မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 12 juni 2010

တောင်အာဖရိကနှင့်မက္ကဆီကိုပွဲဦးထွက်သရေကျ

ရန်ပိုင် Saturday, June 12, 2010
.၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် အဖြစ် တောင်အာဖရိက အသင်းနှင့် မက္ကဆီကို အသင်း ဂျို ဟန် နက်စ်ဘတ်မြို့ ဆော်ကာ စီးတီး အားကစား ကွင်းတွင် ယှဉ်ပြိုင်ကစားရာ တဘက် ၁ ဂိုးစီဖြင့် သရေကျ သွားသည်။
ယမန်နေ့က ကစားခဲ့သည့် တောင်အာဖရိက နှင့် မက္ကဆီကိုပွဲစဉ်တွင် တောင်အာဖရိက အသင်း သားများ ဂိုးသွင်းပြီး အောင်ပွဲခံနေပုံ (ဓာတ်ပုံ-Getty Images)
အိမ်ရှင် တောင်အာဖရိက အသင်းက ပရိသတ်အားနှင့် ကစားသော်လည်း မက္ကဆီကို အသင်းကို အနိုင်မရခဲ့ပါ။
ပထမပိုင်းတွင် မက္ကဆီကို အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာရရှိပြီး တောင်အာဖရိက အသင်းက ခံစစ်ကို ဦးစားပေးကစား၍ တန်ပြန် တိုက်စစ်ဖြင့် ကစားခဲ့သည်။
မက္ကဆီကို အသင်း လူငယ် တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်၏ ထိုးဖောက်မှုကို အစောပိုင်းတွင် တောင်အာဖရိက အသင်း နောက်တန်း နှင့် ဂိုးသမား က ကာကွယ်နေခဲ့ရသည်။
နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲရှိနေရာမှ ပထမပိုင်း ၁၆ မိနစ်တွင် တောင်အာဖရိက အသင်းက အလွတ်တည်ကန်ဘောကို ကျောနံပါတ် ၁၀ ကန်သွင်းပေမည့် လွဲချော်ခဲ့ရသည်။
၁၇ မိနစ်တွင် မက္ကဆီကိုအသင်းက ကျောနံပါတ် ၁၆ လက်ထိ၍ အ၀ါကတ်ပြခံရပြီး ၁၈ မိနစ်မှာတော့ မက္ကဆီကို နံပါတ် ၁၇ ဂိုးသွင်းခွင့် ရသော်လည်း ကန်သွင်းလိုက်သည့် ဘောလုံးက ညာဘက်ဂိုးတိုင်ဘေးမှ လွဲချော်သွားခဲ့သည်။
နှစ်သင်းစလုံးပထမပိုင်းပြီးခါနီးတွင်ကစားကွက်ပျောက်နေပြီးဂိုးမပေးရရေးကို အဓိကထားကစားနေသည်ကို တွေ့ရပြီး အိမ်ရှင် တောင်အာဖရိက အသင်းအနေနျင့် မိနစ် ၄၀ အချိန်အထိ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်း ခွင့် တကြိမ်မျှ မရရှိခဲ့ပေ။
ဒုတိယပိုင်းတွင် တောင်အာဖရိကအသင်းနည်းပြ အယ်လ်ဘာတို ပရဲယားက လူစားလဲမှုတချို့ ပြုလုပ် ခဲ့သည်။ ဒုတိယပိုင်း ၅၄ မိနစ်တွင် တောင်အာဖရိကအသင်းက ကွင်းလယ်ကစားသမား ရှာဘာလာလာ ညာတောင်ပံမှ ဖြတ်တင်ဘောက မက္ကဆီကို ဂိုးသမား၏ ဘယ်ဘက်ဒေါင့်ကို ၀င်သွား၍ တောင်အာဖရိက အနေဖြင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။
ထို့နောက် တောင်အာဖရိကအသင်းက ကစားအားမြှင့်၍ ထိုးဖောက်တိုက်စစ်ဆင်လာပြီး ဂိုးသမားနှင့် တဦးချင်း အပိုင်ကန် ဂိုး သွင်းခွင့်များ ရရှိခဲ့သည်။ သို့သော် တောာင်အာဖရိက တိုက်စစ်မှူးများ အဆုံးသတ် မသေချာသည့် အတွက် ဂိုးထပ်မရခဲ့ပေ။
ဂိုးပေးလိုက်ရပြီးနောက်မက္ကဆီကိုနည်းပြကချေပဂိုးသွင်းနိုင်ရန်အတွက်ဝါရင့်တိုက်စစ်မှူးဘရန်ကိုနှင့် လူငယ်တိုက်စစ်မှူးဂျာဗီးယားဟာနန်ဒက်စ်ကိုထည့်သွင်းကစားသည့်နောက်ပိုင်း မက္ကဆီကိုအသင်းကစားကွက် အသာရရှိခဲ့သည်။
မိနစ်၇၀တွင်မက္ကဆီကိုနောက်တန်းလူမားကွက်စ်ကတောင်အာဖရိကကစားသမားဂါဇာကို လက်ဖြင့်ဆွဲသည့် အတွက် အ၀ါကတ် အပြခံရသည်။
နည်းပြလူစားလဲ မှန်ကန်မှုကြောင့် ပွဲချိန် ၇၉ မိနစ်တွင် မက္ကဆီကို နောက်ခံလူ ရာဖေး မားကွက်ဇ်က ဂိုး ဧရိ ယာအတွင်းမှ ချေပဂိုးကို ကန်သွင်းကာ သရေကျခဲ့သည်။
မက္ကဆီကိုအသင်းက ဆက်လက်ဖိကစားသော်လည်း ပွဲပြီးခါနီး ၈၉ မိနစ်တွင် တောင်အာဖရိက ကစားသမား ဆာဘီယာ ကန်သွင်းသည့် ဘောလုံး ဂိုးတိုင်ထိပြန် ထွက်သွားသည့်အတွက် မက္ကဆီကို အသင်း ကံကောင်းသွားသည်။ ထို့နောက် သတ်မှတ် ပွဲကစားချိန် ပြည့်သွားသည့်အတွက် ၁ ဂိုးစီ သရေဖြင့် ရမှတ် တမှတ်စီ ရရှိခဲ့ကြသည်။

Geen opmerkingen: