မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 4 juni 2010

“ ညီညွတ်ခြင်းမှအောင်ပွဲဆီသို့ ”


လောကသဘာဝအရ -----
သက်ရှိသက်မဲ့အရာဝတ္တုတွေဟာ
လှုပ်ရှားမှုတွေရှိနေကြလို့
တနည်းနည်းနဲ့ပြောင်းလဲနေကြတယ်
အေးချမ်းတဲ့မိဘရိပ်ကိုစွန့်ခွာ
ခေတ်နဲ့အညီပြောင်းလဲမှုတွေလုပ်ဖို့
ဘ၀တက္ကသိုလ်ကိုတက်ခဲ့ရစဉ်
အရာဝတ္တုတိုင်းမှာ
အားကောင်းချက်နဲ့အားနည်းချက်ဆိုတဲ့
ဘက်နှစ်ဖက်စီရှိကြတယ်ဆိုတာကို
လေ့လာဆည်းပူးခွင့်ရခဲ့တယ့့်  ။
နောက်ပြီး --- --- ---
ယောင်္ကျားမိန်းမတို့သာလျှင်
မြေပြင်ရဲ့အတိဒုက္ခတွေကို
အောင်မြင်တဲ့သီးနှံ့တွေအဖြစ်
ပြုပြင်ပြောင်းလဲပြစ်နိုင်စွမ်းရှိကြတယ်ဆိုတာကို သိခဲ့တယ့့်  ။
ဆိုးညစ်တဲ့အာဏာရှင်စနစ်ကပေးခဲ့တဲ့ -----
အကြောက်တရားဆိုတာတွေကိုရိုက်ချိုး
အနာတရဖြစ်ခဲ့တဲ့ဒဏ်ရာတချို့ကိုပြန်ကုသ
သစ်လွင်တဲ့အမြင်အတွေးတွေနဲ့ပဲ
တတ်စွမ်းသမျှလောကအကျိုးဆောင်နိုင်ဖို့အရေ့း့  ။
တချို့လူတွေက အမှန်ကိုသိသလိုလိုနဲ့ -----
လွဲလွဲလေးချော်နေခဲ့
တချို့လူတွေက အမှန်ကိုသိပါရက်နဲ့
ကိုယ်ပိုင်အတ္တတွေကို မစွန့်နိုင်ခဲ့
တချို့လူတွေက ကိုယ်ပိုင်အတ္တတွေအတွက်
ကောက်ကျစ်တဲ့နည်းပေါင်းစုံကိုသုံး
ယုတ်မာမူအပေါင်းသရဖူ ဆောင်းပြနေကြရဲ့  ။
အမှန်တရားနဲ့တူတဲ့အရိပ်ဟာ -----
အရာရာတိုင်းအတွက်အေးမြစေပေမယ့်
ကိုယ့်အတ္တကိုယ်မထိန်းနိုင်ကြတဲ့
ဘ၀တ၀က်စံတလမ်းသွားတွေကတော့
အရိပ်နင်းနင်းအခက်ချိုးချိုးနည်းတွေနဲ့
လောကအလှကိုဖျက်နေကြလေရဲ့  ။
ဒါ့  အညတရတယောက်ရဲ့ -----
အသိအမြင်တစုဖြစ်ပေမယ့်
ဘ၀နဲ့ရင်းပြီးရလာခဲ့တဲ့အသိတွေပေမို့
အမှောင်ကိုခွင်းကာအလင်းဆီချီမယ့်
စကားလုံးတချို့တော့ပါတယ့့်  ။
မျှတတဲ့အခွင့်အရေးတွေ -----
တန်းတူရည်တူရရှိမယ့်
ဒီမိုကရေစီလူ့ဘောင်စနစ်ဆီရောက်ချင်ရင်တော့
ပွဲပြီးမီးသေမဟုတ်တဲ့ ယုံကြည်မူတွေနဲ့
သွေးချင်းညီကြသူတွေလက်တွဲ
မယုတ်ညံ့တဲ့ နည်းလမ်းပေါင်းစုံသုံးကာ
ကိုယ်ပိုင်အခွင့်အရေးအတွက်တိုက်ပွဲဝင်ရမှာပဲ့  ။
စွဲမြဲစွာယုံကြည်ထားတာတခုက -----
အောင်ပွဲဆိုတာက တိုက်ရဲ့သူတွေအတွက်ပဲ့  ။

            ဇာနည်မောင်

Geen opmerkingen: