မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 5 juli 2011

ဝန်ကြီးချုပ်ဟောင်းသမီးများကြားဖြတ်ရွေးကောက်ပွဲကိုကျောခိုင်း

ခင်ဦးသာ Tuesday, 05 July 2011 17:43
.ပြီးခဲ့သည့်၂၀၁၀ရွေးကောက်ပွဲ၌ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှတက်ကြွစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသောန်ကြီးချုပ်ဟောင်းများ၏သမီး၃ဦးသည်ရွေးကောက်ပွဲအပြီး၉လပြည့်မြောက်ချိန်၌ ၎င်းတို့၏အမြင်များပြောင်းလဲသွားပြီဟုဆိုသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ခေါင်းဆောင်များဖြစ်ကြသောဒေါ်ချိုချိုကျော်ငြိမ်း၊ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနုတို့အား၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်မြင်တွေ့ရစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ရွေးကောက်ပွဲနှင့်ပတ်သက်၍စိတ်ပြောင်းလဲမှုဖြစ်သွားသော၎င်းတို့သည်လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောသည်။
“အရင်လိုအခုလည်းမဲမသမာမှုတွေဖြစ်ဦးမှာပါ။အဲဒါကြောင့်ဝင်အရွေးမခံတော့ဘူးလို့ဆုံးဖြတ်ထားတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကမဲပုံးကြီးကိုပေါ်တင်မယူသွားပြီးမဲလိမ်၊မဲခိုးခဲ့တာတွေကိုကြုံခဲ့ရတယ်။ဥပဒေကို ဒီလိုပေါ်တင်ချိုးဖောက်တာခံခဲ့ရတော့ဒီတကြိမ်တော့စိတ်မပါတော့ဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူးဒေါ်ချိုချိုကျော်ငြိမ်းကဆိုသည်။ဒေါ်ချိုချိုကျော်ငြိမ်းသည်ဦးနုအစိုးရလက်ထက်ဒုတိယ ၀န်ကြီးချုပ်ဦးကျော်ငြိမ်း၏သမီးဖြစ်သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ပါတီဝင်များဖြစ်ကြသောဝန်ကြီးချုပ်ဟောင်းဦးနု၏သမီးဖြစ်သူအထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု၊ ဒု-၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီးဖြစ်သူ အတွင်းရေးမှူး ဒေါ်နေရီဗဆွေ၊ အတွင်းရေးမှူးဒေါ်ချိုချိုကျော်ငြိမ်းတို့သည်ပြီးခဲ့သည့်၂၀၁၀ရွေးကောက်ပွဲက၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော်လည်း အနိုင်မရခဲ့ကြပေ။
“ကျမကတော့ပါတီအင်အားကောင်းဖို့ရယ်၊၂၀၁၅အတွက်ရယ်ပဲအာရုံစိုက်လုပ်တော့မှာပါ။ကြားဖြတ် ရွေးကောက်ပွဲမှာမပြိုင်တော့ဘူး” ဟုဒေါ်သန်းသန်းနုကဆိုသည်။
၎င်းတို့၃ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)မှပြိုင်ဘက်များနှင့်မဲရုံတာဝန်ရှိသူများ၏မဲမသမာမှုများကြောင့်ရှုံးနိမ့်ခဲ့၍ကြားဖြတ်ရွေးကောက်ပွဲကိုဝင်မပြိုင်ကြတော့ကြောင်း ပြောသည်။၂၀၁၀ရွေးကောက်ပွဲသည်မတရားသောရွေးကောက်ပွဲတခုဟုလည်းဒေါ်သန်းသန်းနုက ဆိုသည်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)သည်မဲဆန္ဒနယ်၄၀ကျော်ဝင်ပြိုင်ခဲ့သော်လည်း၁နေရာသာ အနိုင်ရခဲ့သည်။
ဒေါ်နေရီဗဆွေကလည်း“အတိအကျမဆုံးဖြတ်ရသေးပေမယ့်မျှော်လင့်ချက်နည်းပါတယ်။အခုထိတော့စိတ်ဝင်စားမှုမရှိသေး ပါဘူး” ဟု ဆိုသည်။
၂၀၁၀ရွေးကောက်ပွဲ၌ကြံ့ဖွံ့ပါတီကနည်းလမ်းစုံဖြင့်လုပ်ဆောင်ခဲ့သောမဲမသမာမှုများ၊မဲရုံတာဝန်ရှိသူတို့၏ ဥပဒေချိုးဖောက်မှုများ၊ရွေးကောက်ပွဲကော်မရှင်၏ဘက်လိုက်မှုများကြောင့်ရှုံးနိမ့်ခဲ့ရသော်လည်း အဆိုပါ မသမာမှုများကိုပြည်သူများသိရှိစေရန်အတွက်ဆန္ဒရှိသူများအနေဖြင့်လာမည့်ရွေးကောက်ပွဲ၌၀င်ပြိုင်စေလိုကြောင်း ဒေါ်နေရီဗဆွေက ဆက် ပြောသည်။
ယခုနှစ်အတွင်းကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအား၎င်းတို့ကအယုံအကြည်မရှိတော့၍ ၀င်မပြိုင်ကြသော်လည်း၎င်းတို့ပါတီဝင်တချို့နှင့်တခြားသောဒီမိုကရက်တစ်အင်အားစုပါတီများကမူ ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် နေကြသည်။
“ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလိုမျိုးမဖြစ်ရအောင်မဲရုံစောင့်ကြည့်မယ့်သူတွေနေရာချပေးသွားမှာပါ။ ကျနော်တို့ပါတီကနေရာ၂၀၀င်ပြိုင်ဖို့လုပ်ဆောင်နေပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၏ အထွေထွေအတွင်းရေးမှူးဒေါက်တာဝင်းနိုင်ကဆိုသည်။မဲမသမာမှုများဆက်လက်ဖြစ်လာနိုင်ဖွယ် ရှိကြောင်းလည်း သူက ဆက်ပြောသည်။
NDFသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှခွဲထွက်ထားသောပါတီဖြစ်ပြီးတနိုင်ငံလုံး၌ ကိုယ်စားလှယ်လောင်း၁၆၁ယောက်ဖြင့်တတိယအင်အားအများဆုံးပါတီအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်တိုင်း၌၁၆နေရာအနိုင်ရခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲသည်၂၀၁၀ရွေးကောက်ပွဲ၌အနိုင်ရခဲ့သောကိုယ်စားလှယ်များထဲမှအစိုးရအဖွဲ့၏ ၀န်ကြီးများ၊ဒု-၀န်ကြီးများ၊လွှတ်တော်ဥက္ကဋ္ဌများစသည့်တာဝန် ထမ်းဆောင်နေသူတို့၏လစ်လပ်နေရာ ၅၀ အတွက် အရွေးချယ်ခံကြ မည်ဖြစ်သည်။
၂၀၁၀ရွေးကောက်ပွဲ၌စစ်တပ်၏ကျောထောက်နောက်ခံပါတီဟု အများသတ်မှတ်ထားသော ကြံ့ဖွံ့ပါတီသည် မဲမသမာမှု၊ မဲလိမ်မှု၊ မဲခိုးမှု စသည့် နည်းလမ်းစုံဖြင့် အနိုင်ရခဲ့သည်ဟု ၀င်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်များက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌အလားတူမဖြစ်ရန်၁၀ပါတီမဟာမိတ်အဖွဲ့ကကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊၁၀ပါတီသည်နေရာ၃၀အထိဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောသည်။
“ဒီတကြိမ်တော့ကျနော်တို့မဟာမိတ်အဖွဲ့ကနေရာအများစုအနိုင်ရရေးအတွက်လုပ်နေပါတယ်။တယောက်ပြိုင်တဲ့ နေရာနောက်တယောက်ဝင်မပြိုင်ဘူး။ ကြံ့ဖွံ့ပါတီကို နိုင်ဖို့ မဟာမိတ်အချင်းချင်းကကူညီပေးသွားမယ်” ဟု ၎င်းက ဆိုသည်။
မဟာမိတ်၁၀ပါတီ၌ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊NDF၊ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် (ကရင်) ပါတီ စသည်တို့ ပါဝင်သည်။
၂၀၁၀ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင်မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာ၌ ကြံ့ဖွံ့ပါတီက ၈၈၂ နေရာ အနိုင် ရခဲ့ကြောင်း အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။

Geen opmerkingen: