မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 22 april 2010

တရုတ်နယ်စပ်အပစ်ရပ်အဖွဲ့များစစ်ရေးပူးပေါင်းမှုဆွေးနွေး

ရန်ပိုင် Thursday, April 22, 2010
.နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍စစ်အစိုးရကစစ်ရေးအရတိုက်ခိုက်ခဲ့လျှင်တရုတ်-မြန်မာ နယ်စပ်ရှိအပစ်ရပ်အဖွဲ့များကြားပူးပေါင်းဆောင်ရွက်မှုများပိုမိုပြုလုပ်ရန်ဆွေးနွေးပွဲတရပ်ကိုယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဧပြီ၁၆ရက်ကကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIAတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
အဆိုပါ ဆွေးနွေးပွဲသို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)မိုင်းလားအဖွဲ့၊၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)၊ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍စစ်ရေး ဆိုင်ရာများဆွေးနွေးကြောင်းUWSAအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ကိုးကန့်ကိစ္စကိုသင်ခန်းစာယူပြီးတော့အဲ့သည်လိုမျိုးမဖြစ်အောင်ဘယ်လိုကြိုတင်ကာကွယ်စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် UWSAအဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာယခင်ကတောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။
UWSAအဖွဲ့မှတောင်းဆိုခဲ့သည့်အချက်များမှာမိုင်းပေါက်နှင့်မိုင်းဖြန်ဒေသကိုပေါင်း၍မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ်ပေးပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၀တိုင်းဒေသကြီးအတွင်းထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိဝမ်ဟုန်စစ်ဒေသကို စစ်တိုင်းကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကိုUWSAတပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။
သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။
UWSAအဖွဲ့ကလည်းစစ်အစိုးရတပ်များနှင့်ထိတွေ့နေသည့်ဒေသများတွင်လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်းမှုများပြုလုပ်ထားကြောင်း ဦးစိန်ကြည်ကဆက်လက်ပြောဆိုသည်။
စစ်အစိုးရတပ်များနှင့်ရင်ဆိုင်ထားသည့်ဒေသများမှာတန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ဟိုပန်ဒေသ၊ကျိုင်းတုံမြို့နယ်အရှေ့မြောက်ဘက်ရှိမိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။
ပြီးခဲ့သည့်အင်္ဂါနေ့ကစစ်အစိုးရတပ်များစစ်ကားအစီး၅၀ကျော်နှင့်ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။
ဝနယ်မြေရှိဒေသခံတဦးကမူ“ဒီမှာကတော့အားလုံးပုံမှန်အတိုင်းပဲ၊လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ဒါပေမယ့်တကယ်ဖြစ်လာလို့တပ်ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။
မကြာသေးမီက၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့်အစိုးရ၀န်ထမ်းများကိုမူUWSAအဖွဲ့က ပြန်လာခွင့် မပေးကြောင်း၎င်းကဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့်UWSAအဖွဲ့ကြားတွင်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန်နည်းပါးကြောင်း၊စစ်အစိုးရအနေဖြင့်ကိုးကန့်အရေးကဲ့သို့အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်စစ်အစိုးရကိုယ်စားလှယ်များယနေ့မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊စစ်အစိုးရကိုယ်စားလှယ်ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့်အတူဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်းလိုင်ဇာအခြေစိုက်ကချင်လွတ်လပ်ရေးအဖွဲ့မှအရာရှိတဦးကဧရာဝတီသို့ပြောသည်။
စစ်အစိုးရကအပစ်ရပ်အဖွဲ့များကိုနယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲရန်ယနေ့နောက်ဆုံး သတ်မှတ်ထားပြီးလာမည့်ဧပြီလ၂၈ရက်နေ့ ကျော်လွန်လျှင်မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။

Geen opmerkingen: