မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 juli 2011

အစိုးရတပ်မှ ၇ ဦး KIO မိထားဆို

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာအစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့KIOတို့အကြား၂ရက်ကြာတိုက်ပွဲတွင် အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်ရင်း၂၁ မှဗိုလ်ကြီးတဦးနှင့်တပ်သားများ အပါအဝင် ၇ ဦးကို လက်နက်ပစ္စည်းများနှင့်အတူ KIO က လိုင်ဇာဗဟိုဌာနချုပ်တွင် ဖမ်းဆီးထားသည်။
KIOတပ်ရင်း၁၈၊၂၃တို့နှင့်ပမခလက်အောက်ခလရ၂၁တို့မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ဝိုင်းမော် မြို့နယ်ခယာကျေးရွာတွင်ယခုဇူလိုင်လ ၁၆၊ ၁၇ ရက် နှစ်ရက်ကြာတိုက်ပွဲတွင် မြန်မာအစိုးရ တပ်သား ၁ဝ ဦးကျော် ကျဆုံးသည့်အပြင် စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့သည်။
ဗိုလ်ကြီးတဦးနှင့်တပ်သားများအပါအဝင်၇ဦးကိုလက်နက်ပစ္စည်းများနှင့်အတူKIOက လိုင်ဇာဗဟိုဌာနချုပ်တွင် ဖမ်းဆီးထား (Photo:: Citizen Journalist)
ဖမ်းဆီးထားသောစစ်သုံ့ပန်းများမှာဗိုလ်ကြီးထွန်းထွန်းမင်း၊ဗိုလ်ဇော်ရဲထွန်း၊တပ်ကြပ်ကြီးတင်ထွန်း၊တပ်ကြပ် သိန်းနိုင်ဦး၊ဒုတပ်ကြပ်နိုင်လင်းထွန်း၊တပ်သားမျိုးမင်းစိုး၊တပ်သားနေနိုင်တို့ ၇ ဦးဖြစ်ပြီး ၂ ဦး ဒဏ်ရာရသဖြင့်
ဆေးကုသမှု ခံယူနေသည်ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“ခရာကျေးရွာတိုက်ပွဲကနေဖမ်းဆီးထားတဲ့လူတွေဘဲ။အစိုးရတပ်တွေကသေနတ်တွေပစ်ထားပြီးတော့ ထွက်ပြေးသွားတယ်။ကျတာက၁ဝယောက်ကျော်တော့ရှိမယ်။သူတို့ဆန္ဒအတိုင်း ပြန်ခိုင်းမယ်။ကျနော်တို့က
နိုင်ငံတကာ စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးမှာပါ။ တခြားဘာမှ မလုပ်ဘူး”ဟု သူကမဇ္စျိမကို ပြောသည်။
ဒု-တပ်ကြပ်နိုင်လင်းထွန်းနှင့်တပ်ကြပ်ကြီးတင်ထွန်းတို့ဒဏ်ရာရသဖြင့်လိုင်ဇာဆေးရုံတွင် ဆေးကုသပေးနေပြီးသူတို့ကိုKIA၏သုံ့ပန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီစစ်ဆေးမေးမြန်း၍ သူတို့ဆန္ဒအတိုင်း ပြန်လွှတ်ပေးမည်ဟု ဆိုသည်။
၆ဝမမပြောင်းရှည်၂လက်၊ကျည် ၅ လုံး၊ MG42 Machin၂လက်၊ ကျည် ၃ တွဲ၊ MA4 လောင်ချာတွဲ ၁ လက် ကျည်ပေါင်း ၇ဝဝ၊ MA3 ၃ လက်၊ MA1 ၅ လက်၊ MA2 ၁ လက်၊ RPG ဗုံးသီး ၉ လုံး၊ ၉ မမ ပစ္စတို ၄ လက်၊ ကျည် ၆၄ တောင့်၊ နင်းမိုင်း ၉ လုံး၊ လက်ပစ်မိုင်း ၇ လုံး၊ ၇၉ မမ ဗုံးသီး ၇ လုံး၊ ၇.၆၂ ကျည်ဆံ ၅၆၉ တောင့်တို့ကို သိမ်းဆည်းထားသည်ဟု KIO က ပြောသည်။
ယင်းတိုက်ပွဲတွင် မြန်မာအစိုးရဘက်မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ခိုင်ဝင်း အပါအဝင် အနည်းဆုံး ၁ဝ ဦးကျော် သေဆုံးမည်ဟုKIOက ပြောသည်။အလားတူ မန်စီမြို့နယ် ကောင်လွန်ကျေးရွာအနီးတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် မြန်မာ အစိုးရတပ် ခမရ ၃၄၈ တို့အကြား ယခုလ ၁၈၊ ၁၉ ရက်များတွင် နှစ်ရက်ကြာ တိုက်ပွဲတွင် အစိုးရဘက်မှ စစ်ကြောင်း ၁ မှူး ဗိုလ်ကြီး သိန်းဇော်ထွေးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ဦးလနန်က ပြောသည်။
“မနေ့ကထိဖြစ်တဲ့တိုက်ပွဲမှာခမရစစ်ကြောင်း၁ မှူး ဗိုလ်ကြီးနဲ့ တပ်သား ၃ ဦးကျပြီ။ ဒီနေ့ ဆက်ဖြစ်အုန်းမယ်။ ဒါပေမဲ့ သတင်းတော့ မရောက်လာသေးဘူး။၁၈ ရက်နေ့မှာ ကျနော်တို့ တပ်ရင်း ၁၂ က တပ်သားတဦး ကျသွားတယ်” ဟု ဦလနန်က ပြောသည်။
ခမရ ၃၄၈တပ်ရင်းတွင်ခလရတပ်ရင်း ၇၄ တပ်ဖွဲ့များအင်အားထပ်ဖြည့်၍ တိုက်ခိုက်နေသည်ဟု ဆိုသည်။အစိုးရနှင့်KIOအကြားတိုက်ပွဲဖြစ်ပွားမှု၁လကျော်ကြာချိန်အထိ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၏အကူအညီမရသေးသလိုအစိုးရမဟုတ်သောအဖွဲ့အစည်းများကိုလည်း စစ်ပြေးဒုက္ခသည်များကို မကူညီရန် မြန်မာအစိုးရကပြောဆိုမှုများရှိသဖြင့် မည်သည့် NGOအဖွဲ့အစည်းမှ ကူညီပေးခြင်း မရှိသေးပေ။
                    ဖမ်းဆီးရမိထားသောလက်နက်ပစ္စည်းများကိုတွေ့ရစဉ်(Photo::CitizenJournalist)
ထို့ကြောင့် လက်ရှိ စစ်ပြေးဒုက္ခသည်များမှ ကလေးငယ်များ အတွက် အဓိကအားဖြင့် ကျန်းမာရေးနှင့် အာဟာရဖြည့်ပေးရန် အတွက် အစားအသောက်နှင့် ဆေးဝါး အရေးတကြီး လိုအပ်နေသည်ဟု ဦးလနန်က ပြောသည်။
“ပထမဆုံး ဦးစားပေးက အာဟာရ ဖြည့်ဖို့ ဆေးဝါး လိုအပ်တယ်။ ဆေးဝါးဆိုတဲ့ထဲမှာ ကာကွယ်ဆေးကအစ ကလေးတွေအတွက် အာဟာရ ဖြည့်ဖို့ လိုအပ်နေတယ်။ ကလေးတွေ အာဟာရ ပြတ်လာရင် ကြာရင် ဖျားနာလာမယ်။ ဒါကြောင့် ဖြည့်စွက် အာဟာရ လိုအပ်နေတယ်။ ဆေးဝါးပစ္စည်း ၊ နောက်ပြီးတော့ ကလေးတွေအတွက် ပညာသင်ကြားဖို့ စာရေးကိရိယာတွေ လိုအပ်တယ်” ဟု ပြောသည်။
အလားတူတိုက်ပွဲကြောင့်အိုးအိမ်နှင့် တောင်ယာ၊ လယ်များကို စွန့်ခွာ၍ ထွက်ပြေးလာသော ဒုက္ခသည် ၁၆,ဝဝဝ အတွက် ပြည်တွင်း၊ ပြည်ပအကူအညီများမရသေးသဖြင့် အရေးပေါ် ဆန်၊ မိုးကာနှင့် ဆေးဝါး စသည့် အကူအညီများလိုအပ်နေသည်ဟုယမန်နေ့အင်္ဂါနေ့ကထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့ချုပ်-KWAT က ထုတ်ပြန်ခဲ့သည်။
“အခု အခက်အခဲအစုံဘဲ။ မိုးတွင်းဆိုတော့ သဲဆောက်ဖို့၊ ရွက်ဖျင်တွေ၊ စားသောက်ဖို့ ဆန်တွေလည်း လိုအပ်နေတယ်။ ရှိတဲ့ဟာတွေလည်း စားလို့ကုန်တော့မယ်။ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေကတော့ တတ်နိုင်သလောက် အကူအညီပေးနေတာဘဲ။ ဒါပေမဲ့ မလုံလောက်ဘူး”ဟု KWAT ပြောရေးဆိုခွင့်ရှိသူဒေါ်ချယ်လီဆိုင်းက မဇ္စျိမကို ပြောသည်။





Geen opmerkingen: