မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 juni 2010

မြန်မာနိုင်ငံ၌နျူကလီးယားလက်နက်မလိုအပ်ဟုNLDပြော

ဖနိဒါ
အင်္ဂါနေ့၊ဇွန်လ၀၈ရက်၂၀၁၀ခုနှစ်၂၀နာရီ၁၆မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။စစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် စီမံကိန်းအစား ပြည်သူများ လက်တွေ့ ခံစားနေရသည့်ဒုက္ခများကိုဖြည့်ဆည်းပေးသင့်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။
“အမှန်ကတော့လူတွေငတ်ပျက်နေတာ။မီးရေမလာတာတွေဖြည့်ဆည်းပေးစမ်းပါဗျာ။အဲဒါတွေလုပ်ပေးရင် သူတို့ကို လေးစားဂုဏ်ယူမှာပါ”ဟုကာကွယ်ရေးဝန်ကြီးဟောင်းဦးတင်ဦးကမဇ္ဈိမကို ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံမဟုတ်ခြင်း၊ ကျွမ်းကျင်သည့် သိပ္ပံပညာရှင်များ မရှိ သေးခြင်းတို့ကြောင့် အန္တရာယ်ရှိလာနိုင်သည်ဟု ဆိုသည်။
“အိမ်နီးချင်းနိုင်ငံတွေဆိုရင်လည်းချစ်ခင်ရင်းနှီးနေတာဘဲဗျာ။မလိုဘူးထင်ပါတယ်။သိပ္ပံနည်းတွေ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်မှစဉ်းစားရမဲ့ကိစ္စပါ။ကျနော်တို့နိုင်ငံကပေါတီးပေါ့စလုပ်တတ်တာ တွေရှိတော့ မတော်တဆ ဖြစ်ရင်လည်း သိပ်အန္တရာယ်ကြီးမားပါတယ်” ဟုသူကပြောသည်။
စစ်အစိုးရသည် နျူကလီးယား နည်းပညာဆိုင်ရာ သင်တန်းများ တက်ရောက်ရန် စစ်တပ်မှ ရွေးချယ်၍ ရုရှနိုင်ငံသို့ စေလွှတ်သည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်သောကြောင့် “အထိုက်အလျောက်”တတ်မြောက် လာပြီး လက်နက် ထုတ်လုပ်နိုင်ရေး စတင်လုပ်ဆောင်နေပုံရသည်ဟု သူက သုံးသပ်သည်။
ယခုနှစ်ဖေဖော်ဝါရီလ၌ပြည်ပသို့ထွက်လာသူမကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိလျို့ဝှက်လက်နက် ထုတ်စက်ရုံမှအကြီးအကဲတဦးဟုဆိုသူဗိုလ်မှူးစိုင်းသိန်းဝင်းကစာရွက်စာတမ်းနှင့်ဓာတ်ပုံ အထောက်အထားများကို နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVBသို့ လွှဲပြောင်းခဲ့ခြင်းဖြစ် သည်။ ယင်းကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ယခုလ ၄ ရက်နေ့က ထုတ်လွှင့်သွားသည်။
ကမ္ဘာ့နျူကလီးယားဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများကိုစောင့်ကြည့်ကြပ်မတ်နေသောနိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီIAEAအဖွဲ့ကြီး၏ ဒါရိုက်တာဟောင်းရောဘတ်ကယ်လီကလည်း ယင်း အထောက်အထားများအရစစ်အစိုးရသည် နျူကလီးယားလက်နက်အတွက်လိုအပ်သော ယူရေနီ ယမ်သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းရှင်းရေးဇုံTreatyonSouthEastAsia NuclearWeaponFreeZone(SEANWFZ)ကို၁၉၉၅ခုဘန်ကောက်တွင်ကျင်းပသည့်ASEAN အစည်းအဝေး၌ လက်မှတ်ထိုးထားသည်။
နောက်ဆုံးထွက်လာသည့် အစီရင်ခံစာနှင့်ပတ်သက်၍IAEAက လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက စစ်အစိုးရအား မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: