မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 april 2010

ဒေါ်ရီရီစံ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ် .

ဒေါ်ရီရီစံ
(ဗဟိုဦးစီး အဖွဲ့ဝင်၊ ခေတ်သစ် နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားစုအဖွဲ့)

အမည် ဒေါ်ရီရီစံ (ခင်ဝင်းစံ)
မွေးသက္ကရာဇ် ၁၉.၁ဝ.၁၉၆ဝ
မိဘအမည် ဦးစံထွန်းအောင်၊ ဒေါ်ညွန့်ရီ
ပညာအရည်အချင်း၁ဝ၉၈ဝခုနှစ်တွင်၁ဝတန်းအောင်၊၁၉၉၄ခုနှစ်တွင်ပထဝီဘာသာဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရခဲ့။
မွေးချင်း ၆ ဦး အနက် တတိယမြောက်
မိသားစု ခင်ပွန်း ဦးထွန်းအောင်ကျော် (ဥက္ကဋ္ဌ၊ ခေတ်သစ် ပြည်သူ့ပါတီ) (သားသမီး မထွန်းကား)
အလုပ်အကိုင် အငြိမ်းစား ကျောင်းဆရာမ၊ ဗဟိုဦးစီး အဖွဲ့ဝင် (ခေတ်သစ် နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားစုအဖွဲ့)

ဝင်ရောက် အရွေးခံမည့် အခြေအနေ

“ခေတ်သစ်ပြည်သူ့ပါတီမှ ဧရာဝတီတိုင်းဘက်က ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်။ ဘယ်မြို့နယ်ရယ်လို့ မသတ်မှတ်ရသေးဘူး”

နိုင်ငံရေး ယုံကြည်ချက်နှင့် နိုင်ငံရေး နောက်ခံ

“မျိုးချစ်စိတ်ကအခြေခံပြီးဖြစ်လာတာပါ။တိုင်းတပါးကိုအားမကိုးဘဲနဲ့ကိုယ်အားကိုယ်ကိုးပြီး တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ဖို့မိဘတွေကရောကျောင်းစာတွေမှာပါသင်ခဲ့ရတယ်လေ။အဲဒီကနေ နိုင်ငံရေးစိတ်ဓာတ်ဖြစ်လာတာပါ။၁၉၉၈ခုနှစ်မှာအိမ်ထောင်ကျပြီးကျောင်းဆရာမအဖြစ်မှအငြိမ်းစားယူပြီး နိုင်ငံရေးမူဝါဒတွေကိုသုတေသနပြုပြီးအမျိုးသားဆီမှာလေ့လာခဲ့ပါတယ်။အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုတွေမှာအမခင်ပွန်းနဲ့အတူပါဝင်ခဲ့ပါတယ်။၂ဝဝ၅ခုနှစ်မှာဗဟိုကော်မတီဝင်ဖြစ်ပြီး၂ဝဝ၉ ခုနှစ်မှာဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်လာခဲ့တယ်။မျိုးရိုးမှာတော့အမေ့ဘက်ကတော်တဲ့အဘိုးလေးသီရိပျံချီ ဦးသန်းစိန်ကဝန်ကြီးချုပ်ဦးနုလက်ထက်ကပါလီမန်အမတ်ဖြစ်ခဲ့ပါတယ်။ဖဆပလ(ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး)ခေတ်ကအတွင်းရေးမှူးပါ”

လက်ရှိ ပါဝင်နေသော အဖွဲ့အစည်း

“ခေတ်သစ်နိုင်ငံရေးသိပ္ပံဘောဂဗေဒကျောင်းတော်သားစုမှာဗဟိုဦးစီးအဖွဲ့ဝင်အဆင့်၅ပါ။ပါတီမှာလည်း ဒီလိုအဆင့်အတိုင်းပဲသွားမယ်လို့ အဖွဲ့ဝင်တွေအားလုံးဆုံးဖြတ်ချက်ချထားပြီးပါပြီ”

အခြား လုပ်ဆောင်မှု

“အစိုးရထုတ်သတင်းစာကြေမုံ၊မြန်မာ့အလင်းတွေမှာခင်ဝင်းစံနာမည်နဲ့တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါးတွေ၊ အမျိုးသမီးများနေ့ဂုဏ်ပြုဆောင်းပါးတွေရေးပါတယ်။အမတို့မြန်မာအမျိုးသမီးတွေရဲ့ဂုဏ်ပုဒ်ကို ဖော်ညွှန်းချင်လို့ရေးတာပါ။ကမ္ဘာမှာရော၊မြန်မာမှာရောအမျိုးသမီးဦးရေကထက်ဝက်ရှိပါတယ်။ ခေတ်ရေစီကြောင်းနဲ့အညီဒီအမျိုးသမီးတွေကဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေလိုက်ပါရတော့မှာပါ”

မြန်မာနိုင်ငံရေးအပေါ် သုံးသပ်မှု

“မြန်မာနိုင်ငံဒီမိုကရေစီထူထောင်ရေးမှာလမ်းနှစ်သွယ်ရှိပါတယ်။အင်္ဂလိပ်၊ပြင်သစ်၊အမေရိကန်သွားတဲ့ လမ်းနဲ့ဂျပန်နဲ့ဂျာမဏီသွားတဲ့လမ်းပါ။အင်္ဂလိပ်တွေသွားတဲ့လမ်းကအရင်းရှင်လူတန်းစားရှိပြီးသား။ ကူပြောင်းရတာလွယ်တယ်။ဂျပန်တွေသွားတဲ့လမ်းကအရင်းရှင်စနစ်မရှိဘူး၊အရင်းရှင်လူတန်းစားမရှိဘူး။ အဲဒါကြောင့်အုပ်ချုပ်သူလူတန်းစားကဦးဆောင်ပြီးတော်လှန်ရတယ်။မြန်မာနိုင်ငံမှာလည်းတည်ဆဲ တပ်မတော်အုပ်ချုပ်သူအစိုးရနဲ့ဒီမိုကရေစီနိုင်ငံကိုတည်တည်ငြိမ်ငြိမ်နဲ့ကူးပြောင်းသွားဖို့ ရည်ရွယ်ထားပါတယ်။သူများတွေကတပ်မတော်အစိုးရဘက်ကလိုက်ပြောပေးတယ်လို့ ထင်မယ်''
''အမတို့ကအဲဒီလိုမျိုးမဟုတ်ပါဘူး။အမတို့ကအိမ်နီးချင်းထိုင်းနိုင်ငံကိုကြည့်တယ်။လက်ရှိထိုင်းနိုင်ငံမှာ ဒီမိုကရေစီအတွေ့အကြုံမရှိသေးတော့ဒီမိုကရေစီရပြီးတော့မှဆူပူသောင်းကျန်းမှုတွေဖြစ်လိုက်၊စစ်တပ်က ပြန်အုပ်ချုပ်လိုက်ဖြစ်နေတယ်။အဲဒီလိုနဲ့အချိန်တွေကြာနေမယ့်အစားအတွေ့အကြုံရှိတဲ့စစ်တပ်နဲ့ဒီမိုကရေစီ စနစ်ကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့တည်ဆောက်သွားဖို့မျှော်လင့်တယ်။အချိန်ကျရင်တပ်မတော်အစိုးရကလည်း သူ့နေရာသူပြန်သွားမှာပဲ။ဒီလိုသွားတဲ့စနစ်ကိုအထက်ကလာတဲ့တော်လှန်ရေးလို့ခေါ်တယ်။ တော်လှန်ရေးဆိုတာအပြောင်းအလဲတခုကိုတော်လှန်တာကိုပြောတာပါ”

ရွေးကောက်ပွဲ ဝင်ရသည့် ရည်ရွယ်ချက်

“အမကလည်းမြန်မာနိုင်ငံသားစစ်စစ်ဖြစ်တယ်။အမအမျိုးသားကလည်းတိုင်းပြည်အတွက်အကျိုးတွေ ဆောင်ရွက်တယ်။အမရဲ့ပင်ကိုစိတ်မှာလည်းမျိုးချစ်စိတ်ကိန်းအောင်းနေတဲ့အတွက်ကိုယ့်နိုင်ငံကို တည်ဆောက်ချင်တဲ့အတွက်ဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တာပါ။အမတို့အဖွဲ့ရဲ့လမ်းစဉ်ကလည်းအကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လေ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သွားမယ်”

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လျှင်

“တိုင်းပြည်ကောင်းကျိုး၊ပြည်သူကောင်ကျိုးအတွက်စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်။ဒီမိုကရေစီနိုင်ငံတော်ကို အေးအေးချမ်းချမ်း၊တည်တည်ငြိမ်ငြိမ်နဲ့တဆင့်ပြီးတဆင့်ကြိုးစားပြီးကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင် တတ်နိုင်သမျှလုပ်ဆောင်သွားဖို့ရည်ရွယ်ထားပါတယ်”

ကြွေးကြော်သံ

“အကြွင်းမဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဖြင့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးပါ”

စီးပွားရေးအပေါ် သုံးသပ်မှု

“အခုကစီးပွားရေးပိတ်ဆို့မှုတွေရှိနေတော့ထိုက်သင့်သလောက်မတိုးတက်ဘူး။နောက်တချိန်မှာ ဈေးကွက်ရေးစီးပွားရေးစနစ်ကိုဒီမိုကရေစီနဲ့အကောင်အထည်ဖော်လိုက်ရင် အောင်မြင်တိုးတက်လာမယ်လို့ထင်တယ်။စီးပွားရေးပိတ်ဆို့ခံထားရတဲ့အတွက်အမတို့ပြည်သူတွေက မြေဇာပင်ဖြစ်နေတယ်။အခုတော်တော်လေးကိုအခက်အခဲဖြစ်နေကြတယ်။ရွေးကောက်ပွဲပြီးရင် အစိုးရသစ်တရပ်ပေါ်လာရင်စီးပွားရေးအခြေအနေကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့အဆင့်ကို ရောက်လာမယ်လို့ မျှော်လင့်တယ်”

လတ်တလော ဖြေရှင်းသင့်သည့် မူဝါဒ

“နိုင်ငံတည်ဆောက်ရေးမှာအိမ်တွင်းရေးပြဿနာကိုကိုယ့်တိုင်းရင်းသားအချင်းချင်းဖြေရှင်းပြီးမတူတဲ့ ကွဲပြားနေတဲ့အဖွဲ့တွေကပူပေါင်းဆောင်ရွက်သွားရင်နိုင်ငံတိုးတက်အောင်မြင်မှု ရမှာပါ”

၉ဝ ခုနှစ် ရွေးကောက်ပွဲအပေါ် သဘောထား

“အဲဒီတုန်းကကိုယ်ကလည်းဝန်ထမ်းဖြစ်တော့ပါတီနိုင်ငံရေးကင်းရှင်းခဲ့တယ်။နိုင်ငံရေးသဘောထားတွေကို နားမလည်ခဲ့တော့သုံးသပ်လို့မတတ်ဘူးဖြစ်နေတယ်”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား

“၂ဝ၁ဝရွေးကောက်ပွဲမှာအားလုံးကိုပါဝင်စေချင်တယ်။အထူးသဖြင့်NLDကမပါဝင်တော့ဘူးဆိုတော့ အမတို့အနေနဲ့အင်မတန်ဝမ်းနည်းတယ်။အားလုံးပါပြီးတော့အစိုးရသစ်တခုပေါ်လာပြီးလိုအပ်တာကို လွှတ်တော်ကျမှပြုပြင်လုပ်သွားရင်ပိုကောင်းမယ်လို့ ထင်တယ်”

စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် သဘောထား

“စာနယ်ဇင်း၊သတင်းလွတ်လပ်မှုဆိုတာအမတို့ငယ်ငယ်ကလူကြီးတွေပြောဖူးတဲ့အကြောင်းအရာလေး တခုပေါ့။ပုဏ္ဏားတယောက်ကဘုရားရှင်ကိုမေးတယ်။မြတ်စွာဘုရားကမှန်သောစကားကိုပြောလို့လည်းငါ မပြောလိုဘူး။မှားသောစကားကိုပြောပါလို့လည်းမပြောလိုဘူးလို့ပြန်မိန့်တယ်။အဲဒါဆိုရင်ဘယ်လို စကားမျိုးကိုပြောရမလဲလို့မေးတော့မှန်လည်းမှန်စေ၊အကျိုးလည်းရှိစေဆိုတဲ့စကားကိုမိန့်ဆိုခဲ့တယ်။ဒီလိုပဲ စာနယ်ဇင်းမှာလည်းမှန်လည်းမှန်စေ၊အကျိုးလည်းရှိစေဆိုတဲ့သတင်းမျိုးကိုပဲဖြစ်သင့်ပါတယ်”

Geen opmerkingen: