မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 juni 2010

ကိုယ်ပိုင်သံစဉ်များဖြင့်လူငယ်တီးဝိုင်းများနယ်လှည့်ဖျော်ဖြေမည်

သျှင်ဒီစံ Wednesday,June16,2010
.ကိုယ်ပိုင်သံစဉ် တေးသီချင်းမျာကို အဓိကထားမည့် လူငယ် တေးဂီတ၀ိုင်းများ နယ်လှည့် ဖျော်ဖြေရေး အဖွဲ့ကို Skull in Ribcage (SIR) အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့ကို မေလက စတင်ဖွဲ့စည်းခဲ့ပြီး လူငယ်ပရိသတ်များအကြိုက် ဖြစ်သော Big Bag၊ wanted၊ idiots၊ Reasons စသည့် စသည့် အဖွဲ့များဖြင့် လူငယ် punk ဂီတသမား ကျားပေါက်က ဦးဆောင်၍ တေးရေး စောခူဆဲ၊ အဆိုတော် ခင်မြတ်မွန်၏သား ရေမွန် (တွတ်ပီ) တို့က ၀ိုင်းဝန်း စီစဉ်ကြကြောင်း သိရသည်။
                     SIRအဖွဲ့၏ဇွန်လ၁၂ရက်နေ့မျှော်စင်ကျွန်းဖျော်ဖြေပွဲမြင်ကွင်း(ဓာတ်ပုံ-ဧရာဝတီ)
“ကျနော်တို့ ကိုယ်ပိုင် သံစဉ်တွေပဲ အများဆုံး ဖန်တီး ဖျော်ဖြေ ကြမှာပါ။ အခုတော့ ကော်ပီသီချင်း တပုဒ်ရဲ့ တန်ဖိုးကို ကောင်းကောင်း သိလာပါပြီ” ဟု တွတ်ပီက လူငယ်အဖွဲ့များ ကိုယ်စား ပြောသည်။
SIRဂီတပွဲတော်ကိုဇွန်၁၂ရက်နေ့ညနေကပထမဆုံးအကြိမ်အဖြစ်မျှော်စင်ကျွန်းတွင်ကျင်းပခဲ့ရာရာပေါင်း များစွာသောလူငယ်ပရိသတ်များအားပေးခဲ့ကြောင်း တွေ့ရသည်။
Big Bag အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ကျားပေါက်က ယခုကဲ့သို့ ပူးပေါင်း ဖျော်ဖြေပွဲ ပြုလုပ်ရခြင်းမှာ ပရိသတ်ကို ပုံစံ တမျိုးတည်းနှင့် ချပြနေရသည့် အပေါ် အားမရသောကြောင့် ပုံစံအသစ် တခု ပြောင်းလဲ လုပ်ဆောင် ကြည့်ခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ကိုယ်နဲ့ စိတ်ချင်းတူတဲ့ သူတွေ၊ အတူတွဲပြီး အလုပ်လုပ်ဖူးတဲ့ လူငယ်တွေကို အဓိက ထားပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်တာပါ။ အဓိက အစီအစဉ်ကတော့ မြန်မာပြည်မှာ ရှိတဲ့ မြို့ကြီးတွေဆီ သွားပြီး အဖွဲ့လိုက် ဖျော်ဖြေချင်တာပါ။ အရင်တုန်းက ရော့ခ်သီချင်းကို ဆိုတဲ့ အဆိုတော်တွေ အများကြီး၊ ၀ိုင်းက သိပ်မရှိဘူး။ အခုတော့ ဆိုတဲ့ လူလည်း များလာတယ်။ လူငယ်ဝိုင်းလည်း များလာတဲ့ အတွက် ပိုပြီး အားရှိလာတယ်” ဟု ပြောသည်။
၁၂ ရက်နေ့ ဖျော်ဖြေပွဲတွင် ၎င်းတို့အဖွဲ့များ ဖန်တီးခဲ့သည့် Rockဂီတ အမျိုး အစားများစွာကို ပရိသတ်အား ချပြရန်ရည်ရွယ် သည်ဟု အဖွဲ့ဝင်များက ဆိုသည်။
ထိုနေ့ပွဲတွင် SIR ပင်တိုင် အဆို၊ အတီးသမားများ အပြင် အဆိုတော် အဲလက်စ်နှင့် Side Effects အဖွဲ့ Ice Cream အဖွဲ့တို့ပါ ပူးပေါင်း ဖျော်ဖြေ တင်ဆက်ခဲ့ရာ ပွဲမစခင်ကပင် ပရိသတ်များ ကွင်းပြည့်လျှံ သည်အထိ စောင့်မျှော် နေသည်ကို မြင်တွေ့ရသည်။
ပွဲစတင်ချိန်တွင် Side Effects အဖွဲ့၏ တီးခတ်သံများနှင့် စတင်ဖွင့် လှစ်ခဲ့ပြီး Rock & Roll, Emo, Punk, စသည့် ဂီတ အမျိုးအစားများနှင့် လိုက်ဖက် ညီသော ဖက်ရှင်များကို ဝတ်ဆင် ထားသည့် ၎င်းအဖွဲ့က ပြင်းထန်သည့် ရော့ခ် သံစဉ်များနှင့် တင်ဆက်သည်။ ၎င်း နောက်တွင် မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး အဖွဲ့ဖြစ်သည့် Ice Cream အဖွဲ့၏ Punk တေးဂီတဖြင့် တင်ဆက်မှုကို နားဆင်ရသည်။
ထို့နောက် SIRအဖွဲ့ဝင် Idiotsအဖွဲ့၏တီးခတ်မှုနှင့်အတူတေးသံရှင်ရေမွန်(တွတ်ပီ)က ရောခ့်သီချင်းများကို သီဆိုရာ လူငယ် ပရိသတ်၏ အားပေးသံများ ပွဲတခင်းလုံး ဖုံးလွှမ်းသွားကြောင်း တွေ့ရသည်။
၎င်းနောက်Reasonအဖွဲ့၏တီးခတ်မှုနှင့်အတူတေးသံရှင်အောင်လက၎င်း၏အောင်မြင်နေဆဲ တေးသီချင်းများဖြစ်သောအချိန်လွန်ငှက်၊ဘာလာလာစသည့်သီချင်းများအပါအ၀င်အပြင်းစား ရော့ခ်သီချင်းများကို သီဆိုခဲ့သည်။
ထိုထို့နောက်Wantedအဖွဲ့နှင့်အတူတေးသံရှင်ဖော်ကာကလည်းငါ့ဂီတငါ့ဗီဇသီချင်းအပါအဝင်ရော့ခ်သီချင်း ၇ ပုဒ်ကိုတင်ဆက်ခဲ့သည်။ထို့နောက်ပရိသတ်များမျှော်လင့်နေသည့်BigBagအဖွဲ့၏ ဖြေဖျော်မှု စတင်သည်။
BigBagအဖွဲ့ခေါင်းဆောင်ဖြစ်သောကျားပေါက်၏Punkသီချင်းများကိုသီဆိုတီးခတ်ချိန်တွင်Punkဂီတကို နှစ်ချိုက်သည့်လူငယ်ပရိသတ်များကအတိုင်းမသိအားပေးခဲ့သည်။BigBagအဖွဲ့နှင့်အတူ ကျားပေါက်၏ ညီမ ဂူဂူးကလည်းPunkဂီတသံစဉ်များကိုတီးခတ်ပြခဲ့ရာလူငယ်ပရိသတ်များ နှစ်သက်ကြကြောင်း တွေ့ရသည်။
ကျားပေါက်ကသူ၏အောင်မြင်သည့်တေးသီချင်း၁၀ပုဒ်ကိုမနားတမ်းဆက်တိုက်သီဆိုရာ ပရိသတ်များကလည်း စင်မြင့် အောက်မှ လိုက်လံ သီဆိုကြသည်။
နောက်ဆုံးအစီအစဉ်အနေနှင့်တေးသံရှင်အဲလက်စ်က၎င်း၏ကိုယ်ပိုင်HeroBand နှင့်အတူနှင့်အတနာမည်ကြီးခဲ့သည့်ရုပ်ရှင်သရုပ်ဆောင်ဦးကျော်ဟိန်း၏သီချင်းများကိုသီဆိုတင်ဆက်ကာ SIR အဖွဲ့၏ ပထမဆုံး ပွဲဦးထွက် ဖြေဖျော်မှုကို ည ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ဆုံးသတ်ခဲ့သည်။
“ကျနော်တို့ဒီပွဲကြီးကိုစီစဉ်တယ်ဆိုကတည်းကအောင်မြင်မယ်လို့ထင်ပြီးသားပါ။အခုလိုလူငယ် ပရိသတ်တွေ ယုံယုံကြည်ကြည်နဲ့လာရောက်အားပေးတဲ့အတွက်တကယ့်ကိုအောင်မြင်တဲ့ပွဲတခုဖြစ်တယ်လို့ ကျနော်ပြောရဲပါတယ်”ဟုSIR၏ စီစဉ်သူကျားပေါက်ကဆိုသည်။
လာမည့်ပွင့်လင်းရာသီတွင်SIRအဖွဲ့များအနေဖြင့်နယ်မြို့များသို့သွားရောက်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: