မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 juni 2010

မြန်မာနိုင်ငံအကြောင်းဓာတ်ပုံဆု(၂)ဆုချီးမြှင့်

NEJ /၀၈ဇွန်၂၀၁၀
မြန်မာနိုင်ငံနှင့်ပတ်သက်သည့်မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးသည့်ဗြိတိန်နိုင်ငံသား ဓာတ်ပုံဆရာတဦးကို ပြင်သစ်အခြေစိုက်PX3ဓာတ်ပုံအသင်းကြီးကဆုများချီးမြှင့်လိုက်ကြောင်းယင်းအသင်း၏၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ဥရောပတွင်ထင်ရှားကျော်ကြားသည့်PX3ဓာတ်ပုံအသင်းကြီးက၂၀၁၀ခုနှစ်အတွက်ချီးမြှင့်သည့် နိုင်ငံရေးဓာတ်ပုံအကောင်းဆုံးဆု(၂)ဆုကိုမြန်မာနိုင်ငံအကြောင်းဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ James Mackay က ရရှိသွားခြင်းဖြစ်သည်။
နိုင်ငံရေးမှတ်တမ်းတင်ဓာတ်ပုံအကောင်းဆုံးဆုအဖြစ် ချီးမြှင့်ခြင်းခံရသည့် မှတ်တမ်းဓာတ်ပုံမှာ ကလေးငယ်များ၏ဝေဒနာ၊လူဖန်တီးသည့်ကပ်ဘေးဒုက္ခ၏သားကောင်များခေါင်းစဉ်ဖြင့် ရိုက်ကူးတင်ပြထားသည့် ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒုက္ခဝေဒနာများ ခံစားနေရသည့် မြန်မာကလေးငယ်များ၏ဘ၀ကို တင်ပြထားသည့် ဓာတ်ပုံများဖြစ်သည်။

အဆိုပါ ဓာတ်ပုံများမှာ စစ်အစိုးရအုပ်ချုပ်သည့် မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာကြသူများအနက် မယ်တော်ဆေးခန်းတွင်ကျန်းမာရေးဆေးကုသစောင့်ရှောက်မှုရရှိရန်စောင့်ဆိုင်းနေသည့် ထောင်ပေါင်းများစွာသောကလေးငယ်များအနက်အချို့ကိုJamesMackayကမှတ်တမ်းတင် ဓာတ်ပုံရိုက်ထားခြင်းဖြစ်သည်။နိုင်ငံရေးမှတ်တမ်းတင်ဓာတ်ပုံ ဒုတိယ အကောင်းဆုံးဆုမှာ “လွတ်မြောက်သော်လည်းလွတ်လပ်မှုမရှိပါ”ဟူသောခေါင်းစဉ်ဖြင့်မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများအကြောင်း ဓာတ်ပုံရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများ ဖြစ်သည်။

ထိုဓာတ်ပုံများမှာနှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသည့်ဦးဝင်းတင်အပါအ၀င်ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကမိမိတို့လက်ဖ၀ါးပေါ်တွင်၎င်းတို့လွတ်မြောက်စေလိုသူများ၏ အမည်များကို ရေးသားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်သည်။
PX3ဓာတ်ပုံအသင်းကြီးက ဒုတိယဆု ချီးမြှင့်ပေးအပ်ခဲ့သည့် အဆိုပါ နိုင်ငံရေးအကျဉ်းသားများ ပါဝင်သည့်ဓာတ်ပုံများမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်ပြီး၂၀၀၉ ခုနှစ်တွင်ဆု(၂)ဆု ရရှိခဲ့ကာ ယခုနှစ်၌လည်း မြန်မာ့အရေးလှုပ်ရှားမှုအဖြစ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကလန်ဒန်မြို့တွင်ယခုလ(၁၅)ရက်မှ(၂၄)ရက်အထိ ပြသသွားမည်ဖြစ်သည်။

Geen opmerkingen: