မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 juni 2010

ဒရော့ဘာကိုမမှုဟုစီရော်နယ်ဒိုပြော

ဘစောတင် Monday, June 14, 2010
.ရီးရဲလ်မက်ဒရစ်နှင့်ပေါ်တူဂီစတားစီရော်နယ်ဒိုကအုပ်စုGမှချဲလ်ဆီးနှင့်အိုင်ဗရီကို့စ်စတားဒရော့ဘာကို စိုးရိမ် ထိတ်လန့်မှု မရှိဟု ပြောဆိုလိုက်သည်။
မနက်ဖြန်တွင် အဆိုပါအုပ်စုမှ ဘရာဇီးနှင့် မြောက်ကိုရီးယား၊ ပေါ်တူဂီနှင့် အိုင်ဗရီကို့စ် အသင်းတို့ စတင် ယှဉ်ပြိုင် ကြတော့မည် ဖြစ်သည်။ကမ္ဘာ့ဖလား၏ အအောင်မြင်ဆုံး ဘရာဇီး၊ စီရော်နယ်ဒို ပါဝင်သော ပေါ်တူဂီအသင်းနှင့် ဒရော့ဘာ ဦးဆောင်သော အိုင်ဗရီကို့စ် အသင်းတို့ ပါဝင်သည့် အုပ်စုGကို မရဏအုပ်စု သို့မဟုတ် အကျပ်ဆုံး အုပ်စုဟု သတ်မှတ်ထားကြသည်။
စီရော်နယ်ဒိုက "ဒရော့ဘာဟာတကယ်ကြီးကျယ်တဲ့ကစားသမားဆိုတာကျနော်တို့သိပါတယ်။ဒါပေမယ့် သူ့ကြောင့် ကျနော်တို့ အသင်းမှာအာရုံနောက်စရာမရှိပါဘူး။ကျနော်တို့အသင်းကျနော်တို့နည်းစနစ်နဲ့ ကျနော်တို့ ပန်းတိုင်ကိုပဲအာရုံစူးစိုက်ထားပါတယ်။ဒါဟာအနိုင်ရဖို့အတွက်တခုတည်းသောနည်းလမ်းပါ"ဟု ပြောကြောင်းFIFAအဖွဲ့ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
ဥရောပအသင်းများသည်ကမ္ဘာ့ဖလားဝင်ခွင့်ရရန်အတွက်အုပ်စုများခွဲကာခြေစစ်ပွဲဝင်ကြရသည်။ အုပ်စုတိုင်းမှ ဗိုလ်စွဲသော အသင်းကသာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သည်။ ခြေစစ်ပွဲတွင် ဒုတိယရသော အသင်းများကမဲနှိုက်ကာကမ္ဘာ့ဖလားဝင်ခွင့်ရရေးအတွက်ပြန်ကစားရသည်။ပေါ်တူဂီသည် အုပ်စုဗိုလ်မဖြစ်ခဲ့သောကြောင့် အခြားအုပ်စုတခုမှ ဒုတိယရခဲ့သောဘော့စနီးယားဟာဇီဂိုဗီးနား အသင်းနှင့် ပြန်လည်ကစားပြီးမှအနိုင်ရကာ၂၀၁၀တောင်အာဖရိကကမ္ဘာ့ဖလားပွဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီအသင်းသည် ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိရောက်ခဲ့သော အသင်းဖြစ်သည်။
"အခုအရေးအကြီးဆုံးအချက်ကတော့အုပ်စုကကျွတ်ဖို့ပါပဲ။စပိန်အသင်းကအရမ်းကိုရေပန်းစားနေပါတယ်။ ဒါပေမယ့်ကျနော်တို့ စပိန်နဲ့ ကစားရမှာကိုလည်းမကြောက်ပါဘူး။ဘယ်သူ့ကိုမှလည်းစိုးရိမ်မနေပါဘူး"ဟု စီရော်နယ်ဒိုကပြောသည်။

Geen opmerkingen: