မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 juni 2010

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်ဒတ်ခ်ျအမျိုးသမီး၃၆ဦးနှင်ထုတ်ခံရ

စိုင်းဇွမ်ဆိုင်း Wednesday,June16,2010 .
နယ်သာလန်နှင့်ဒိန်းမတ်အသင်းတို့ပြီးခဲ့သည့်တနင်္လာနေ့ကယှဉ်ပြိုင်ကစားခဲ့သောကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင်လိမ္မော်ရောင်အဝတ်အစားများကိုဖက်ရှင်ကျကျဝတ်ဆင်ထားသည့်ဒတ်ခ်ျအမျိုးသမီး၃၆ဦး ပြိုင်ပွဲကွင်းအတွင်းမှနှင်ထုတ်ခံရကြောင်းသိရသည်။
တရားမ၀င်ဘီယာအရောင်းမြှင့်တင်ရေးပြုလုပ်ခဲ့သည်ဟုစွပ်စွဲခံရသည့်ဒတ်ခ်ျအမျိုးသမီးများ(ဓာတ်ပုံ-Getty Images)
နယ်သာလန်အသင်းကိုအားပေးရန်လာရောက်ကြသည့်အမျိုးသမီးများကို“တရားမဝင်ဘီယာအရောင်း မြှင့်တင်ရေးလုပ်ဆောင်သည်”ဟုဆိုကာပထမပိုင်းပြီးချိန်တွင်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က နှင်ထုတ်ခြင်းဖြစ်သည်ဟုယနေ့ထုတ်ဆန်ဖရန်စစ္စကိုအခြေစိုက်Bleacherသတင်းတွင်ဖော်ပြထားသည်။
ယင်းအမျိုးသမီးများထဲမှတစ်ဦးဖြစ်သည့်ဘာဘရာကတ်စ်စတိန်းက“ကျမတို့ကိုBavariaဘီယာကုမ္ပဏီ အတွက်တရားမဝင်အရောင်းမြှင့်တင်ရေးလုပ်တယ်၊ဒါဟာတောင်အာဖရိကဥပဒေနဲ့ငြိစွန်းနေတဲ့အတွက် ထောင်ခြောက်လကျသွားနိုင်တယ်လို့ ရဲကပြောတယ်”ဟုဆိုသည်။
ဘောလုံးပွဲပထမပိုင်းပြီးချိန်တွင်အာဏာပိုင်တို့ကကွင်းအတွင်းမှခေါ်ဆောင်ပြီးသုံးနာရီခန့်ကြာသည်အထိ မေးမြန်းခဲ့ကြောင်း၊၎င်းတို့အနေဖြင့်နယ်သာလန်အသင်းကိုယ်စားပြုသည့်လိမ္မော်ရောင်ဝတ်စုံကိုဝတ်ဆင်ခြင်းဖြစ်ပြီးအစိုးရရုံးပိတ်ရက်များနှင့်ကမ္ဘာ့ဖလားဘောလုံးပွဲများတွင်လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်လေ့ရှိကြောင်း၎င်းကဆက်လက်ပြောဆိုသည်။
FIFA၏မှတ်တမ်းများတွင်မူ၎င်းတို့၃၆ဦးကိုBavariaဘီယာကုမ္ပဏီကိုယ်စားပြုသည့်လိမ္မော်ရောင်ဝတ်စုံကိုဝတ်ဆင်ပြီးအရောင်းမြှင့်တင်ရေးပြုလုပ်ခဲ့သည်ဟုဖော်ပြထားသည်။
Bavariaဘီယာကုမ္ပဏီကိုယ်စားလှယ်ဖြစ်သူမစ္စတာဆွင်ကယ်လ်က“ဒတ်ခ်ျအမျိုးသမီးတွေရဲ့လိမ္မော်ရောင် ဝတ်စုံပေါ်မှာကုမ္ပဏီတံဆိပ်မပါဘူး၊လိမ္မော်ရောင်ဟာကုမ္ပဏီရဲ့အမှတ်အသားဖြစ်တယ်၊ဒါပေမယ့်FIFAက ပရိသတ် ဝတ် ဆင်တဲ့ အရောင်တွေကို ခြယ်လှယ်လို့ မရပါဘူး”ဟု ပြောဆိုသည်။
မည်သည့်အမျိုးသမီးကိုမှစစ်ဆေးမေးမြန်းထိန်းသိမ်းထားခြင်းမရှိကြောင်း၊သို့သော်“တရားမဝင်အရောင်း မြှင့်တင်ရေး”ဟုတ်မဟုတ်ကိုမူသေချာစွာမေးမြန်းခဲ့ရကြောင်းFIFA၏ပြောရေးဆိုခွင့်ရှိသူမစ္စတာ နစ်ကိုးလတ်စ် မိန်းဂေါ့ထ် က ပြောသည်။
၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကုန်ပစ္စည်းကြော်ငြာလိုသောကုမ္ပဏီများသည်FIFAမှ ခွင့်ပြုချက်ရယူပြီးမှသာ ကြော်ငြာ ခွင့် ရှိကြောင်း သိရသည်။

Geen opmerkingen: