မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 13 juli 2011

အီကိုလိုင်ပိုးမြန်မာပြည်တွင်တွေ့ရှိ

ဟိန်းဇော် Wednesday, 13 July 2011 16:21
.ဥရောပတွင်အန္တရာယ်အကြီးအကျယ်ပေးနေသည့်အီကိုလိုင်(E.Coli)ဗက်တီးရီးယားပိုးကိုမြန်မာနိုင်ငံ တွင်လည်းမကြာသေးမီကတွေ့ရှိရကြောင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှတာဝန်ရှိသူတဦးက ပြောသည်။
သို့သော်လည်းအီကိုလိုင်ပိုး၅မျိုးရှိသည့်အနက်မြန်မာပြည်တွင်တွေ့သည့်ပိုးမှာလူ့အသက်ကိုအန္တရာယ် ပေးစေနိုင်သောEnteroharmorrhagicEscherichiaColi(EHEC)အမျိုးအစားမဟုတ်ကြောင်းသူက ပြောသည်။
“EHECအမျိုးအစားတော့မဟုတ်ဘူး။အဲဒီပိုး မပေါက်ပွားအောင်တော့ အစားသောက်တွေ အသီးအနှံတွေကို သေချာဆေးကြောဖို့တော့လိုအပ်တယ်”ဟုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်လင်းက ဆိုသည်။
၎င်းတို့၏ ဌာနက စားသောက်ဆိုင်များကို သွားရောက် စစ်ဆေးရာမှ အစားအစာ တချို့တွင် အီကိုလိုင်ပိုး စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အီကိုလိုင်ကြောင့်ရောဂါဖြစ်ခြင်းကိုကာကွယ်ရန်စိုက်ပျိုးမွေးမြူရေးခြံ၊သားသတ်ရုံတို့မှဝန်ထမ်းများကို လုပ်ငန်းခွင်အတွင်းသန့်ရှင်းစွာကိုင်တွယ်၊ဆောင်ရွက်နည်းများပညာပေးရန်လိုအပ်ကြောင်း ဒေါက်တာကျော်လင်းက ရှင်းပြသည်။
အများပြည်သူလည်းအီကိုလိုင်ပိုးကူးစက်မှုအကြောင်းသိရှိရန်အရေးကြီးသည်ဟုရန်ကုန်မြို့ရှိအထွေထွေ ရောဂါ အထူးကု ဆရာဝန်တဦးက ဆိုသည်။
“အဲဒီလိုဖြစ်တယ်ဆို ကျန်းမာရေး ဦးစီးဌာန အနေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တာကိုတော့ သိအောင် ပညာပေးသင့်တယ်။ဒီပိုးကဝမ်းလျှောတာ၊ဝမ်းကိုက်တာ၊အစာအဆိပ်သင့်တာ စတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်။အသားစိမ်းငါးစိမ်းတွေ၊နွားနို့အစိမ်းတွေကနေတဆင့်ရောဂါများရနိုင်တယ်”ဟု ထိုဆရာဝန်က ပြောသည်။
အီကိုလိုင်ကြောင့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံ တို့တွင် မကြာသေးမီက လူ ၅၀ နီးပါး အထိ သေဆုံးခဲ့ရသည်။
သို့သော်လည်း မြန်မာပြည်သူ အများစု အတွက် အီကိုလိုင်က အသစ်အဆန်း ဖြစ်နေသည်။
“ကျမတို့တွေကတော့အီကိုလိုင်ဆိုတဲ့ပိုးလည်းမကြားဖူးဘူး။ဘယ်ကနေစဖြစ်တယ်ဆိုတာလည်းတိတိကျကျ မသိဘူး။ ရောဂါတွေကလည်း ဝက်နားရွက်ပြာ ဖြစ်လိုက်၊ စုံနေတာပဲ။ ဘယ်အစားအစာ စားရမလဲတောင် မသိဘူး” ဟု ဗိုလ်တထောင်မြို့နယ်ရှိ အိမ်ရှင်မ တဦးက ဆိုသည်။
လူ့အသက်ကို အန္တရာယ်ပေးစေနိုင်သောEHECအမျိုးအစား အီကိုလိုင်ကြောင့် ကြွက်တက်ခြင်း၊ ဖျားနာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ တခါတရံ သွေးဝမ်းသွားခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။
တခြားသောအီကိုလိုင်ပိုး၎မျိုးမှာEnteropathogenicEscherichiaColi(EPEC),Entertoxaegenic EscherichiaColi(ETEC),Enteroaggregative Escherichia Coli (EAEC), Enteroinvasive Escherichia Coli (EIEC) တို့ ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: