မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 juli 2011

KIAဌာနချုပ်တွင်စစ်ရေးပြင်ဆင်

သန်းထိုက်ဦး Wednesday, 20 July 2011 18:50
.ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ဌာနချုပ်လိုင်ဇာဒေသကိုအစိုးတပ်များကရက်ပိုင်းအတွင်းဝင် ရောက်တိုက်ခိုက်မည်ဆိုသည့်သတင်းထွက်ပေါ်နေသောကြောင့်မြို့လုံခြုံရေးပို၍တိုးမြင့်ထားသည်ဟု သိရသည်။
                                                 လိုင်ဇာနှင့်တရုတ်နိုင်ငံနယ်စပ်ဂိတ်(ဓာတ်ပုံ - ဧရာဝတီ)
“ဗျူဟာအရ၀င်တိုက်မယ်လို့ကြားတယ်၊ဒါပေမယ့်ကျနော်တို့လည်းစစ်ရေးပြင်ဆင်ထားတယ်” ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနော်အောင်က ဧရာဝတီကို ပြောသည်။
လိုင်ဇာကို လာမည့် ၃ ရက်အတွင်းအစိုးရတပ်များဝင်တိုက်မည်ဟုသတင်းထွက်နေကြောင်း KIAတပ် မဟာ ၄ တာ ၀န်ခံ ဗိုလ်မှူးကြီး ဇော်ရောက ရှင်းပြသည်။
ဤအတောအတွင်းကချင်ဒေသတွင်စစ်အင်အားတိုးချဲ့နေသည့်အစိုးရတပ်အတွက်စစ်ကူများစစ်သင်္ဘော သုံးစီးဖြင့် ဗန်းမော်မြို့သို့ ရောက်လာသည်ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။
လိုင်ဇာရောက်စစ်ပြေးဒုက္ခသည်တချို့ကိုလုံခြုံမှုရှိသောနေရာများသို့ ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လိုသူ KIA တပ်မှူး တဦးက ပြောသည်။
လိုင်ဇာသည် တရုတ်မြန်မာနယ်စပ်တွင် တည်ရှိပြီးKIAအတွက် စီးပွားရေး အချက်အချာကျသည့် မြို့ ဖြစ်သည်။ အနီးတ၀ိုက်တွင် KIAတပ်စခန်းများရှိပြီး၊မြို့ထဲတွင်KIAစစ်သည်များသွားလာနေသည်ကို တွေ့ရသည်ဟု ထိုဒေသသို့ မကြာသေးမီက ရောက်ခဲ့သည့် ဧရာဝတီ သတင်းထောက်က ရှင်းပြသည်။
ကချင်တိုင်းရင်းသား အများစု နေထိုင်ပြီး KIAအုပ်ချုပ်သော လိုင်ဇာတွင် စစ်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာသို့ မည်သို့ မည်ပုံ တိမ်းရှောင် နေထိုင်ရမည်ကို လေ့ကျင့်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့က ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံအဖွဲ့၏ ထုတ်ပြန်သည့် ကြေညာချက်တွင် လိုင်ဇာမြို့၊ မိုးမောက်မြို့ စသည့် ဒေသများတွင် စစ်ပြေး ဒုက္ခသည် ၁၆၀၀၀ ခန့် ရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဖော်ပြထား သည်။
ဒုက္ခသည်များကိုKIAအပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့၊ အဖွဲ့အစည်း တချို့တို့က ကူညီနေသော် လည်း လုံလောက်မှု မရှိဟု ဆိုသည်။
စစ်ဖြစ်ပွားရာ ဒေသရှိအရပ်သားအများအပြားလည်းKIAနှင့် အဆက်အသွယ် ရှိသည့်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး နှိပ်စက်မှုများနှင့် ကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
စနေနေ့ကKIAနှင့်အစိုးရတပ်များအကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအပြီးတွင်အစိုးရတပ်ဘက်မှ ဗိုလ်ကြီးတဦး အပါ အ၀င် တချို့ တပ်သားတချို့ကို ဖမ်းဆီးခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောသည်။
ယင်းတိုက်ပွဲတွင်KIAတပ်ဖွဲ့ဝင်များကအစိုးရဘက်မှလက်နက်တချို့တို့ကိုလည်းသိမ်းဆည်းရမိပြီး အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း သိရသည်။
အစိုးရ တာဝန်ရှိသူများနှင့် KIO ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဇွန်လ ၃၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို နောက်ပိုင်း အပြန်အလှန် စာရေးသား ဆက်သွယ်မှု တချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့်KIAသည်၁၉၉၄တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIAထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်းငြိမ်းချမ်းရေးသဘောတူညီချက်ကို၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Geen opmerkingen: