မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 12 juni 2010

ဧရာဝတီလင်းပိုင်၅ကောင်တလအတွင်းသေဆုံး

စိုင်းဇွမ်ဆိုင်း Saturday, June 12, 2010
.မြန်မာနိုင်ငံရှိဧရာဝတီလင်းပိုင်များ၏သေဆုံးမှုသည်ဧပြီလတွင်းကအမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ တလအတွင်း ဧရာဝတီလင်းပိုင်ငါးကောင်သေဆုံးကြောင်းလင်းပိုင်များအားသုတေသနပြု ထိန်းသိမ်း လေ့လာသူများ ထံမှ သိရှိရသည်။
                                                     ဧရာဝတီ လင်းပိုင် (ဓာတ်ပုံ - EPA)
“ပထမဆုံးစစ်ကိုင်းတိုင်းထဲမှာသေသွားတဲ့ဧရာဝတီလင်းပိုင်နှစ်ကောင်တွေ့တယ်၊သေတာကတော့ဗန်းမော် ပတ်ဝန်းကျင်ထဲမှာသေတယ်၊နောက်ကသာရဲ့အရှေ့ဘက်ကမ်းမှာတစ်ကောင်၊စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာမှာတကောင်စီထပ်တွေ့တယ်”ဟုရန်ကုန်မြို့မှလင်းပိုင်များကိုထိန်းသိမ်းလေ့လာနေသူတဦးက ပြောသည်။
လင်းပိုင်များသေဆုံးရခြင်းအကြောင်းအရင်းနှင့်ပတ်သက်ပြီး“နှစ်ကောင်ကသူ့ဘာသာအသက်ကြီးလို့ သေဆုံးသွားတဲ့သဘောပါ၊ကျန်တဲ့သုံးကောင်ကတော့ငါးဖမ်းပိုက်တွေနဲ့ငြိပြီးသေရတာပါ”ဟု ၎င်းကဆက်လက် ပြောပြသည်။
“တချို့လူတွေဟာသူတို့တွေရဲ့ငါးဖမ်းပိုက်တွေကိုလင်းပိုင်တွေကိုကာကွယ်ထားတဲ့နေရာတွေမှာလာ ချထားတာမျိုးတွေ၊ဘတ္ထရီအိုးတွေနဲ့ငါးကိုရှော့ရိုက်ပြီးဖမ်းတာမျိုးတွေရှိပါတယ်၊ဒါတွေဟာ လင်းပိုင်တွေအတွက်အကြီးမားဆုံးအန္တရာယ်ဖြစ်ပေါ်စေနိုင်ပါတယ်”ဟုရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ဧရာဝတီသို့ပြောသည်။
လွင်မိုးသည် ယမန်နှစ်က ဧရာဝတီ လင်းပိုင်များ အကြောင်းကို ဗီဒီယို မှတ်တမ်းအဖြစ် ထုပ်လုပ်ခဲ့သည်။
ယင်း ဧရာဝတီလင်းပိုင်မျိုးစိတ်ကို ကမ္ဘာက အမည်ပေး သတ်မှတ်ထားခြင်းဖြစ်ပြီး တခြားနိုင်ငံများမှလည်း ဧရာဝတီ လင်းပိုင်ဟုသာ ခေါ်ကြသည်။
လင်းပိုင်များကိုကာကွယ်ရန်အတွက်ထိန်းသိမ်းလေ့လာရေးအဖွဲ့သည်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများကိုလုပ်ဆောင်နေပြီးရွာသားများသည်လည်းလင်းပိုင်များကိုတမင်ရည်ရွယ်၍ သတ်ဖြတ်ခြင်းမျိုးများ မရှိကြောင်း လင်းပိုင်များ သုတေသနပြု လေ့လာသူ တဦးကလည်း ပြောသည်။
“လင်းပိုင်တွေသေရတာကတော့အများဆုံးကအသက်ကြီးလို့သေတာမျိုးတွေ၊ငါးဖမ်းပိုက်တွေနဲ့ မတော်တဆ ငြိပြီးသေတာမျိုးတွေဖြစ်ပါတယ်၊လင်းပိုင်တွေရှိတဲ့ဒေသတွေမှာနေတဲ့လူတွေကတော့လင်းပိုင်ကို သတ်တာမျိုးတွေတော့မရှိပါဘူး၊ဒေသခံတွေရဲ့ယုံကြည်မှုကိုကလင်းပိုင်ကိုသတ်ရင်ကံမကောင်းတတ်ဘူး ဆိုတဲ့ယုံကြည်မှုတွေရှိတယ်လေ”ဟု၎င်းကပြောသည်။
ဧရာဝတီလင်းပိုင်အကောင်ရေသည်၂၀၀၄ ခုနှစ်အထိ၇၂ကောင်သာရှိပြီးယခုအချိန်တွင်၈၉ကောင်အထိ တိုးပွား လာပြီ ဖြစ်သည်။
ဧရာဝတီလင်းပိုင်များထိန်းသိမ်းလေ့လာရေးအဖွဲ့၏မှတ်တမ်းများအရ၂၀၀၁ခုနှစ်မှ၂၀၁၀မေလအထိ လင်းပိုင်များ သေဆုံးမှုမှာအကောင်၂၀ခန့်သာရှိခဲ့ပြီးယခုဧပြီလအတွင်းသေဆုံးမှုမှာတလအတွင်း အများဆုံး သေဆုံးမှု ဖြစ်ကြောင်း သိရှိရသည်။

Geen opmerkingen: