မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 juni 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသားစက်သုံးဆီအရောင်းဆိုင်ဖွင့်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ၁၄ရက်၂၀၁၀ခုနှစ်၂၂နာရီ၄၃မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားနှင့်ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သားနှစ်ဦးတို့သည် စစ်အစိုးရ၏အခြားသောလက်ရင်းလူယုံများနှင့်  အသင်းအဖွဲ့များကဲ့သို့ပင် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်ရသွားသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားဖြစ်သူ ဦးထွန်းနိုင်ရွှေပိုင်ဆို်င်သော မြန်မာနိုင်ဂရု(ပ်) MyanmarNaingGroupကုမ္ဗဏီသည်ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်နှင့်မန္တလေးတိုင်းများအတွင်း အရောင်းဆိုင် ၆ ဆိုင်အတွက် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ရထားကြောင်း မဇ္ဈိမက လက်ခံရရှိထားသော စွမ်းအင်ဝန်ကြီးဌာနမှတ်တမ်းအရ သိရသည်။
ရန်ကုန်ရှိဂျေဒိုးနတ်ဆိုင်အစုရှယ်ယာပိုင်ဦးထွန်းနိုင်ရွှေ၏မြန်မာနိုင်ဂရု(ပ်)သည်ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးကိုလည်း အကြီးအကျယ်လုပ်လျှက်ရှိသည်။
မေ၁၅ရက်နေ့ကစတင်၍ဒီဇယ်ဆီနှင့်ဓာတ်ဆီရောင်းချသော ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ခွင့်ပြုလိုက်ရာ တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်း၏သားများဖြစ်သော ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့၏ ကုမ္ဗဏီများဖြစ်ကြသည့် ဧရာရွှေဝါ/ရွှေယမုံကုမ္ဗဏီနှင့် ဇေကမ္ဘာတို့သည် ဆိုင် ၁၂ ဆိုင်နှင့် ၂ ဆိုင် အသီးသီးဖွင့်လှစ်ခွင့်ရရှိသည်။ ဇေကမ္ဘာကို ဦးခင်ရွှေက ပိုင်ဆိုင်သော်လည်း စက်သုံးဆီဆိုင်ပါမစ်တွင် ဦးခင်ရွှေ၏သားမက် ဦးတိုနိုင်မန်းအမည်ဖြင့် ဇေကမ္ဘာကိုတွဲကာ လုပ်ပိုင်ခွင့်ပြုခြင်းဖြစ်သည်။
ထို့အပြင် စစ်အစိုးရ၏ လူမှုရေးအသင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် စစ်တပ်အတွက် ရန်ပုံငွေရှာနေသော ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတတ်တို့လည်း စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်နှင့် ၁၄ ဆိုင် ခွင့်ပြုချက်ရရှိသည်။
အခြားသောကုမဏ္ဍီကြီးများတွင်ဦးတေဇပိုင်ထူးထရေးဒင်း၊အဏ္ဏ၀ါကုမ္ဗဏီလိမိတတ်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု လိမိတက်၊ ရွှေသံလွင်ကုမဏီ၊ နီလာရိုးမထရေးဒင်း၊ အေးရှားလ်ဝေါ်ကုမဏီ၏အခွဲတခုဖြစ်သော ဂရင်းအေးရှား Green Asia၊ ကမ္ဘောဇနှင့် ဧရာရွှေဝါ တို့ပါဝင်သည်။
ဆီဆိုင်တခုလျှင်ဂါလံ ၃၂၀၀ မှ ဂါလံ ၁၅၀၀၀ အထိ သိုလှောင်မှာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ်ဂျာနယ် မြန်မာတိုင်းမ်က ရေးသားထားသည်။

Geen opmerkingen: