မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 juni 2010

မြန်မာနျူကလီးယားဆိုင်ရာအထောက်အထားIAEAစိစစ်

ခက်ထန် Tuesday, June 08, 2010
မြန်မာနျူကလီးယားလျှို့ဝှက်စီမံကိန်းနှင့်ပတ်သက်၍ အသစ်ထွက်ပေါ်လာသော အထောက် အထားများကို ကြည့်ရှုစစ်ဆေးနေကြောင်းနိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)အကြီးအကဲယူကိယအာမာနိုက ပြောကြားသည်။
                                        IAEA အကြီးအကဲ ယူကိယ အာမာနို (ဓာတ်ပုံ - အေပီ)
“မီဒီယာက တဆင့် ထွက်ပေါ် လာတဲ့ သက်ဆိုင်ရာ သတင်းနဲ့ ဆောင်းပါး တွေကို ကြည့်ပြီးပါပြီ။ အချက် အလက်တွေကို စိစစ်နေပါတယ်။ လိုအပ်ရင် မြန်မာအစိုးရ ဆီကနေ ရှင်းလင်းချက် တောင်းပါမယ်”ဟု ယူကိယ အာမာနိုက IAEA ၏ ၃၅ နိုင်ငံ ပါဝင်သော ဘုတ်အဖွဲ့ အစည်းအဝေးတွင် ယမန်နေ့က ပြောကြား သွားသည်။
ဇွန်လ ၄ ရက်မှ၆ရက်နေ့အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-LaDialogue)ဆွေးနွေးပွဲခေါ်၉ကြိမ်မြောက် အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေး ပွဲတွင် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန (IISS)မှ လက်နက် မပြန့်ပွားရေးဆိုင်ရာ အကြီးတန်းသုတေသီ မာ့ခ် ဖစ်ဇ်ပက်ထရစ်ကို ကိုးကား၍ My Paper သတင်းဌာနက ဖော်ပြသည်။
စင်္ကာပူ အခြေစိုက်MyPaperသတင်းဌာနက ထိပ်သီးဆွေးနွေးပွဲ အပြီး စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမြင့်ကို နျူကလီးယား အထောက်အထားသစ်များ အကြောင်း မေးမြန်းခဲ့ရာ “မမှန်ပါဘူး။ ကျနော်တို့ နိုင်ငံကို ဇွတ် ပုံစံသွင်းနေတာပါ” ဟု ဖြေသွားသည်။
“နျူကလီးယား ထုတ်ဖို့ဆိုရင် ကျနော်တို့မှာ အခြေခံ ပစ္စည်းပစ္စယနဲ့ နည်းပညာတွေ လိုအပ်ပါသေးတယ်”ဟု ဦးဝင်းမြင့်က ဆက်လက်ပြောသည်။
ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်သည် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် စီစဉ်ပြီးမှ အစီစဉ်ကို ဖျက်သိမ်းလိုက်ပြီး သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်ခဲ့သည်။
အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရန်အတွက် ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေး ကျွမ်းကျင်သူများနှင့် ပညာရှင်များက ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဗိုလ်ချုပ်အေးမြင့်မတက်ရောက်ခြင်းနှင့်ပတ်သက်၍MyPaperသတင်းဌာနကမေးမြန်းခဲ့ရာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျား ပေါင် လာရောက်မည်ဖြစ်၍ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ဦးဝင်းမြင့်က ဖြေကြားခဲ့သည်။
ရုရှားမှဒုံးပျံအင်ဂျင်ပညာနှင့်ဘွဲ့ရခဲ့သည့်ဗိုလ်မှူးစိုင်းသိန်းဝင်းကရာနှင့်ချီသောလျှို့ဝှက်အထောက်အထား စာရွက်စာတမ်းနှင့်ဓာတ်ပုံများကိုယူဆောင်ကာပြည်ပသို့တိမ်းရှောင်လာပြီးနောက်စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းဆိုင်ရာ အချက် အလက်သစ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
နော်ဝေအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)နှင့်အယ်လ်ဂျာဇီးယား သတင်းဌာနတို့က ရရှိလာသော အထောက် အထားပေါ်မူတည်၍ပြီးခဲ့သည့်သတင်းပတ်တွင် သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)၏ညွှန်ကြားရေးမှူးဟောင်းရောဘတ်ကယ်လီကလနှင့်ချီ၍လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်းက“သူတို့ တကယ်လိုချင်တာကအဏုမြူဗုံးပဲ။အဲဒါသူတို့ရဲ့အဓိကရည်မှန်းချက်ပဲ။ ဒုံးကျည်တွေနျူကလီးယားထိပ်ဖူးတွေပိုင်ဆိုင်ချင်တယ်”ဟုအယ်လ်ဂျာဇီးယားသတင်းဌာန၏ ထုတ်လွှင့်မှုတွင် ပြောကြားထားသည်။
ယင်းထုတ်လွှင့်ပြသမှု မတိုင်ခင်တွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်ခရီးစဉ်ကို မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်ဆံရေးကြောင့် ဟုဆိုကာ ဇွန်လ ၃ ရက်နေ့တွင် ရုတ်တရက် ဖျက်သိမ်းလိုက်သည်။
စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်)ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။နောက်တနှစ်အကြာတွင်ဘက်စုံအဏုမြူစမ်းသပ်မှုများတားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

Geen opmerkingen: