မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 1 juli 2011

နယ်ခြားစောင့်အဟောင်း-အသစ်တိုက်ပွဲဖြစ်

ကိုဝိုင်း သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၇ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ပြန်လည်ဖြစ်သွားသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်ဟောင်းများနှင့်အစိုးရတပ်များပါဝင်ပူးပေါင်းထားသည့်လက်ကျန်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြားကရင်ပြည်နယ်လှိုင်းဘွဲနှင့်ဖိပွန်မြို့နယ်တို့တွင်တိုက်ပွဲများဖြစ်နေကြောင်းDKBA ဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောသည်။
တပ်ရင်းမှူးဗိုလ်မှူးစိုးနိုင်ဦးစီးသောနယ်ခြားစောင့်တပ်အမှတ်၁ဝ၁၁နှင့်အစိုးရတပ်မှတပ်မ၄၄၊၆၆၊၂၂တို့ ပူးပေါင်းတပ်ဖွဲ့များနှင့်တပ်ရင်းမှူးစောဘိဦးစီးသောDKBAများကြာသပတေးနေ့ညနေကကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ တခေါ့ဖိုးရွာအနီး၌ တနာရီကျော် တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ပြန်လည်ဖြစ်သွားသောနယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟောင်းများ (ဓါတ်ပုံ မဇ္ဈိမ)
တိုက်ပွဲတွင်နယ်ခြားစောင့်တပ်ဘက်မှဗိုလ်မှူးစိုးနိုင်ကျဆုံးသည်ဟုသတင်းထွက်ပေါ်နေသော်လည်းDKBA နှင့် KNU က အတည်မပြုနိုင်သေးဟု ဆိုသည်။
ဇွန်လ၂၉ရက်ညကလည်းသံလွင်မြစ်အနောက်ဘက်ဖာပွန်မြို့နယ်ကမမောင်းရွာအနီး၌အစိုးရတပ်များနှင့်
ဖြစ်ပွားရာ အရပ်သားတဦး သေဆုံးသည်ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။
“ သူပစ်ကိုယ်ပစ်လေဘယ်သူ့လက်နက်ထိတယ်ဆိုတာပြောလို့မရသေးဘူး” ဟု သူက ပြောသည်။
သောကြာနေ့တွင်တိုက်ပွဲများဆက်ဖြစ်သည်ဟုမကြားရသေးသော်လည်းနှစ်ဖက်တပ်စွဲထားပြီး တဖက်နှင့်တဖက် ခြေလျင်တနာရီအကွာ၌ ရင်ဆိုင်အနေအထားဖြင့် အသင့်ရှိနေကြသည်ဟု ဆိုသည်။
တိုက်ပွဲနေရာသည်သံလွင်အနောက်ခြမ်းသထုံ-ကမမောင်း-ဖာပွန်ကားလမ်း၊အရှေ့ခြမ်းဘားအံ-သခေါ့ဖိုး ကားလမ်းတို့နှင့် နီးပြီး KNLA၏ဘားအံခရိုင်တပ်မဟာ ၇၊ဖာပွန်ခရိုင်တပ်မဟာ၅၊သထုံခရိုင် တပ်မဟာ ၁ စသည့် တပ်မဟာ ၃ ခု ဆက်စပ်နယ်မြေ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNUအတွင်းရေးမှူး ၁ ဗိုလ်မှူးလှငွေကပြောပြသည်။
KNLAတပ်မဟာ၅နယ်မြေအတွင်း၌အစိုးရနယ်မြေခံတပ်မ၁ဝ၁နှင့်အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းပေါင်း၁၁ရင်း၊တပ်မဟာ၇နယ်မြေအတွင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စကခ၁၂လက်အောက်ခံတပ်ရင်း ပေါင်း ၁၂ ရင်းခန့် လှုပ်ရှားနေကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။



Geen opmerkingen: