မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 6 juli 2011

၇ရက်ဇူလိုင်

ဦးမျိုး (ဥပဒေ) ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၆ မိနစ် .
မေမေကျွေးတဲ့ထမင်းကိုဗိုက်ကားအောင်မနက်စောစောစားပြီးကျောင်းသွားနေကျ။နေ့လည်စာအတွက်၅ပြားပဲရလို့မနက်စာကိုအဝကြိတ်ပြီးကျောင်းလာတာပါ။ကျောင်းနဲ့အိမ်ကတမိုင်လောက်သွားရတယ်။လမ်းမှာ သူငယ်ချင်းတွေကိုလည်း ဝင်ခေါ်ရသေးတယ်။
သူငယ်ချင်းမောင်တင်အောင်၊မောင်တင်လှနဲ့ကျနော်ဟာရဲသုံးဖော်ပေါ့။ရှေ့ဆုံးတန်းမှာထိုင်တဲ့စံပြ ကျောင်းသားလေးတွေလို့ဆိုရပါမယ်။ကျနော်တို့သုံးယောက်ကစာမေးပွဲဆိုပထမ၊ဒုတိယ၊တတိယ၃ နေရာစလုံးယူပြီးအောင်မြင်နေကျ။ကျောင်းတက်တရက်မှအပျက်မခံ။နေမကောင်းလည်းကျောင်းက တက်လိုက်သေး။ အဲဒီလိုကျောင်းချစ်၊ကျောင်းစွဲ၊ကျောင်းပျက် မခံရဲသူတွေ။ အဲဒီလိုထဲကမှ နေ့တနေ့ကို
ကောင်းကောင်းကြီး မှတ်မိနေတယ်။
“ဟေ့ကောင်… ငပု၊မင်းကျောင်းမသွားနဲ့တော့။ ဒီနေ့ ကျောင်းပိတ်တယ်”
ကျနော်တို့ သူငယ်ချင်း ၃ ယောက်စလုံးက “ ကျောင်းသွားမယ်” လို့ ပြိုင်တူ အော်ပစ်လိုက်တယ်။
“တက္ကသိုလ်ဒို့ကျောင်းတနေရာအုတ်မြစ်စုလျက်ပုံလျက်နေပြန်တာ”အစချီတဲ့သမဂ္ဂသီချင်းတပုဒ်ကိုစဆိုပါတော့တယ်။ အိမ်မှာမမဆိုတဲ့”တဝဂူ”သီချင်းအလိုက်အတိုင်းဆိုသံကိုကြားနေကျမို့ပိုလို့ကောင်းနေပါ တယ်။ကျနော့်ဘေးကအကိုကဗျာဆရာကငိုပါလေရောလား။တခြား ကျောင်းသူကျောင်းသားတွေလည်း ငိုနေကြပြီလေ။
“မသွားပါနဲ့ညီလေးတို့ရာ။ဒီနေ့ဟာဆဲဗင်းဇူလိုင်နေ့လေ။တက္ကသိုလ်က ငါတို့ ကျောင်းသား အကိုကြီးတွေကို
နေဝင်း စစ်တပ်က ပစ်သတ်လို့ ကျောင်းသား တရာကျော်သေတဲ့နေ့လေ။ ငါတို့နဲ့အတူ လိုက်ခဲ့ပါကွာ”
တောင်းတောင်းပန်ပန်ချော့ခေါ်နေသူတွေအထဲမှာကျနော့် အကိုဝမ်းကွဲတွေ၊ အမဝမ်းကွဲတွေ ပါနေပါတယ်။
အကိုတွေ၊အမတွေကကျနော့်နားကပ်လာပြီးချီပါလေရောလား။သူငယ်ချင်း၂ယောက်က ပါးစပ်အဟောင်းသားနဲ့ကျနော့်ကိုငေးကြည့်နေကြတယ်။ကျနော်ကရုန်းကန်ပြီးအကို့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီးသူငယ်ချင်းတွေဆီထွက်ပြေးတယ်။အကိုတွေ၊အမတွေကကျနော်တို့ကို လိုက်ခေါ်ပါတယ်။
ဆရာမ ဒေါ်ခင်ကြီးက ပြန်ကြမယ်လေ ပြောမှ ကျနော်တို့ အိမ်ဘက်ကို မျက်နှာမူပါတော့တယ်။ ကျနော်တို့ အဲဒီနေ့က ကျောင်းမတက်ခဲ့ပါ။
ကျနော်တို့မူလတန်းကျောင်းနှင့်အိမ်အကြားတွင်အထက်တန်းကျောင်းရှိနေတယ်။ရွာထဲဖြစ်လို့ ကျောင်းရှေ့မှာလူတွေအများကြီးစုဝေးနေကြတယ်။ကျောင်းသားတွေချည်းမဟုတ်။လူထုတွေပါ လာကြတယ်။ ဘာဖြစ်ပါလိမ့်ပေါ့။ ကျနော်တို့ သွားကြည့်ပါတယ်။
ခဏနေတော့ သီချင်းသံ အကျယ်ကြီးထွက်လာတယ်။ ဟော … မမမိငယ်အသံပါလား။ ကိုယ့်အိမ်မှာ နေတဲ့ ကိုယ့်အမကြောင့်ပြောတာမဟုတ်ပါ။မမမိငယ်မှာရုပ်ရှင်မင်းသမီးတွေထက်ချောလှပြီး၊ အသံလည်း အင်မတန်သာယာပါတယ်။“တက္ကသိုလ် ဒို့ကျောင်းတနေရာ အုတ်မြစ် စုလျက်ပုံလျက်နေပြန်တာ” အစချီတဲ့ သမဂ္ဂသီချင်းတပုဒ်ကိုစဆိုပါတော့တယ်။အိမ်မှာမမဆိုတဲ့“တဝဂူ”သီချင်းအလိုက်အတိုင်း ဆိုသံကို ကြားနေကျမို့ ပိုလို့ ကောင်းနေပါတယ်။ ကျနော့်ဘေးက အကို ကဗျာဆရာက ငိုပါလေရောလား။
တခြားကျောင်းသူကျောင်းသားတွေလည်းငိုနေကြပြီလေ။ကျနော့်မှာရှိုက်လို့သာနေပါတော့တယ်။ ရင်ဘတ်မှာနှင်းဆီပန်းအနီတွေနဲ့ချည်းကျောင်းသားကြီးတွေငိုနေလေပြီလေ။ကျနော် တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတွေကို မှတ်မှတ်ထင်ထင် ပြောပြဖြစ်ခဲ့ပါတယ်။ ကျနော့် ဘဝ အစပါ။
၁၉၆၂ ဇူလိုင်၇ရက်ကိုသစ်ပုတ်ပင်အောက်ထိုင်ရင်း သူငယ်ချင်းတွေနဲ့ စကားဝိုင်း ဖွဲ့ဖြစ်ကြတယ်။ အဲဒီနေ့က တက္ကသိုလ် ရွှေရတုသဘင် (၁၉၇ဝ)ကျင်းပနေတဲ့ ဒုတိယနေ့ပါ။ ကျနော်တို့ ဒီအတိုင်း ထိုင်နေကြမလားပေါ့။ ဘာလုပ်ကြမလဲဆွေးနွေးနေစဉ်မှာမော်လမြိုင်ကောလိပ်ကကျောင်းသားတွေဆန္ဒပြကုန်ပြီလို့ချက်ချင်း သတင်းရောက်လာပါတယ်။ရန်ကုန်ကျောင်းသားကြီးများနောက်ကျသွားလေပြီ။တက္ကသိုလ် ကောလိပ်ကျောင်းတွေပိတ်ကြောင်းချက်ချင်းကြေညာပါတယ်။ကျောင်းတွေပိတ်၊လူစုခွဲတဲ့နည်းကို ဖက်ဆစ်နေဝင်းတသက်လုံး ကျင့်သုံးခဲ့တယ်။ အဲဒီနေ့ညမှာပဲ လှည်းတန်းအဝိုင်းကြီးကို စဖျက်ပါတော့တယ်။ မဟာဝိဇ္ဇာ တက်နေတဲ့ တက္ကသိုလ်ကျောင်းသား အကိုကြီးက သမိုင်းကို သူကြုံခဲ့ရတဲ့အတိုင်း ကျနော်တို့ကို ရှင်းပြပါတယ်။
တက္ကသိုလ်ကျောင်းဝန်းရံထားတဲ့သံတိုင်တွေ၊ကျည်ဆံမှန်ထားတဲ့ဒဏ်ရာတွေကိုတချောင်းချင်း လိုက်ပြပါတယ်။သံတိုင်တချောင်းကိုကျည်တဝက်မှန်ထားပေမယ့်ကျိုးမသွားပါ။သံတိုင်ပေါင်းရာချီမက တွေ့ရပါတယ်။ အမှတ်အသား သက်သေခံချက်ကြီးတွေပါလား။
ကျနော်စစ်ကိုင်းဆောင်နဲ့ အင်းဝဆောင်မှာနေခဲ့ဖူးပါတယ်။အဓိပတိလမ်းဝင်တိုင်းမုခ်ဦးအုတ်တိုင်ပေါ်က ကျည်ဆံရာတွေနဲ့သမဂ္ဂအဆောက်အအုံဝင်းကြီးကိုအမြဲသတိထားမိပါတယ်။ဦးသန့်အရေးအခင်း ရောက်တော့မှသမဂ္ဂ အလံတိုင်ကို သေသေချာချာပွတ်သပ်လေ့လာဖူးပါတယ်။ အလံတိုင်မှာ ခြကိုက်ပိုးထိုး ဖြစ်နေပါပြီ။၁၉၇ဝခုနှစ်တက္ကသိုလ်ရွှေရတုသဘင်ကာလကသမိုင်းဝင်ဖြစ်ရပ်ဓာတ်ပုံများစာအုပ်ကို သေသေချာချာ တွေ့မြင်ဖူးပါတယ်။ ကျွန်းပြန် ကျောင်းသားရဲဘော်ကြီးတဦးက ပြသလို့ မြင်ဖူးလိုက်တာပါ။
ကျနော်၁၉၇၄၊၇၅ခုနှစ်ဇွန်၆အထွေထွေအလုပ်သမားသပိတ်ကြောင့်ထောင်ဒဏ်၇နှစ်ကျပြီး ပြန်ထွက်လာချိန်မှာတော့မူလတန်းကျောင်းသားဘဝကကျောင်းတက်ချင်လွန်းတဲ့ကျနော်မှာ ကျောင်းကိုပြန်လှည့်မကြည့်ချင်တော့ပါ။ဒါပေမဲ့ထောင်ကထွက်တဲ့နေ့မှာဆရာဖြစ်သူဖခင်ကြီးရဲ့ ကျုံးသွင်းကောင်းမှုကြောင့် ဘွဲ့ရခဲ့တယ်။
ကျနော် အင်းဝဆောင်နေတုန်း အကိုကြီးတဦးတက္ကသိုလ်ဆေးရုံ လာတက်တာကို အကြောင်းပြုပြီး၊ ရန်ကုန်
ကျောင်းသားသမဂ္ဂနှင့်တကသကျောင်းသားခေါင်းဆောင်ရဲဘော်ကြီးဦးဥာဏ်ဝင်းကို ဦးချစ်လက်ဖက်ရည်ဆိုင်တွင်စကားပြောဖူးပါတယ်။ကျနော်တို့မျက်နှာကိုသေသေချာချာကြည့်ပြီး အင်မတန် ဂရုဏာသက်တဲ့ အကြည့်နဲ့ စကား ချိုချိုသာသာ ပြောပြတာကို ကျနော့်တသက် မမေ့ပါ။
ကျောင်းဝင်းထဲကိုဒီတကြိမ်ပဲပြန်ရောက်တာပါတဲ့။နောက်လာဖြစ်မှာမဟုတ်တော့ဘူးလို့ပြောပြီး ပြန်သွားပါတယ်။အကိုကြီးရဲ့သဏ္ဍာန်ကိုပြန်သွားတဲ့အထိလိုက်ကြည့်နေမိပါတယ်။အင်မတန် ကြည်ညိုလေးစားစရာကောင်းပါတယ်။နောက်တော့ကိုဥာဏ်ဝင်းနဲ့ကိုတင်မောင်ဝင်းတို့ညီအကို နှစ်ယောက်စလုံးတော်လှန်ရေးတနေရာမှာတာဝန်ပြီးဆုံးသွားပြီလို့သိလိုက်ရပါတယ်။ကျနော့်မှာကိုရဲဝင်းရဲ့ သူငယ်ချင်းရဲဘော်ဖြစ်လို့ကတကြောင်း၊ကိုယ့်ကျောင်းသားနောင်တော်ရဲဘော်ကြီးတွေဖြစ်လို့က တကြောင်းမို့လို့ မျက်ရည်ကျမိပါတယ်။ အကိုကြီးတွေ မရှိကြတော့ပြီ။
အင်းစိန်ထောင်ထဲ ညီလေး (ရခိုင်လို ညီချေ)လို့ တမြင်ကပင် လှမ်းအော်နေတဲ့ အကိုကြီး ကိုသန်းရွှေလည်း
ထောင်ထဲမှာ အသတ်ခံလိုက်ရတယ်။ သေဆုံးသွားပြီဖြစ်တဲ့ ရဲဘော်ကြီးတွေ မနည်းတော့ပြီ။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ အာရုံကား ကျနော်တို့မှာ အသွေးအသား ဖြစ်ကျန်ရစ်ပါပြီ။ အကိုကြီးတွေ မသေပါ။
ကျနော်၁၉၇၄၊၇၅ ခုနှစ်ဇွန်၆အထွေထွေ အလုပ်သမားသပိတ်ကြောင့်ထောင်ဒဏ်၇နှစ်ကျပြီး ပြန်ထွက်လာချိန်မှာတော့ မူလတန်းကျောင်းသားဘဝက ကျောင်းတက်ချင်လွန်းတဲ့ ကျနော်မှာကျောင်းကို ပြန်လှည့်မကြည့်ချင်တော့ပါ။ဒါပေမဲ့ထောင်ကထွက်တဲ့နေ့မှာဆရာဖြစ်သူဖခင်ကြီးရဲ့ ကျုံးသွင်းကောင်းမှုကြောင့် ဘွဲ့ရခဲ့တယ်။ တက္ကသိုလ် ကျောင်းဝင်း ပြန်ရောက်တိုင်း နဂိုအတိုင်း သွေးသား
ပြန်ပေါ်ပါတယ်။
၁၉၈၈ခုနှစ်တက္ကသိုလ်ကျောင်းဝင်းပြန်ရောက်ဖြစ်ပါတယ်။၈လေးလုံးရောက်ပါပြီ။နဂို အသွေးအသား အတိုင်းနုပျိုမြစ်ဆဲ၊လန်းဆန်းဆဲပါ။တူ၊တူမအရွယ်ကိုပင်ညီလေး၊ ညီမလေး ခေါ်ပြီး ကျနော်တို့ နုပျိုနေကြပြီ။ ဘာလိုသေးလို့လဲ။ ရဲဘော်တွေ ကျနော်တို့နဲ့အတူ ရှိပြီ။



Geen opmerkingen: