မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 10 juni 2010

ရေခဲစက်ဓာတ်ငွေ့ပိုက်ပေါက်ကွဲ

ညိမ်းသူ
ကြာသပတေးနေ့၊ဇွန်လ၁၀ရက်၂၀၁၀ခုနှစ်၂၁နာရီ၄၅မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်မြို့ကမာရွတ်မြို့နယ်ရှိရေခဲစက်တခုတွင်ရေခဲစေသော အမိုးနီးယားဓာတ်ငွေ့ပိုက်ပေါက်ကွဲမှု ယနေ့ညတွင် ဖြစ်ပွားခဲ့သည်။
ကမာရွတ်မြို့နယ်အမှတ်၂ရပ်ကွက်ခြံအမှတ်၁၂၆ရှိနှင်းတောင်ရေခဲစက်တွင်ညနေ၆နာရီ၁၀မိနစ်က လျှပ်စစ်မီးလာချိန်စက်နိုးရန်မီးခလုတ်ကိုဖွင့်လိုက်ရာအချင်း၎လက်မရှိဓာတ်ငွေ့ပိုက် ပေါက်ကွဲခြင်းဖြစ်သည်။ လူအချို့မူးမေ့လဲကျသလိုဗုံးပေါက်သည်ဟုထင်မှတ်ကာအနီးပတ်ဝန်းကျင်တွင်အထိတ်တလန့် ဖြစ်သွားခဲ့သည်။
“အုံးဆိုပြီးပေါက်ကွဲသံတခုကြားလိုက်တယ်။ပြီးတော့အင်းစိန်လမ်းမတဖက်မှာရှိတဲ့လူနေတိုက် ခန်းတွေဘက်ကိုအငွေ့လိုအဖြူလုံးတန်းကြီးကပေ၄၀ကျော်အမြင့်လောက်ထိလာတယ်၊အဲဒီမှာလူတွေ လည်း ပေါက်ကွဲသံကြားတာကို ဗုံးပေါက်တယ်ထင်ပြီးတော့ ပြေးကြလွှားကြပေါ့။အိမ်ပေါ်ပြေးတက်သူ တက် ၊အဲဒီလိုတွေဖြစ်တယ်” ဟုအမှတ်၁ရပ်ကွက်ဘက်ခြမ်းနေသူရပ်ကွက်သားတဦးကပြောသည်။
ယင်းဖြစ်စဉ်ကြောင်ုး အင်းစိန်လမ်းမပေါ်တွင် မောင်းနှင့်နေသော ကား များ ခေတ္တ ရပ်တန့်သွားခဲ့သည်။
” ဘတ်စ်ကားကြီးကလမ်းပေါ်မှာကန့်လန့်ကြီး ဖြစ်သွား တယ် ၊ အဲဒီက အလုပ်ပြန်တဲ့ သူတွေက ကားပေါ်က ဆင်းပြေးကြတယ်၊ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်၊တချို့တွေပြေးတာဖိနပ်မပါဘူး။ထမင်းဂျိုင့်တွေလည်း ပြုတ်ကျတာကျ၊ပိုက်ဆံအိတ်တွေရော၊ခြင်းတောင်းတွေရော၊ရှုတ်ကုန်တယ်”ဟု ကမာရွတ်မြို့နယ်မှမျက်မြင် တဦးကပြောသည်။
နိုက်ထရိုဂျင်နှင့်ဟိုက်ဒရိုဂျင်ပေါင်းစပ်ထားသောNH3အမိုးနီးယားဓာတ်ငွေ့သည်အခန်းအပူချိန်တွင် အဆိပ်အတောက်ဖြစ်စေတတ်ပြီး ရေခဲစက်ဟောင်းများတွင် အသုံးပြုလေ့ရှိသည်။
စက်ရုံအနီးနေသူများက အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်၍ အနံ့ဆိုးရှုရတတ်မှု ယခင်က ဖြစ်ပွားဖူးသည်ဟု ပြောသည်။

Geen opmerkingen: