မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

စစ်အစိုးရနျူကလီးယားစီမံကိန်းအမေရိကန်စုံစမ်း

စိုင်းဇွမ်ဆိုင်း Friday, June 11, 2010
.အမေရိကန်နိုင်ငံ၏အာဆီယံရေးရာသံအမတ်မစ္စတာစကော့မာရှယ်ကနျူကလီးယားအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်အမေရိကန်အစိုးရကဆက်လက်၍လေ့လာစုံစမ်းနေကြောင်း ပြောကြားလိုက်သည်။
                အမေရိကန်နိုင်ငံ၏ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)
“အဓိကထားပြီးစောင့်ကြည့်ရမယ့်အချက်နှစ်ချက်ရှိပါတယ်၊ပထမတချက်ကအများပြောနေတဲ့အတိုင်း ဒေသတွင်းတည်ငြိမ်မှုကိုခြိမ်းခြောက်နိုင်တဲ့နျူကလီးယားစီမံကိန်းတကယ်ရှိ၊မရှိဆိုတာနဲ့တခြား စစ်လက်နက်ပစ္စည်းတွေပိုင်ဆိုင်နေမှုရှိ၊မရှိဆိုတာပါပဲ”ဟုမစ္စတာစကော့မာရှယ်ကယမန်နေ့တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။
ထိုသို့ သံသယ ဖြစ်နိုင်သည် ဆိုသည့် အချက်နှစ်ချက်ကို အမေရိကန် အစိုးရကအနီးကပ်စောင့်ကြည့်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
ဒုံးပျံအင်ဂျင်အထူးပြုဘာသာရပ်နှင့်ရုရှားမှဘွဲ့ရခဲ့သူဗိုလ်မှူးစိုင်းသိန်းဝင်းကစစ်အစိုးရ၏လျှို့ဝှက် နျူကလီးယား၊ဒုံးကျည်နှင့်ဥမင်လိုဏ်ခေါင်းစီမံကိန်းများကိုဖော်ထုတ်ခဲ့ပြီးနောက်မြန်မာနိုင်ငံအပေါ်ကို နိုင်ငံတကာမှ ယခုကဲ့သို့ စောင့်ကြည့် လေ့လာမှုများ ဖြစ်ပေါ်လာသည်။
စစ်အစိုးရကလျှို့ဝှက်နျူကလီးယားစီမံကိန်း၊ဒုံးကျည်နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို မြောက်ကိုရီးယား နိုင်ငံမှ အကူအညီများဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း အများက ပြောဆိုနေကြသည်။

Geen opmerkingen: