မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 juni 2010

ဘူးသီးတောင်-မောင်တောလမ်းလမ်းမြေပြို

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ဇွန်လ၁၄ရက်၂၀၁၀ခုနှစ်၂၀နာရီ၃၂မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ကုန်စည်ဖလှယ်ရာ ကားလမ်းဖြစ်သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောလမ်းတွင် မြေပြိုမှုဖြစ်ပွားရာ ယမန်နေ့ညမှ စတင်ကာ ၁၇ နာရီထက်မနည်း လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
ဘူးသီးတောင်မြို့အနောက်ဘက်၈မိုင်အကွာရှိတောင်ခေါင်းကြီးလှိုဏ်ဂူ၏အပေါ်တွင် ဖောက်လုပ်ထားသည့် လှိုဏ်ဂူပတ်လမ်းမှ မြေသားများ ပြိုကျသဖြင့် တနင်္ဂနွေနေ့ည ၁၁ နာရီခန့်မှ တနင်္လာနေ့ညနေ ၄ နာရီအထိ လမ်းပိတ်ဆို့ခဲ့သည်။။
တောင်ခေါင်းကြီးလိုဏ်ဂူကို ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁ ဖာလုံခန့် ရှည်လျားကာ ဘူးသီးတောင်မှ မောင်တောမြို့သို့သွားရာ လမ်းခရီး၏ အလယ်တွင် တည်ရှိသည်။
“မိုးကတအားရွာတယ်။မနေ့ကညဦးပိုင်းကတည်းကရွာနေတာ။လှိုဏ်ခေါင်းပေါ်ကလမ်းကလည်း မြေသားလမ်းဆိုတော့ အိပြီးပြိုကျကုန်တာ။ ဒီနေ့လည်း တနေ့လုံး ရွာနေတုန်းပဲ။”ဟု ဘူးသီးတောင်မြို့မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ခရီးသည်တင်လိုင်းကားများနှင့်ကုန်တင်ကား အစီးရေ ၃ဝ ခန့်မှာ ညနေ ၄ နာရီအထိ လမ်းပိတ်ဆို့နေသည့် လှိုဏ်ခေါင်း၏ တဖက်တချက်စီတွင် ရပ်တန့် စောင့်ဆိုင်းနေခဲ့ရသည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဆောက်လုပ်ရေးဌာနမှ ဘူဒိုဇာနှစ်စီးဖြင့် လာရောက်ရှင်းလင်းမှု ပြုခဲ့သည်။
ဘူးသီးတောင်မြို့နှင့် မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ မောင်တောသည် ၁၆ မိုင် ကွာဝေးသည်။
ယခုလမ်းကိုအသုံးပြု၍ရခိုင်ပြည်နယ်မှငါး၊ပုစွန်နှင့်ရေထွက်ပစ္စည်းများ၊ ရာသီပေါ် အသီးအနှံများ၊ ဆန်စပါး၊ ဝါး၊ ကျွန်းသစ် စသည့် ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့်ခ်ျသို့ တင်ပို့ကြောင်း သိရသည်။

Geen opmerkingen: