မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

ကမ္ဘာ့ဖလားသီချင်းဗီဒီယိုတွင်မြန်မာ၂ဦးပါဝင်

ကိုထွေး Monday, June 07, 2010

ယခုနှစ်ကမ္ဘာ့ဖလား ပြိုင်ပွဲ၏တရားဝင်သီချင်း “WakaWaka”(ThisTimeforAfrica)ကို သုံးဘက်မြင် ရုပ်ကြွ ဗီဒီယို အဖြစ် ရိုက်ကူးရာတွင် မြန်မာ အမျိုးသမီးငယ် တဦး၏ “ကျမတို့က အာဖရိက ကပါ” ဟူသည့် မြန်မာ ဘာသာဖြင့် ပြောကြားချက် ကိုလည်း ထည့်သွင်း ရိုက်ကူးထားသည်။
ကမ္ဘာ့ဖလားသီချင်း Waka Waka ဗီဒီယိုတွင် မြန်မာ အမျိုးသမီး တဦးလည်း ဤသို့ ပါဝင်ကပြသည်
တောင်အာဖရိကတီးဝိုင်းFreshlygroundဖြင့်ယင်းသီချင်းကိုနာမည်ကျော်အဆိုတော်Shakiraက သီဆိုထားပြီး ရိုက်ကူးသည့် အစီအစဉ်ကို Youtube တွင် ကြည့်ရှုနိုင်သည်။
မြန်မာအမျိုးသမီးငယ်၂ ဦးကကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးမှနိုင်ငံသားများနှင့်အတူပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်ပိုင်ဘာသာစကားဖြင့်"We'reallAfrica”ဟု ပြောကြားရာတွင်မြန်မာအမျိုးသမီးငယ်တဦး၏ ပြောကြားချက် ကိုလည်း ထည့်သွင်း ထားခြင်း ဖြစ်သည်။
“အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်၊အတွေ့အကြုံကောင်းတခုပါပဲ။သုံးဘက်မြင်ရုပ်ကြွနဲ့ ကျမရဲ့ ပထမဆုံးသော ဗီဒီယိုပါဘဲ”ဟု Shakiraက ဆိုသည်။
ပါဝင် သရုပ်ဆောင်ကြ သူများကလည်း ယင်းရုပ်သံတွင် ပါဝင်ခွင့်ရသည့် အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း ပြောကြသည်။
တောင်အာဖရိကနိုင်ငံသားအဆိုတော်ဖြင့်ယင်းသီချင်းကိုဂုဏ်ယူစွာသီဆိုချင်သော်လည်းကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)ကလက်တင်အမေရိကအဆိုတော်Shakiraကိုရွေးချယ်ခဲ့သောကြောင့် တောင်အာဖရိကနိုင်ငံသား ဝေဖန်သူ အများစုက မကျေ မနပ် ဖြစ်လျက်ရှိသည်။
FIFAဥက္ကဋ္ဌဆပ်ဘလတ္တာက“ပရိသတ်တွေကကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့အမှတ်တံဆိပ်တွေကို စောင့်မျှော်ကြသလိုပဲ၊ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီးတရားဝင်သတ်မှတ်ပေးမယ့်သီချင်းတွေကိုလည်း စောင့်နေကြတယ်။ဒါဟာကမ္ဘာ့စိတ်အလှုပ်အရှားဆုံးအားကစားပြိုင်ပွဲအမှတ်အသားရဲ့အစိတ်အပိုင်းတခုပါ” ဟု ဆိုသည်။
ပရိသတ် အများစုက အဆိုပါ သီချင်းကို ကြိုက်နှစ်သက်ခြင်း မရှိကြ သကဲ့သို့ သီဆိုသည့် Shakira ကလည်း ညှို့အား ပြင်းထန် လွန်းကြောင်း ဝေဖန် ပြစ်တင်မှုများ ရှိသည်။
WakaWaka သီချင်း၏ သံပြိုင် သီဆိုရသည့် အပိုဒ်သည် ကင်မရွန်း နိုင်ငံ၏ စစ်ချီတေး သီချင်းကို ယူထား ကြောင်းလည်း FIFA ၏ အင်တာနက် စာမျက်နှာ ပေါ်တွင် ရေးသား ထားသည်။
WakaWakaကိုထုတ်လွင့်ခဲ့သည့်အချိန်မှာအနည်းငယ် နောက်ကျ သဖြင့် ကမ္ဘာ့ ဖလားကို စီစဉ် ဆောင်ရွက် ကြသူများနှင့် ကိုကာကိုလာ ကဲ့သို့သောစီးပွားရေးကုမ္ပဏီများကအဆိုတော်Knaan၏ Wavin'Flag သီချင်းဖြင့် ကုန်ပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့် ကြော်ငြာခဲ့ကြသည်။
သို့သော်လည်းWavin'Flagသီချင်းမှာ၂၀၁၀ပြည့်နှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် တရားဝင် သီချင်းဖြစ်မလာခဲ့ချေ။
“WakaWakaမှာ အာဖရိကကို ပြတဲ့ အချိန်ကျတော့ အ၀တ်မပါတဲ့ လူရိုင်းတွေကို ပြပြီး ဥရောပတိုက်ကို ပြတဲ့ အခါကျတော့ ကျကျနန ၀တ်စား ထားတဲ့သူတွေကို ပြထားတော့ ဒီသီချင်းက လူသားအချင်းချင်း နည်းနည်း ခွဲခြားထားသလိုပဲ။ ဒါကြောင့် ကျနော် ကတော့ Knaanရဲ့Wavin' Flag သီချင်းကို ပိုကြိုက်တယ်” ဟု ယင်းသီချင်းကို ကြည့်ရှုခဲ့သူ မြန်မာကျောင်းသား တဦးက ဆိုသည်။
ပရိသတ်တချို့ကအာဖရိကနှင့်ပိုမိုနီးစပ်သည့်Wavin'Flagတေးသီချင်းကိုပိုမိုကြိုက်နှစ်သက်ကြသော်လည်း ယင်းသီချင်းမှာ နိုင်ငံရေး သီချင်းဆန်ကြောင်း၊WakaWakaကို သီဆိုရသည်မှာ လွယ်ကူပြီး ပျော်ပျော်ရွှင်ရွှင် သီဆိုနိုင်ကြောင်း ဝေဖန်သူ တချို့က ပြောသည်။
လာမည့် သောကြာနေ့တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ အော်လန်ဒို ဘောလုံးကွင်းတွင် ကျင်းပမည့်ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနား၌သီဆိုဖြေဖျော်မည့်Shakira၏ အစီအစဉ်ကို ကြည့်ရှုရန် သန်းပေါင်းများစွာသော လူများတို့ စောင့်မျှော်လျက် ရှိကြသည်။
လူပေါင်း ၄၀၀၀၀ ခန့်ဆန့်သော အဆိုပါ ဘောလုံးကွင်း အတွက် လက်မှတ်များမှာ ရောင်းချပြီးပြီဖြစ်သည်။
၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အဆိုတော် ရစ်ကီမာတင်၏ “LaCopadelaVida”သီချင်းသည် မြန်မာ ပရိသတ်များ အကြား လူကြိုက်များခဲ့သည်။

Geen opmerkingen: