မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

MissWorldCup2010ပြိုင်ပွဲအာဂျင်တီးနားအလှမယ်ဆုရ

ကိုထွေး Friday, June 11, 2010
.၂၀၁၀ခုနှစ်၁၉ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲအထိမ်းအမှတ်MissWorldCup2010အလှမယ်ပြိုင်ပွဲကို ဇွန်လ၄ရက်နေ့ကဂျာမနီနိုင်ငံ၌ကျင်းပရာအာဂျင်တီးနားနိုင်ငံမှJenniferSchermanကအလှမယ်ဘွဲ့ကို ဆွတ်ခူး ရရှိသွားသည်။
ယင်းပြိုင်ပွဲကိုဂျာမနီနိုင်ငံတောင်ပိုင်းRustမြို့ရှိEuropaParkတွင်ကျင်းပခဲ့ပြီးကမ္ဘာ့ဖလားတွင်ပါဝင်ယှဉ်ပြိုင်ကြမည့်၃၂နိုင်ငံကိုယ်စားပြုအလှမယ်များကကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကဲ့သို့အုပ်စုတခုလျှင်၎ ဦးစီဖြင့် အုပ်စု ၈ စုခွဲ၍ ယှဉ်ပြိုင်ခဲ့ကြသည်။
MissWorldCup2010ပထမဆုရအာဂျင်တီးနားအလှမယ်JenniferScherman(အလယ်)(ဓာတ်ပုံ - chinanews.com)
ပထမဆုကိုဆွတ်ခူးရရှိသွားသောအသက်၁၇နှစ်အရွယ်ရှိအာဂျင်တီးနားအလှမယ်Jinniferကယူရိုငွေ ၅၀၀၀နှင့်အီဂျစ်နိုင်ငံသို့အလည်အပတ်ခရီးသွားရောက်ရမည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်း တရပ်တွင် ဖော်ပြထားသည်။
အာဂျင်တီးနားအလှမယ်ကMissWorldCupဆုကိုဆွတ်ခူးရရှိသွားခြင်းသည်နည်းပြမာရာဒိုနာ၏ လမ်းညွန်မှုဖြင့်ကမ္ဘာ့ဖလားတွင်ပါဝင်ယှဉ်ပြိုင်မည့် အာဂျင်တီးနားဘောလုံးအသင်းကမ္ဘာဖလား ရရှိနိုင်မည့် အတိတ်နိမိတ်ကောင်းတခု ဖြစ်ကြောင်းအာဂျင်တီးနားပရိတ်သတ်များကပြောသည် ဟုလည်း ဆိုသည်။
ကိုယ်စားပြုဘောလုံးအသင်းဝတ်စုံများဝတ်ဆင်၍အလှပြနေသည့်နိုင်ငံစုံမှအလှမယ်များ(ဓာတ်ပုံ - chinanews.com)
အသက်၂၈နှစ်ရှိဂရိအလှမယ်KaterinaGiannoglouနှင့်အသက်၂၀အရွယ်ရှိနယ်သာလန်အလှမယ် Avalon-Chanel Weijzig တို့က တတိယ အသီးသီး ရရှိသွားသည်။
ပါဝင် ယှဉ်ပြိုင်ကြသော အလှမယ် များသည် မိမိကိုယ်စားပြု ဘောလုံး အသင်း ၀တ်စုံများနှင့် ရေကူး ၀တ်စုံများကို ၀တ်ဆင်၍ စီတန်း အလှပြခဲ့ ကြကြောင်း သတင်းများတွင် ရေးသား ဖော်ပြသည်။
ယင်းMissWorldCup2010အလှမယ် ပြိုင်ပွဲကို MissGermanyCorporationက စီစဉ်ကျင်းပခြင်းဖြစ်ပြီး လွန်ခဲ့သော၂၀၀၆နှစ်ကကျင်းပခဲ့သောပြိုင်ပွဲတွင်တိုဂို၊စပိန်နှင့်အီကွေဒေါ နိုင်ငံများမှ အလှမယ်များက ရရှိခဲ့ကြောင်း သိရသည်။

Geen opmerkingen: