင်ကို၉လပိုင်း၁ဝ ရက်နေ့၂ဝဝ၉ခုနှစ်မှာရောက်လာတယ်။အင်းစိန်ထောင်တွင်းဆေးရုံကိုတက်နေရတယ်။၁၈ရက်နေ့မှာ ကျမကို၎ဝ၁နဲ့လက်မှတ်ထိုးဖို့ခေါ်ပြောတယ်။၎ဝ၁ထိုးပြီးတော့မထွက်ချင်ဘူး။ကျမတို့ကတရားမျှတတဲ့ အလုပ်ကိုလုပ်ရင်းနဲ့မတရားအဖမ်းခံရတယ်လို့ကျမမှတ်ယူထားတယ်။အဲဒီအတွက်ခံဝန်ကတိလက်မှတ် မထိုးတဲ့အတွက်အခုမှလွှတ်ပေးလိုက်တာဖြစ်တယ်”ဟုဒေါ်မိမိစိန်ကပြောသည်။
စစ်အစိုးရကထုတ်ပြန်သောရွေးကောက်ပွဲဥပဒေများသည်တရားမျှတမှုမရှိသဖြင့်ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သောNLDခေါင်းဆောင်များအစည်းအဝေးကတညီတညွတ်တည်းဆုံးဖြတ်ခဲ့ခြင်းအပေါ် ထောက်ခံကြောင်းသူကပြောသည်။

Geen opmerkingen: