မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 juni 2010

အသင်းကြီးများပရိသတ်ခန့်မှန်းချက်အတိုင်းဖြစ်မလာသေး

ဧရာဝတီMonday,June14,2010
.၁၉ကြိမ်မြောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲစတင်ခဲ့သည်မှာ၃ရက်ရှိပြီဖြစ်သည်။အိမ်ရှင်တောင်အာဖရိက အသင်းနှင့်ပွဲစဉ်များစတင်ဖွင့်လှစ်ခဲ့ရာယနေ့ဆိုလျှင်အုပ်စု(င)ဥရောပ နာမည်ကြီး အသင်းဖြစ်သည့် နယ်သာလန်၊အုပ်စု(စ)မှလက်ရှိချန်ပီယံအီတလီအသင်းတို့လည်းပွဲဦးထွက်ပွဲစဉ်များကို ကစားကြရတော့မည်။
ယခုနှစ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များတွင်ဗိုလ်စွဲမည်ဟုရေပန်းစားခဲ့ကြသည့် နာမည်ကြီး ဘောလုံးအသင်းကြီး တချို့လည်းထင်သလောက်ခြေစွမ်းမပြနိုင်သကဲ့သို့အုပ်စုမှမကျွတ်နိုင်ဟုထင်မှတ်ထားသော အသင်းများလည်း နိုင်ပွဲရခဲ့သည်။
ဂျာမနီအသင်းအလယ်တန်းလူရှဝိန်စတိုက်ဂါသြစတြေးလျအသင်းဘက်သို့ဘောလုံးကန်တင်နေစဉ် (ဓာတ်ပုံ-GettyImages)
ဗိုလ်စွဲရန်ရေပန်းမစားသည့်ဂျာမနီအသင်းသည်တိုက်စစ်ဖြင့်အစွမ်းကုန်ဖွင့်ပြီးပြိုင်ဘက်ကိုဂိုးပြတ် အနိုင်ယူကာပရိသတ်အတွက်ဘောလုံးရသပေးနိုင်ခဲ့သကဲ့သို့အာရှမှတောင်ကိုရီးယားအသင်း ကလည်း ဥရောပ၏၂၀၀၄ခုနှစ်ယူရိုချန်ပီယံဂရိအသင်းကိုအံ့ဖွယ်ခြေစွမ်းပြ၍၂ဂိုးပြတ်ဖြင့်အဖိုးတန်အမှတ် သုံးမှတ်ယူကာ ဇယားထိပ်ရှိ အာဂျင်တီးနား အသင်းအထက်တွင် နေရာယူ ထားနိုင်ခဲ့သည်။
ပြီးခဲ့သည့်၂၀၀၆ခုနှစ်ဂျာမနီကမ္ဘာ့ဖလားတွင်အီတလီအသင်းကိုပင်နယ်တီဖြင့်ရှုံး၍ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် ပြင်သစ် အသင်းသည်လည်း ပွဲဦးထွက်တွင် တယောက်လျော့နေသည့် ဥရုဂွေးအသင်းကို အသာစီးမယူနိုင်ဘဲ ဂိုးမရှိ သရေဖြင့်သာ အမှတ် ၁ မှတ်စီ ခွဲယူကာ ကျေနပ်ခဲ့ရသည်။
လက်ရှိ ပြင်သစ်အသင်း အခြေအနေမှာ ကွင်းလယ်တွင် ဖန်တီးရှင် ဇီဒန်းကဲ့သို့ ဘောလုံးသမား မပါ ၀င်တော့ သကဲ့သို့ ဂေါ့ကပ်ဖ်မှာလည်း ထင်သလောက် အလုပ်မဖြစ်ပေ။ တောင်ပံကစားသမား ရီဘာရီ လည်း ပြီးခဲ့သည့် ပွဲတွင် ဥရုဂွေး နောက်တန်း၏ ထိန်းချုပ်ခြင်း ခံထားရသည်။
ရှေ့တန်းတွင်အနယ်လ်ကာနှင့်အွန်နရီသည်လည်းထင်သလောက်အလုပ်မဖြစ်ခဲ့ပေ၊လာမည့် ဒုတိယပွဲစဉ်တွင်ပြင်သစ်အသင်းအနေဖြင့်မက္ကဆီကိုအသင်းကိုအနိုင်ကစားနိုင်မှသာအုပ်စုမှ ကျွတ်မည်ဖြစ်သည်။တတိယပွဲတွင်အိမ်ရှင်တောင်အာဖရိကအသင်းနှင့်တွေ့ဆုံမည်ဖြစ်၍ပြင်သစ်အတွက် မလွယ်ကူပေ။
“ဘုရားပေးသောလက်”ပိုင်ရှင်နည်းပြမာရာဒိုနာ၏ဗိုလ်စွဲမည်ဟုရေပန်းစားနေသည့်အာဂျင်တီးနားအသင်းသည် နိုင်ဂျီးရီးယားကိုအနိုင်ယူပြီးပွဲဦးထွက်လှခဲ့သော်လည်း ကစားပုံမှာအကောင်းဆုံးအခြေအနေ မရှိသေးပေ။
ပြီးခဲ့သည့်ရက်ပိုင်းကနိုင်ဂျီးရီးယားနှင့်ပွဲတွင်၎-၃-၃ပုံစံဖြင့်တိုက်စစ်မှာမက်ဆီ၊ဟီဂွါရင်၊တဲဗက်ဇ်တို့၃ ယောက်တွဲပြီးပွဲထွက်ခဲ့သည်။ကွင်းလယ်တွင်ဝါရင့်ကစားသမားဗီရွန်၊မာရှေယာနိုနဲ့ဒီမာရီယာတို့ကစားခဲ့ပြီး နောက်တန်းတွင် ဂူတီယာရက်ဇ်၊ ဒီမစ်ချယ်လီ၊ ဝေါလ်တာ ဆင်မြူရယ်နှင့် ဟိန့်ဇီတို့ ကစားခဲ့ကြသည်။
အာဂျင်တီးနားအသင်းသည်ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာအကောင်းဆုံး ချိတ်ဆက်နိုင်မှုမရှိခဲ့သည့်အပြင် ရှေ့တန်းတွင်ဟီဂူအင်နှင့်တဲဗက်ဇ်တို့ပုံမှန်ခြေစွမ်းမရခဲ့ပေ။အသင်းလိုက်စုစည်းမှုအားနည်းခဲ့ပြီးတိုက်စစ်မှူး မက်ဆီ အနေဖြင့်လည်း တကိုယ်တော် ထိုးဖောက်မှုများကိုသာ ပြုလုပ်ခဲ့သည်။
အထူးသဖြင့် အာဂျင်တီးနားကွင်းလယ်လူ ဗီရွန်လည်း တိကျသေသပ်သည့် ဘောလုံးပေးပို့မှုမျိုး မလုပ်နိုင်သည့်အတွက် ဘောလုံး အပျက်များပြီး ကွင်းလယ်ကစားကွက် မစိုးမိုးထားနိုင်သောကြောင့် နိုင်ဂျီးရီးယားအသင်း ၏ အပြန်အလှန် ထိုးဖောက်ခြင်းကို ခံခဲ့ရ သည်။
အာဂျင်တီးနားခံစစ်ကစားပုံမှာလည်းတည်ငြိမ်မှုလိုနေသေးသကဲ့သို့အထူးသဖြင့်ခံစစ် တောင်ပံနှစ်ဘက်သည် နိုင်ဂျီးရီးယား အသင်း ၏ တိုက်စစ်ကို ထိန်းချုပ်နိုင်ရန် ပိုမိုကြိုးစားခဲ့ရသည်။
လက်ရှိအခြေအနေတွင်အာဂျင်တီးနားအသင်းအနေဖြင့်သုံးမှတ်ရယူထားသော်လည်းဂိုးအရေအတွက် အသာဖြင့်ဇယားထိပ်ဆုံးတွင်နေရာယူထားသည့်တောင်ကိုရီးယားအသင်းကိုအုပ်စုဗိုလ်နေရာအတွက် အနိုင်ကစားနိုင်မှသာ ဖြစ်ပေမည်။
အဆိုပါအုပ်စုတွင်တောင်ကိုရီးယားအသင်းသည်လည်းမထင်မှတ်ဘဲယူရို၂၀၀၄ချန်ပီယံဂရိအသင်းကို ပွဲစလျှင်စချင်း၆မိနစ်တွင်အလွတ်တည်ကန်ဘောဖြင့်လီဂျန်ဆူးကအဖွင့်ဂိုးစတင်သွင်းယူခဲ့ပြီး ၅၁ မိနစ်တွင် မန်ယူအသင်းသားပက်ခ်ဂျီဆန်ကကွင်းအလယ်စက်ဝိုင်းမှနေ၍ဂရိနောက်တန်းလူများကို ဖြတ်ကျော်လိမ်ခေါက်ပြီး ဒုတိယ မြောက်ဂိုး ကို သွင်းယူ၍ အဖိုးတန် အမှတ် ၃ မှတ်ကို ရယူခဲ့သည်။
တောင်ကိုရီးယားအသင်းကိုသရေကစားခဲ့လျှင်ရှုံးထွက်အဆင့်ကိုတက်ရန်အလှမ်းကွာဝေးခြင်း မရှိတော့ပေ။
၂၀၁၀ကမ္ဘာ့ဖလားတွင်ဗိုလ်စွဲမည်ဟုတစ်ပေးခြင်းခံရသည့်နာမည်ကျော်နည်းပြကာပယ်လို၏အင်္ဂလန် အသင်းသည်အမေရိကန်အသင်းကို၁ဂိုးစီသရေကျခဲ့ခြင်းဖြင့်နည်းပြ၏လူရွေးချယ်ပုံ မတည်ငြိမ်သေးသည်ကို ထိုပွဲတွင် ပြသခဲ့သည်။
ခံစစ်မှာဂျွန်ဆင်၊လက်ဒလေကင်း၊တယ်ရီ၊အက်ရှ်လေကိုးတို့ကိုပွဲထုတ်ခဲ့သော်လည်းဒုတိယပိုင်းတွင် လက်ဒလေကင်းကိုကာရေဂါနှင့်အစားထိုးခဲ့ပြီးကွင်းလယ်တွင်ဂျရတ်နှင့်လမ်းပတ်၊တောင်ပံနှစ်ဘက်တွင် လင်နွန်နှင့် မီလ်နာတို့ဖြင့် ပွဲထွက်ခဲ့ သည်။
ပွဲစလျှင်စခြင်းအသင်းခေါင်းဆောင်စတီဗင်ဂျရတ်၏ဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်းအင်္ဂလန်အသင်း ကစားပုံမှာအားရစရာမကောင်းဘဲအမေရိကန်၏ကစားကွက်အောက်မှာကစားကွက်တည်မရဘဲ ဖြစ်နေခဲ့သည်။
ညာတောင်ပံကလင်နွန်ပုံမှန်ခြေစွမ်းပြနိုင်ပြီးအသင်းခေါင်းဆောင်ဂျရတ်သည်လည်း တကွင်းလုံးလိုက်ကစားခဲ့ရာ ဒုတိယပိုင်း ကုန်ခါနီးမှာတော့ ပုံစံကျသွားခဲ့သည်ကို တွေ့ရသည်။
လမ်းပတ်၊ တယ်ရီ၊ ရူနီ၊ ဟက်စကီး တို့သည်လည်း ပုံမှန် အနေအထားသာ ကစားနိုင်ခဲ့ပြီး အသင်းလိုက် ချိတ်ဆက်မှု အပိုင်းတွင် အားနည်း နေခဲ့သည်။
အင်္ဂလန်အသင်း၏အဓိကပြဿနာမှာအတွေ့အကြုံရှိသည့်ဂိုးသမားမရှိခြင်းပင်ဖြစ်သည်။ နည်းပြကာပယ်လိုရွေးချယ်သည့်ဂိုးသမားများသည်ချန်ပီယံလိဂ်ကဲ့သို့သောပွဲကြီးများကို ကစားဖူးခြင်းမရှိသည့်အတွက်အဆင့်မရှိကြောင်းကိုစပိန်ဂိုးသမားကားဆီးလက်စ်ကလည်း ပြောဆိုခဲ့သကဲ့သို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးကလည်း အင်္ဂလန်အသင်းသည် ယခုရွေးချယ် သည့် လူများနှင့်မှ ဖလားမရလျှင် နောင်ဘယ်သောအခါမှ ရတော့မည်မဟုတ်ဟု ဝေဖန်ထားသည်။
အင်္ဂလန်အသင်းသည် အုပ်စု ပထမအနေဖြင့် ရှုံးထွက် အဆင့်ကို တက်ရောက်မှသာလျှင် တဘက်အုပ်စုမှ တက်လာမည့် အသင်း ကြီးများကို ရှောင်နိုင်ပေမည်။ လက်ရှိခြေစွမ်းနှင့်ဆိုလျှင် ချန်ပီယံဖြစ်မည်ဟု ပြောရန် စောသေးသည်။
လက်ရှိ အခြေအနေတွင် အစဉ်အလာကြီးသည့် ဘောလုံးအသင်းကြီးများတွင် ဂျာမနီအသင်း တသင်းသာ သြစတြေးလျအသင်း ကို ၄ ဂိုးပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သေးသည်။
ရှေ့တန်းတွင်ဝါရင့်တိုက်စစ်မှူးကလိုဆေး၊ပိုဒေါ့စကီး၊သော့မတ်စ်မူလာတို့နှင့်အလယ်တန်းလူရှဝိန်းစတိုက်ဂါ၊ အိုဇေး တို့၏တွဲလုံးများသည်တဘက်အသင်း၏ဂိုးပေါက်ကိုအဆက်မပြတ်ခြိမ်းခြောက်နိုင်ခဲပြီး နောက်တန်းမှ ဖိလစ်လမ်းဦးဆောင်သည့်ဖရက်ဒရစ်၊မာတီဆက်ကာတိုကလည်းခံစစ်တွင်သာမကတိုက်စစ်ကိုပါ လိုက်ပါကစားသွားသည်ကို သြစတြေးလျနှင့်ပွဲတွင် တွေ့ရသည်။
လက်ရှိအခြေအနေတွင်မူဂျာမနီအသင်းသည်ဂိုးမှအစရှေ့နောက်အလယ်အားလုံးအချိတ်အဆက်မိမိနှင့် ကစားသွားနိုင် သည်။
ယနေ့တွင် ဥရောပ အသင်းကြီးဖြစ်သည့် နယ်သာလန်နှင့် ဒိန်းမတ်၊ လက်ရှိ ချန်ပီယံ အီတလီအသင်း နှင့် ပါရာဂွေး အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ရာ အီတလီအသင်းနှင့် နယ်သာလန်အသင်းတို့၏ ခြေစွမ်းကို ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။
အောင်ကောင်းသက်နှင့် ကျော်ညွန့်ချိန် ပူးပေါင်းရေးသားသည်။

Geen opmerkingen: