မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 5 juni 2010

အပျင်းလည်းပြေစိတ်ဝင်စားစရာဥာဏ်စမ်းပဟေဠိ ဖြစ်ရပ်မှန်လေးတစ်ခုကိုတင်ပြချင်ပါတယ်…. စိတ်ဝင်စားစရာလေးပါမိတ်ဆွေ။။။။။

ညီနောင်တို့ ၊နှမတို့ ၊ရဲဘော်တို့……
အပျင်းလည်း ပြေစိတ်ဝင်စားစရာ ဥာဏ်စမ်း ပဟေဠိ ဖြစ်ရပ်မှန်လေး တစ်ခု ကို
တင်ပြချင်ပါတယ်…. စိတ်ဝင်စား စရာလေး ပါ မိတ်ဆွေ။။။။။
***********************************************************************************************
သင်္ကြန်အကြတ်နေ့ ရန်ကုန်အင်းလျား လမ်းရှိနာမည်ကြီး ရေကစားမဏ္ဍပ် ဖြစ်သော X2O
မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ် လူတွေသိပြီး ဖြစ်ကျပါလိမ့်မယ်
... လူတွေဟာ ဆယ်ကဏန်းလောက်သာသေဆုံးမှု တစ်ခုဖြစ်ပေါ်ပါတယ် ဒါပေမယ့်
ထိခိုက်မှုကတော့ ရာကဏန်း ၀န်းကျင်တော့ ရှိ ပါတယ်။
လက်ပစ်ဗုံး (၃)လုံး ကွဲတာကို စွမ်းအား မြှုင့် ကျောင်းသားစစ်သည်အဖွဲ့က
လုပ်တယ်။ (ယခုတောင်တစ်ယောက် မိထား ပြီ) ဟု စစ်အစိုးရက ဆို ပါသည်။
လမ်းမအောက် စနစ်တကျ မြှုပ်နှံထားတဲ့ မိုင်းကွဲသွားတာ လူတွေ
အကုန်သိကြမှာပါ … ဆိုသူ ဗိုလ်သန်းရွှေ ရဲ့ လုပ်ရက်ပါ…
ဒါကျန်လူတွေအမြင်ပါ……
 ၁။ ကမ္ဘာ မှာခေတ်အမီဆုံး၊ပေါက်ကွဲအားအပြင်းဆုံး၊အထိရောက်ဆုံး
လက်ပစ်ဗုံး( Hand Grandnate )၁လုံးရဲ့ စွမ်းပကားဟာ
ဘယ်လောက်အဖျက်စွမ်းအားရှိသလဲ။စဉ်းစားစရာပါ။
 ၂။ စွမ်းအားမြှင့် မြန်မာကျောင်းသားတွေစစ်သည်တော်များအဖွဲ့ဆိုတာယခု
တကယ်အစစ်အမှန် ဖွဲ့စည်း တည်ထောင်တည်ရှိနေပါသလား။ဘယ်သတင်းထောက်မှလည်း
ခုထိသွားမဗျုးကြပါလား။စဉ်းစားစရာပါပဲ။
 ၃။ လက်ရှိတရားခံဆိုသူကို ဘယ်လို ဆက်စပ်ရှာဖွေတွေ့ ရှိ ဖမ်းဆီး ခဲ့
ပါသလဲ။ ဘယ်အထောက်အထားများနှင့် စွပ်စွဲ ပါသလဲ။ ထောက်လှမ်းရေးရဲ့ သက်သေ
ခံချက်နဲ့လား။ ဒလန်၊ အလံရှုး တွေရဲ့ သက်သေ ခံချက်နဲ့ လား။တရားဝင်လား။
ခိုင်မာလား။ ဥပဒေ ကြောင်းကျိုး ဆီလျှော်လား။ စဉ်းစားစရာပဲ ။ ။
 ၄။ မျက်မြင်သက်သေ ၊ ဗွီဒီယို မှတ်တမ်း တင်သူ “ စည်သူဇေယျ ’’ ကို ဘာလို့
ဖမ်းထားပါသလဲ။ ဘာလို့ ဒီဘက်က တရားခံကို ထုတ်ဖော်မပြရသေးခင် လူမြင်ကွင်း၊
သတင်းမြင်ကွင်းက ဖျောက်ထားရတာလဲ စဉ်းစားစရာပါ။ ဖမ်းတုန်းက
ဗွီဒီယိုရိုက်လို့ ဖမ်းတယ် ။ ခုစွဲချက်တင်တော့ မတရားသင်း ဆက်သွယ်မှုတဲ့
ဗွီဒီယိုပုဒ်မ မဟုတ်ဘူးလား။ ဒါမှမဟုတ် …………….။ ။
 ၅။ ဖမ်းတဲ့ သူက စည်သူဇေယျ ဗွီဒီယို ရိုက်တာ မြင်တာနဲ့ ဗွီဒီယို ကင်မရာ
ကိုင်တာဟာ မတရားသင်း ဆက်သွယ်သူတွေရဲ့ လက္ခဏာ တရပ်ပဲလို့ တမ်းတွေး
မိလို့ဖမ်းတာလား ။ စဉ်းစားစရာ ဘဲ ။ ဒါမှမဟုတ် ……………………………..။ ။
 ၆။ အများမမြင်အပ်မသင့် လျော်တဲ့ ပုံမျိုးတွေ ( ဂျာနယ်တွေမှာ ပါပြီး )
စည်သူဇေယျ တယောက်တည်းပဲ ရွေး ပြီး ရိုက်ခွင့်မရှိဖြစ်နေတာလား ။
စဉ်းစားစရာ ပါပဲ ။ ဒါမှမဟုတ်……………………………။ ။
 ၇။ တားလည်းတား ၊ ရိုက်လည်းရိုက်ဖမ်းလည်း ဖမ်းတဲ့လုံခြုံရေးတာဝန်
ရှိတွေဟာ ( ဗုံးကွဲစဉ် ခဏမှာ ) ရုတ်တရက် အန္တရာယ်ကို ရှောင်ရှားဖို့ ၊
အန္တရာယ် ဖြစ်ခံရသူတွေကို ကူညီကယ်တင်ဖို့ ၊ အန္တရာယ်ပေးသူကို ရှာဖွေဟန့်
တားဖို့ - အဲ့ဒါအားလုံးထက် ပိုဦးစားပေးပြီး ဗွီဒီယိုရိုက်သူကို
ပထမဆုံးရှာဖမ်းဖို့ သီးခြားတာဝန်ချ ပေးထားခြင်းခံရသူများလား ။
စဉ်းစားစရာ ပါပဲ……………။ ။
 ၈။ တတိုင်းပြည်လုံး အုန်းအုန်းကျက်ကျက် ဂရုဏာ သက်ကြောင်း
ဖော်ပြသဘောထားတွေပေးကြချိန် မှာနိုင်ငံတော် အကြီး အကဲ ကိုယ်တိုင် (
ကိုယ်ပိုင် ) ၀မ်းနည်းစကား တစ်ခွန်း မပြော သဘောမပေးတာ စစ်အစိုးရဟာ
အဲ့ဒီလို ခေါင်းရှောင်မှုရှိနေလား။ စဉ်းစားစရာပဲ …. ဒါမှမဟုတ်…………….။ ။
 ၉။ စည်သူဇေယျ မှတ်တမ်းတင်ရိုက်ယူခဲ့ တဲ့ ဗွီဒီယို ဘယ်မှာလဲ ။
ဘယ်သူမှမကြည့် ရဘူးလား။ သူဘာတွေမြင်ခဲ့သလဲ။ ဘယ်သူမှမမေးရဘူးလား။
မျက်မြင်သက်သေရဲ့ ထွက်ချက် အားပျော့အောင်ပုဒ်မ ၁၇ ( ၁ ) တပ် ပြီးတရားစွဲ
သက်သေ ခံမှတ်တမ်း ဗွီဒီယိုဖျောက်ဖျက်တာဟာ စနစ်တကျ လုပ်ထားတာလား ။
စဉ်းစားစရာပဲ …. ဒါမှမဟုတ်…………….။ ။
 ၁၀။ စစ်အစိုးရရဲ့ တရားရုံးတိုင်းမှာ ထောက်လှမ်းရေးရဲ့ ထွက်ချက် (
အမှန်က စွပ်စွဲချက် ) ကို တရားဝင်ခိုင်လုံတဲ့ သက်သေ အထောက်အထားဖြင့်
လက်ခံစီရင်နေကြတာ တရား ရဲ့ လား ဘယ်သူတွေက တရားရုံးကို
တကယ်မထီမဲ့မြင်လုပ်နေတာလဲ။ စဉ်းစားစရာပဲ …. ဒါမှမဟုတ်……………………..။ ။

Geen opmerkingen: