မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 juli 2011

မြဝတီကြံ့ဖွံ့ရုံးအနီးဗုံးကွဲ

ဧရာဝတီ Monday, 11 July 2011 16:31
.ထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့ရှိအမှတ်၎ရပ်ကွက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ရုံးအနီးတွင် ယမန်နေ့ညက ဗုံးတလုံး ပေါက်ကွဲ ခဲ့သည်။

မြဝတီမြို့ည၈နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့သည့်ယင်းပေါက်ကွဲမှုကြောင့်အဆောက်အဦးအနည်းငယ် ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးခြင်းမရှိဟု မြတီမြို့ခံ အစိုးရ၀န်ထမ်းတဦးက ပြောသည်။
၎င်းက“မနေ့ညကပေါက်တာဟုတ်တယ်။အမှတ်၎ရပ်ကွက်မှာရှိတဲ့ပြည်ခိုင်ဖြိုးရုံးနားမှာပေါက်တာ။ ကွဲတဲ့အသံကိုတမြို့လုံးကြားရတယ်။တမြို့လုံးထိပ်လန့်တာတွေရှိနေပေမယ့်မြို့ထဲမှာတော့အားလုံး ပုံမှန်အတိုင်း သွားလာနေကြတယ်” ဟု ပြောသည်။
ပေါက်ကွဲမှုနှင့်ပတ်သက်၍မည်သည့်အဖွဲ့၏လက်ချက်ဖြစ်ကြောင်းကိုမူမသိရှိရသေးသော်လည်း တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)မှဗိုလ်နှုတ်ခမ်းမွှေး၏ခွဲထွက်အဖွဲ့ လက်ချက်ဖြစ်သည်ဟု အထက်လူကြီးများက စွပ်စွဲနေကြောင်း အဆိုပါ မြို့ခံ အစိုးရ၀န်ထမ်းက ဆိုသည်။
ယင်းစွပ်စွဲမှုနှင့်ပတ်သက်၍ DKBAတပ်မဟာ(၅)မှစစ်ဆင်ရေးမှူးဗိုလ်မှူးစန်းအောင်က“သူတို့ကို တိုက်နေကြတာ DKBAတဖွဲ့တည်း မဟုတ်ဘူး။ နယ်စပ်မှာဖြစ်လိုက်ရင် DKBAလို့ ပြောတာက နိုင်ငံရေးအရ ထိုးနှက်ချက်ပဲ။လူထုကိုယုန်ထင်ကြောင်ထင်ဖြစ်အောင်လုပ်တာပဲ။မြန်မာနိုင်ငံမှာကွဲလိုက်တဲ့ဗုံးတွေတခါမှ လက်သည်မပေါ်ဘူး။သူတို့လုပ်ရပ်တွေကတော်လှန်ရေးအဖွဲ့အစည်းတွေကိုအကွက်ကျကျ သိက္ခာချဖို့ပဲဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နှစ်နှင့် ယခုနှစ်ကာလအတွင်း မြ၀တီခရိုင်တွင် ဗုံးပေါက်ပွဲမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ လူတချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အစိုးရအနေဖြင့် ယနေ့အထိ တရားခံလက်သည် အမှုမှန်ကို ဖော်ထုတ်နိုင် ခြင်းမရှိဘဲ နယ်စပ်အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ပြည်ပအခြေစိုက် မြန်မာအဖွဲ့အစည်းများကိုသာ စွပ်စွဲလေ့ရှိသည်။

Geen opmerkingen: