မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 juli 2011

အငြိမ့်ပြက်လုံးများစင်မတင်ခင်အစစ်ခံရမည်

ဖနိဒါ တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မည်သည့်ပြဇာတ်နှင့်အငြိမ့်မဆိုစင်တင်ကပြဖျော်ဖြေရက်မတိုင်ခင်၃ရက်အလို၌ ပြက်လုံးများနှင့်ဝတ်စားဆင်ယဉ်မှုများအားဝတ်စုံပြည့်အစစ်ဆေးခံရမည်ဟုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌဦးမြင့်သိန်းဖေက ပြောသည်။
အစိုးရဝန်ကြီးဌာနနှင့်အသင်းအဖွဲ့အထိမ်းအမှတ်ဖျော်ဖြေပွဲများသာမကပြဇာတ်၊အငြိမ့်နှင့်ပဒေသာကပွဲများ အားလုံးပါဝင်ပြီး၊ကပွဲများကိုဗီဒီယိုပြန်ထုတ်ပါကဆင်ဆာအဖွဲ့လက်မခံနိုင်သောပြက်လုံးများမပါနိုင်ရန် ကြိုတင်စိစစ်ခြင်း ဖြစ်သည်။
“ကျနော်တို့က၃ရက်၊၄ရက်ကြိုကြည့်မယ်။ပြင်သင့်တာတွေကျနော်တို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်တာပါပဲ။ဆိုင်းငံ့တာမရှိဘူး။အစမ်းကပြတဲ့အခါအဝတ်အစားတွေကြည့်တယ်၊သူတို့ပြောတဲ့ ပြက်လုံးတွေပါကြည့်တယ်။အောက်လုံးတွေပါရင်လက်မခံနိုင်ဘူးလေ။ဒီကြားထဲဆင်ဆာတင်လာတော့မှ ပိတ်လိုက်တယ်ဆိုရင် နစ်နာသွားမှာစိုးလို့ ထုတ်တာပါ” ဟု ဦးမြင့်သိန်းဖေက မဇ္စျိမကို ပြောသည်။
သူကဆက်ပြီး“တချို့မောင်နဲ့ နှမ၊သားနဲ့အမိနားထောင်လို့ မရတဲ့ပြက်လုံးတွေပါလာတယ်။အငြိမ့်တို့က
လေထဲမှာတင်ပျောက်သွားတယ်လေ။ဗီဒီယိုဆိုရင်အရုပ်တွေ၊အသံတွေတောက်လျှောက်ရှိနေမှာလေ။
မြန်မာ့ယဉ်ကျေးမှုအတွက်ပါပဲ”ဟုပြောသည်။ယခင်ကသက်ဆိုင်ရာဆင်ဆာအဖွဲ့ရှေ့တွင်ကပြသည့်အခါ မည်သည့်ငြိစွန်းသည့်စကားလုံးအသုံးအနှုန်းမှမပါသော်လည်းလက်တွေ့ကပြသည့်အခါ အဝတ်အစားကအစ လွဲမှားကာ၊ ပြက်လုံးများလည်း ကြမ်းတမ်းလာသဖြင့် ကန့်သတ်ရသည်ဟု ဆိုသည်။
ညွှန်ကြားချက်အတိုင်း မလိုက်နာသောကြောင့် ယခင်က ဆင်ဆာထိခဲ့သဖြင့် မြောက်မြားစွာ နစ်နာခဲ့မှုများ ရှိသည်ဟုလည်း သူက ပြောသည်။
မြန်မာ့ဇာတ်သဘင်နှင့်ပတ်သက်၍စိစစ်မှုတွင်အဓိကအားဖြင့်ရုပ်ရှင်အစည်းအရုံးသာမကသဘင်၊ဂီတ၊ စာပေစသည့်အစည်းအရုံးမှသက်ဆိုင်ရာလူကြီးများပါဝင်စိစစ်လေ့ရှိကြောင်းမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ စာရေးဆရာ ချစ်ဦးညို အဆိုအရ သိရသည်။
စစ်ဆေးခံယူမှုမရှိဘဲဗီဒီယိုအဖြစ်ရိုက်ကူးထုတ်လုပ်ပြီးနောက်ဆင်ဆာသို့တင်ပြလာသည့်အခါ ညစ်ညမ်းသောအဓိပ္ပာယ်နှစ်ခွဖြစ်သော စကားလုံးများနှင့်ဌာနဆိုင်ရာများကို ဝေဖန်ပုတ်ခတ်ခြင်းများအပြင် မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသောအမြင်မသင့်တော်သည့်ဝတ်စားဆင်ယင်ရိုက်ကူးမှုများ တွေ့ရှိရသည်ကိုရုပ်ရှင်အစည်းအရုံးထုတ်ပြန်ချက်အရသိရကြောင်းဇူလိုင်လ၁၁ ရက်မှ၁၇ရက်နေ့အတွက် ထုတ်ဝေသောTheVoiceဂျာနယ်တွင်ဖော်ပြပါရှိသည်။
ပြဇာတ်များတွင်ပါဝင်သောသရုပ်ဆောင်များမှာကြိုတင်စစ်ဆေးရာ၌ဝတ်စုံပြည့်မဝတ်ခြင်း၊အမျိုးသားဝတ်စုံ
အချို့မှာအမျိုးသမီးသဏ္ဍာန်ကဲ့သို့ဝတ်ဆင်ရာအမြင်မသင့်တော်သဖြင့်ဝတ်စုံများ၊အမူအရာနှင့် အောက်ပိုင်း
ပြက်လုံးများပြောဆိုခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထိုဂျာနယ်တွင် ဖော်ပြထားသည်။
ယခင်က ဇာတ်သဘင်သမားများသည် ခေါင်းပေါင်းအဖြူ၊ အင်္ကျီအဖြူ၊ ပုဆိုးအဖြူရောင်များသာ ဝတ်ဆင်ခဲ့
သော်လည်းယခုခေတ်မင်းသားများဝတ်ဆင်နေသောခေါင်းပေါင်း၊အင်္ကျီ၊ပုဆိုးတို့မှာပန်းရောင် ဝတ်ဆင်နေမှုများကိုအာဏာပိုင်များကမပြုပြင်ဘဲသူတို့ရှေ့မှောက်၌ပွဲမကမီကပြရမည်ဆိုခြင်းအပေါ် လက်မခံနိုင်ကြောင်းမန္တလေးမြို့ရှိ လူရွှင်တော် ဦးပါပါလေးက ပြောသည်။
“လက်မခံဘူး။ကလေးပုခက်တင်တဲ့ပွဲလုပ်မယ်။ဒီကလေးကင်ပွန်းတပ်တာကိုသူတို့ပွဲမရောက်သေးဘဲနဲ့ ကပြရမယ်ဆိုတာကတော့မဖြစ်နိုင်ဘူး။တခြားဆီပဲ။ကဲ…လက်ထက်တဲ့မင်္ဂလာပွဲလက်မထပ်ခင်ကို တဘက်ခါမှလုပ်မယ့်ပွဲကိုယနေ့လိုလက်ထပ်တဲ့အကြောင်းကိုကပြရမှာလား။ဒါတွေကို ဆင်ဆာဖြတ်မယ်ဆိုတော့ကမယ့်ဇာတ်လမ်းကဘာကိုပြရမှန်းလည်းမသိဘဲနဲ့၊သူတို့ရှေ့ ကပြရမယ်ဆိုတော့ လက်မခံဘူး” ဟု သူက ဆိုသည်။
အနည်းဆုံး၃ရက်ကြိုကာဆက်တင်၊မီး၊ဝတ်စုံအပြည့်ဖြင့်အစမ်းကပြပြီးနောက် ပွဲမိန့်ပြန်စောင့်ဆိုင်းနေရသဖြင့်ပွဲတပွဲဖြစ်မြောက်ရန်အတွက်၂ကြိမ်ကျင်းပရသလို ဖြစ်နေသဖြင့် အနည်းဆုံး အချိန်ကြံ့ကြာသည့် အခက်အခဲ ကြုံတွေ့ရသည်ဟု ဒါရိုက်တာ မောင်သီက ပြောသည်။
“အစမ်းကရက်နဲ့ကမယ့်ရက်ကတအားကွာသွားတဲ့အခါကျတော့သရုပ်ဆောင်တွေနဲ့ပြဇာတ်မှာပါတဲ့လူတွေကို အစမ်းလုပ်ရတာကနှစ်ခါတိုက်နေရတာပေါ့။သရုပ်ဆောင်တွေကသူ့အလုပ်နဲ့သူရှိနေတော့ဆင်ဆာ ပြပြီးတာနဲ့ ကခါနီးကျမှပြန်ကရတော့မေ့ကုန်ကြတယ်လေ။၂ခါကပြနေရသလိုဖြစ်နေတယ်၊အရင်ကလို မယုံကြည်ရဘူးဆိုရင် ပါမစ်မချပေးနဲ့ ဒီလိုဆိုရှင်းသွားပြီလေ။ အလုပ်တွေပိုရှုပ်သွားတာပဲ အဖတ်တင်တယ်။ တကယ်လုပ်တဲ့ လူတွေကျတော့ ထိခိုက်သွားတာပေါ့။ ဒုက္ခရောက်တာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။
နိုင်ငံရေး ထိခိုက်သည့် စကားလုံးများ၊ အောက်လုံး ညစ်ညမ်းသည့် စကားလုံးများကို ပုံမှန်အားဖြင့် ဖြုတ်ပေး လိုက်ရပြီး အလုပ်များလာခြင်း၊ အချိန်၊ ငွေကြေးနှင့် လုပ်အားများ ပိုမိုများလာခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဟု ပြောသည်။
ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးခဲ့သောသရုပ်ဆောင်နေတိုး၊ရဲလေး၊ထွန်းထွန်းတို့ ပါဝင် သရုပ်ဆောင်ခဲ့သော “နှင်းဆီသခင်” ဆိုသည့် ပြဇတ်ကပြီးနောက်ပိုင်း ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သူကဆိုသည်။



Geen opmerkingen: