မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 23 april 2010

ငြမ်းပြိုသည်ကိုပေါက်ကွဲမှုဖြစ်သည်ထင်၍ထိတ်လန့်နေကြ

Friday, 23 April 2010 15:13 ရိုးမ ၃
.ဆောက်လုပ်စဲလေးထပ်တိုက်ပြိုကျသည်ကိုဗုံးပေါက်ကွဲသည်ထင်ပြီးပြည်သူလူထုအထိတ်တလန့် ဖြစ်နေသည်။
ယနေ့နံနက်၁၁နာရီခန့်ကရန်ကုန်မြို့၊လသာမြို့နယ်၂၃လမ်းအထက်ဘလောက်အိမ်အမှတ်၁၁၆/၁၂၀ တွင် ဆောက်လုပ်ဆဲလေးထပ်တိုက်ငြမ်းပြိုကျခဲ့ခြင်းဖြစ်သည်။
“ဆောက်လက်စအာစီ(RC)တိုင်ငြမ်းကတဆင့်ပြိုကျတော့ဝုန်းကနဲ့မြည်သွားတာကိုလမ်းသူလမ်းသားတွေ နောက်ဈေးရောင်းနေတဲ့သူတွေကဗုံးပေါက်တယ်ထင်ပြီးထွက်ပြေးကုန်ကြတာ”ဟုမျက်မြင်တဦးက ပြောသည်။
အဆိုပါငြမ်းပြိုကျမှုကြောင့်လင်ခရုဆာကားတစီးပျက်စီးသွားပြီးအလုပ်သမားတဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့်လ၁၅ရက်နေ့ကလည်းရန်ကုန်တိုင်း၊ပန်းဘဲတန်းမြို့နယ်တွင်သုံးထပ်တိုက်တလုံးပြိုကျခဲ့ပြီး၁၀ တန်းဖြေဆိုမည့်ကျောင်းသူတဦးသေဆုံးခဲ့သည်။
ရန်ကုန်မြို့တွင်သင်္ကြန်အတွင်းကဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းမြို့ခံလူထုအနေဖြင့် ထိတ်လန့်စိုးရွံ့မှုများဖြစ်နေလျှက်ရှိသည်။

Geen opmerkingen: