မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

နာရေးကူညီမှုအသင်းတွင် စာနယ်ဇင်းသမားများ

မျိုးချစ်သူ/ ၁၉ ဧပြီ ၂ဝ၁ဝ
နာရေးကူညီမှုအသင်း (ရန်ကုန်)က မြန်မာနှစ်ဆန်း (၁)ရက်နေ့ ဧပြီလ (၁၇)ရက်တွင် ပထမဦးဆုံးအကြိမ်အဖြစ်အသုဘပို့နောက်လိုက်ယာဉ်ကိုအခမဲ့စီစဉ်ပေးခဲ့ကြောင်း နာရေးကူညီမှုသင်းဥက္ကဋ္ဌဦးကျော်သူကပြောသည်။
ယင်းနေ့တွင်ပြည်တွင်းစာနယ်ဇင်းများကလည်းနာရေးကူညီမှုအသင်းကားများဖြင့်နာရေးကူညီမှုများကို ကုသိုလ်ပြုပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၎င်းကပြောသည်။
“အခုလိုမျိုးနှစ်ဆန်း(၁)ရက်နေ့မှာမည်သည့်စာနယ်ဇင်းလောကသားမဆိုပါဝင်ပြီးတော့ကုသိုလ်ယူနိုင်ဖို့ စီစဉ်ရတာကတော့နာရေးကူညီမှုအသင်းရဲ့ဆောင်ရွက်ချက်တွေကိုကိုယ်တွေ့သိစေလိုတာကြောင့်ရယ်နဲ့ နာရေးဖြစ်သူတွေရဲ့မိသားစုတွေရဲ့ခံစားမှုတွေကိုသိစေလိုတာကြောင့်ဖြစ်တယ်။နှစ်ဆန်း(၁) ရက်နေ့မှာတော့ပြည်တွင်းသတင်းဂျာနယ်တချို့ကလာရောက်ပြီးကုသိုလ်ပြုကြပါတယ်”ဟု ဦးကျော်သူက ပြောသည်။
နှစ်ဆန်း(၁)ရက်နေ့တွင်စတင်သောအသုဘပို့နောက်လိုက်ယာဉ်ကိုရှမ်းပြည်နယ်တောင်ကြီးမြို့မှ ဦးဟုန်းတမ်နှင့်ဒေါ်ခင်မြင့်ရီမိသားစုကနာရေးကူညီမှုအသင်းသို့မတ်လဒုတိယပတ်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယင်းကားအမျိုးအစားမှာစစ်ကျန်ဘတ်စ်ဟုခေါ်သောဘတ်စ်ကားဖြစ်ပြီးအလှူရှင်များက အသုဘနောက်လိုက်ယာဉ်အဖြစ်အသုံးပြုနိုင်ရန်ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တွင်အဆိုပါစစ်ကျန်ဘတ်စ်ကားများကိုပြီးခဲ့သည့်နှစ်နှစ်ဆန်းပိုင်းတွင်မြို့တွင်း(၆)မြို့နယ်နှင့် အခြားမြို့နယ်အချို့တို့တွင်ပြေးဆွဲခြင်းကန့်သတ်ခံထားရသဖြင့်အဆိုပါ မြို့နယ်များရှိ နာရေးကိစ္စများကို ယင်းကားများက အသုဘနောက်လိုက်ယာဉ်အဖြစ် အခမဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)တွင်ရုပ်အလောင်းများကိုတင်သောနိဗ္ဗာန်ယာဉ်အစီးရေ(၁၇)စီးရှိပြီး ထိုယာဉ်များဖြင့်တနေ့လျှင်သေဆုံးသူ(၆၀)ခန့်ကိုရေဝေး၊ထားဝယ်ချောင်၊ထိန်ပင်၊ကျီစုသုသာန်များသို့ ပို့ဆောင်သင်္ဂြိုဟ်ပေးနေကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ မှတ်တမ်းများတွင် ဖော်ပြသည်။





Geen opmerkingen: