မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

ကြံ့ဖွံ့အသင်းဆိုင်းဘုတ်များဖြုတ်ချ

ဧရာဝတီMonday,June07,2010
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)ကရန်ကုန်မြို့တွင်းရှိမြို့နယ်ရုံးခွဲတချို့သည်၎င်းတို့၏ ဆိုင်းဘုတ်များကို ယနေ့ ဖြုတ်ချ ခဲ့ကြောင်း သိရသည်။
တာမွေ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ ကျောက်တံတားနှင့် ရန်ကင်းမြို့နယ်ရှိ ရုံးများတွင် တပ်ဆင်ထားသော ဆိုင်းဘုတ်များကို ဖြုတ်ချနေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ကျောက်တံတားမြို့နယ်ကြံ့ဖွံ့ရုံးဆိုင်းဘုတ်မဖြုတ်မီပုံနှင့်ယနေ့ဖြုတ်ပြီးသွားသည့်ပုံကိုဤသို့ယှဉ်၍ မြင်တွေ့နိုင်သည်(ဓာတ်ပုံ-ဧရာဝတီ)
ဧပြီလ၂၉ရက်နေ့တွင်ကြံ့ဖွံ့အသင်းခေါင်းဆောင်များဖြစ်သောဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်၊ တခြားသောဝန်ကြီး၂၆ဦးနှင့်စစ်တပ်မှအရာရှိတို့စုစည်းကာ၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြံ့ဖွံ့ ပါတီကို ဖွဲ့စည်းခဲ့သည်။
ယခုကဲ့သို့ဆိုင်းဘုတ်ဖြုတ်ချခြင်းမှာကြံ့ဖွံ့အသင်းကိုနိုင်ငံရေးပါတီအဖြစ်သို့လုံးလုံးလျားလျား အသွင်ပြောင်းလဲခြင်း ဟုတ်၊ မဟုတ် ကိုမူ မသိရှိရသေးပေ။
ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော် လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင် အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

Geen opmerkingen: