မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

ကမ္ဘာ့ဖလားအားပေးရန်မြန်မာပြည်သားများစိတ်ထက်သန်

ရန်ပိုင် Friday, June 11, 2010
.ယနေ့စတင်မည့်၁၉ကြိမ်မြောက်တောင်အာဖရိကကမ္ဘာ့ဖလားပြိုင်ပွဲကိုမြန်မာနိုင်ငံရှိဘောလုံးဝါသနာရှင်များနှင့်လောင်းကစားလုပ်ကိုင်လိုသူများကစိတ်အားထက်သန်စွာစောင့်မျှော်နေကြောင်း သိရသည်။
ရန်ကုန်မြို့ခံတဦးက“ပွဲလည်း ကြည့်မယ်၊လောင်းလည်းလောင်းမယ်။ဒီအတွက်ငွေကိုလည်းစုထားတယ်။ မက္ကဆီကိုက သရေ ပြား ၄၀ ရှုံး ဈေးဖွင့်ထားတယ်” ဟု ဆိုသည်။
အဖွင့်ပွဲစဉ်ကို တောင်အာဖရိကအသင်းနှင့် မက္ကဆီကို အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို ဘောလုံးလောင်းကစား ဒိုင်များက ယမန်နေ့ကတည်းက ကြိုတင်၍ လောင်းကစားပေါက်ဈေးကို ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ကရ၀ိတ်ဥယျာဉ်ကမ္ဘာနှင့်မိုးဆမ်းပန်းမီဒီယာ ပူးပေါင်းတင်ဆက်မှုအစီအစဉ်အဖြစ်ကရ၀ိတ်ဥယျာဉ်ကမ္ဘာအတွင်းရှိစားသောက်ဆိုင်များတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကိုပရိုဂျက်တာဖြင့်တိုက်ရိုက်ပြသမည်ဖြစ်ပြီးမိတ်ဆွေအပေါင်း အသင်းများနှင့် အတူတကွ လွတ်လပ်စွာအော်ဟစ် အားပေးနိုင်ကြောင်းလည်း ကြော်ငြာ၌ ထည့်သွင်း ဖော်ပြထားသည်။
ယနေ့မှစတင်၍ဇူလိုင်လ၁၁ရက်နေ့အထိတလတိတိကျင်းပမည့်ကမ္ဘာ့ဖလားဘောလုံးပွဲကိုဗိုလ်ချုပ်ကြီး တင်အေး၏သားပိုင်ဆိုင်သောမိုးဆမ်းပန်းမီဒီယာမှကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်ခွင့်ရရှိထားပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီ ရုပ်မြင်သံကြားတို့မှ ပြသမည် ဖြစ်သည်။
ကမ္ဘာ့ဖလားကို ရုပ်သံများမှ ပြသမည်ဆိုသော်လည်း လျှပ်စစ်မီး မှန်မှန်မရရှိသည့်အတွက် ဘီယာဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် လူအများ သွားရောက် ကြည့်ရှုလိမ့်မည်ဟု ထင်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
မြန်မာနိုင်ငံတွင်စီးပွားရေးကျဆင်းနေသည့်ကုန်သည်ပွဲစားမှအစအောက်ခြေလူတန်းစားအထိ ယခုကျင်းပမည့်ကမ္ဘာ့ဖလားတွင်လောင်းကစားလုပ်ရန်စိတ်ဝင်စားနေကြောင်းမန္တလေးမြို့ရှိ နက္ခတ္တဗေဒင် ပညာရှင်တဦးကလည်း ပြောသည်။
“လူတွေက စီးပွားရေးလုပ်ရင် ရှုံးနေဦးမယ်။ ဘောလုံးလောင်းတာက သေချာတဲ့အလုပ်ဆိုပြီး လုပ်ကြတာ။ ဗေဒင်ပညာနဲ့ပါ တွက်ချက်ပေးနေရတယ်” ဟု အဆိုပါ ဗေဒင်ဆရာက ပြောသည်။
သက်သတ်လွတ်စားခြင်း၊ ဥပုသ်ဆောက်တည်ခြင်းဖြင့် သမာဓိတည်ဆောက်ကာ ဘောလုံး လောင်းကစားသူများအတွက် ဗေဒင်ပညာဖြင့် ဘောလုံးပွဲ အနိုင်အရှုံးကို တွက်ချက်ပေးနေရကြောင်း ဗေဒင်ဆရာက ဆက်လက်ပြောပြသည်။
ရန်ကုန်မြို့ရှိ ဘောလုံးလောင်းကစား ဒိုင်တဦးက “ပရီးမီးယားလိဂ်တွေ၊ စီးရီးအေတွေ ပြီးကတည်းက လုပ်ငန်းအေးသွားတာ။ အခုကမ္ဘာ့ဖလားမှပဲ ပြန်ပြီး အသက်ဝင်လာတယ်” ဟု ဆိုသည်။
လောင်ကစားဒိုင်ကြီးများသည် လောင်းကြေးငွေကို ငွေကျပ် ၅၀၀၀၀ မှစတင်လက်ခံကြောင်း၊ ငွေပမာဏကို မည်ရွေ့မည်မျှ ကန့်သတ်ချက်မထားဘဲ လောင်းကစားနိုင်ကြောင်း၊ ထိုးသားများ အနေဖြင့် တယ်လီဖုန်း အဆက်အသွယ်ဖြင့် လောင်းနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ချန်ပီယံဂျာနယ်မှ အားကစား ကလောင်ရှင် ဦးကိုကိုကြီးက ကမ္ဘာ့ဖလား ဘောလုံးပွဲကို လူကြီးလူငယ်မရွေး စိတ်ဝင်စားသည့် အတွက် အားကစားစာစောင်များ ယခုရက်အတွင်း ရောင်းအားတက်လာကြောင်း၊ မြန်မာတိုင်းမ်း ဂျာနယ်၊ အင်အားဂျာနယ် နှင့် 7dayဂျာနယ်တို့မှ ကမ္ဘာ့ဖလားနှင့် ပတ်သက်သည့် သတင်းများကို နေ့စဉ် စတင် ထုတ်ဝေနေသည်ဟု ဧရာဝတီသို့ ပြောသည်။

Geen opmerkingen: